Tuesday, February 24, 2015

သိန်းနီမြို့ နယ် ပန်းနားကျေးရွာအနီး ပြည်သူများထံထောက်ပံ့သည့် တပ်မတော် ယာဉ်တန်းကို ကိုးကန့်သောင်းကျန်းသူတပ်ဖွဲ့က တိုက်ခိုက်၊ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်

 
Tuesday, February 24, 2015

ရှမ်းပြည် နယ်မြောက်ပိုင်း သိန်းနီမြို့နယ် ပန်းနားကျေးရွာအနီးတွင် ကိုးကန့်ဒေသ ခံပြည်သူများထံ ပို့ဆောင် မည့်ထောက် ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် တပ်မတော်ထောက် ပံ့ရေးယာဉ်တန်းအား သောင်း ကျန်းသူအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့ထွက်ပြေး တိမ်းရှောင် လာကြ ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲမှာ ဖေဖော်ဝါရီ ၂၁ရက် နံနက် ၁ဝနာရီခန့်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး သိန်းနီမြို့မှ ကွမ်း လုံမြို့သို့ သွားလာသည့် လမ်းမကြီး ပေါ် တွင် သွားလာနေသည့် တပ်မတော်ထောက်ပံ့ရေးယာဉ်တန်းအား သောင်း ကျန်းသူတစ်စုက ချောင်းမြောင်းပစ်ခတ်ရာမှ တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် တပ်မတော်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တပ်မတော်မှ အရာရှိတစ်ဦးက ''တပ်မတော်ကိုပြည်သူလူထုက လှူတဲ့အထောက်အပံ့ပစ္စည်းတွေကို စုစည်း ပြီး ဒေသခံတွေ၊ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေနဲ့ ကုန်းကြမ်းဘက်မှာရှိတဲ့ ဝန်ထမ်း တွေကို ပို့ဖို့သွားတဲ့ယာဉ်တန်းကို သောင်းကျန်းသူတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်တာပါ''ဟု အတည်ပြု ပြောသည်။
သိန်းနီမြို့သည် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြို့နယ် နှစ်ခုသာခြားသည့် ရှမ်းပြည်နယ် မြောက် ပိုင်း ဒေသရှိ မြို့နယ်တစ်ခုဖြစ် ပြီး ကိုးကန့်ဒေသတိုက်ပွဲများ စတင် ဖြစ်ပွားသည့်အချိန်မှ ယခုအချိန်ထိ အဆိုပါဒေသတွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့်တိုက်ပွဲဟု ဒေသခံများက ပြောကြား ချက်အရသိရသည်။
နမ့်ပံရွာသစ်မှ ဒေသခံဖြစ်သူ အသက် ၆ဝနှစ်အရွယ် ဒေါ်လင်းက ''မနက် ၁ဝနာရီလောက်ဖြစ်တာပါ။ တိုက်ပွဲတွေဖြစ်တော့ ကြောက် လန့် ပြီး ထွက်ပြေးလာတာပါ။ တစ်ခါမှ ဒီနားမှာ မဖြစ်ဖူး ပါဘူး။ နောက်ရွာ နားက ကြံခင်းတွေကိုလဲ မီးရှို့သွား ကြတယ်။ အခုတော့ ဘယ်သွားလို့ သွားရမယ်ကို မသိသေးပါဘူး။ ပြေးမိ ပြေးရာ ပြေးလာတာပါ''ဟု ပြောသည်။ အဆိုပါတိုက်ပွဲမှာ ခေတ္တမျှ သာ အချိန်ကြာသော်လည်း သေနတ်သံ များကိုကြားခြင်းကြောင့် ဒေသခံများ မှာ ကြောက်လန့်ပြီးထွက်ပြေး တိမ်း ရှောင်လာကြခြင်းဖြစ်သည်။
နမ့်ပံရွာသစ်မှ ဒေသခံတစ်ဦး က ''ကျွန်တော်တို့ကြောက်တာနဲ့ အိမ်ထဲမှာပဲ ပုန်းနေတာပါ။ အိမ်က သံတံခါးတွေတောင် ပေါက်ကုန်တယ်။ သေနတ်သံတွေကြားပြီး အကုန်လုံးပြေးတဲ့သူကပြေး အိမ်ထဲ တွေမှာ တံခါးပိတ်နေတဲ့သူတွေက နေနဲ့ပါ။ အားလုံးပြီးမှ ထွက်ကြည့် လိုက်တော့ တချို့အိမ်တွေက အ ပေါက်တွေ၊ တချို့အိမ်တွေက နံရံ တွေ ပေါက်ကုန်တယ်''ဟု ပြောသည်။
အဆိုပါကျေးရွာတွင် နှစ်ဖက် တိုက်ခိုက်မှုများကြောင့် အိမ်အချို့ မှာ ကျည်ဆန်အချို့ ထိမှန်ခဲ့သော် လည်း ကျေးရွာသူ၊ ကျေးရွာသား တစ် ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရ ရှိမှု မရှိခဲ့ ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး အဆိုပါ ကျေးရွာမှ ဒေသခံတစ်ဦးက ''ကျွန် တော်ဒီမှာနေလာတာ ငါးနှစ်ရှိပါပြီ။ တစ်ခါမှ အခုလိုမဖြစ်ဖူးပါဘူး။ အဲဒါ ကြောင့် ကြောက်လန့်ပြီးထွက်ပြေး လာတာပါ''ဟု ပြောခဲ့ သည်။ အဆိုပါကျေးရွာတွင် အိမ်ထောင်စု ရဝကျော် ရှိသော်လည်းအချို့သာ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင် ကြခြင်းဖြစ်ပြီး အချို့မှာ မိမိတို့အိမ်များတွင်သာ နေထိုင်နေကြပြီး ကြောက်လန့်မှုများရှိနေသေးကြောင်း သိရသည်။
တိုက်ပွဲကြောင့် အဆိုပါလမ်း ကြောင်း တစ်လျှောက် သွားလာမည့် ယာဉ်များမှ နှစ်နာရီခန့်ရပ်တန့်ကာ တိုက်ပွဲပြီးဆုံးသည် အထိ စောင့်ဆိုင်း ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တပ်မတော်မှရှင်းလင်းနေသည့် ကိုးကန့် တိမ်းရှောင်အဖွဲ့များအနေဖြင့် ရှမ်း ပြည်နယ်မြောက်ပိုင်းရှိ ကွမ်းလုံ၊ သိန်း နီ၊ လားရှိုးဒေသများတွင် စိမ့်ဝင် နေ ခြင်းတို့ကြောင့် ဒေသမလုံခြုံတော့ မည်ကို ဒေသခံများက စိုးရိမ်နေကြ ခြင်းဖြစ်သည်။
''ကိုးကန့်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေကတည်းက ဒီဘက်ကလူတွေ လဲ အထုပ်ပြင်ထားကြတာ။ အခုဒီ မှာလဲ ပစ်ကြခတ်ကြတော့ ဘယ်လို တွေဖြစ်လာဦးမလဲ မသိဘူး။ အားလုံး ကတော့ စိုးရိမ် နေကြတယ်'' ဟု သိန်း နီမြို့တွင်နေထိုင်သူ ဦးစိုင်းလင်းက ပြော သည်။
YM,AA
Democracytoday

No comments: