Monday, January 27, 2014

တစ်နိုင်ငံလုံးအပစ်ရပ်ရေး မတ်လ လက်မှတ်ထိုးမည်


Monday, January 27, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် အပြီးသတ်သဘောတူညီမှုအား မတ်လတွင် လတ်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားသည်ဟု အစိုးရငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ၏ လုပ်ငန်းအဖွဲ့မှ အကြီးတန်းအရာရှိ ဦးလှမောင် ရွှေက မဇ္ဈိမသို့ ပြောသည်။

အပြီးသတ်လတ်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များအကြား မူကြမ်းများအပေါ် နှစ်ဖက် သဘောတူရန် ဆွေးနွေးမှု အပြီးသတ်အဖြစ် နှစ်ကြိမ်နှင့် သုံးကြိမ်ကြား ထပ်မံတွေ့ဆုံဦးမည်ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။

“အခုမူကြမ်းတွေက အားလုံးနီးပါး ညှိနှိုင်းလို့ရပြီလို့ ပြောနိုင်တယ်၊ လော်ခီးလာဆွေးနွေးပွဲက အဖြေအ သေးစိတ်ကို ထပ်ဆွေးနွေးရအောင် ဒီလကုန်လောက်မှာ တွေ့ဖို့စီစဉ်နေတယ်၊ ပြီးရင် ရန်ကုန်မှာ တစ် ကြိမ်တွေ့မယ်၊ ပြီးရင်တော့ ဖေဖော်ဝါရီလထဲမှာ အစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီနဲ့ ဘားအံမှာ ထပ်တွေ့မယ်၊ မတ်လမှာတော့ နေပြည်တော်မှာ လက်မှတ်ထိုးနိုင်ဖို့ ရည်ရွယ်ထားတယ်၊ စီစဉ်နေပါတယ်”ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်ကမူ အစိုးရနှင့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ် စဲရေးစာချုပ်တွင် ဘယ်အချိန် လက်မှတ်ထိုးနိုင်မည်ဆိုသည်ကို အတည်မပြုသေးပေ။ လက်ရှိတွင် တိုင်း ရင်းသာများဘက်မှ အပစ်ရပ်ရေးစာချုပ်မူကြမ်းမှာ အချောထွက်ရုံအဆင့်သာရှိနေပြီး တစ်နိုင်ငံလုံးဆိုင် ရာအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ NCCT အနေဖြင့် အစိုးရနှင့် ပြန်ညှိရမည် ဖြစ်သည်။ အစိုးရဘက်က ပြင်ဆင်ရန်တောင်းဆိုလာလျှင် ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညီလာ ခံတစ်ခုကို ထပ်မံခေါ်ပြီး ပြန်လည်ပြင်ဆင်ညှိနှိုင်းရဦးမည်မို့ လက်မှတ်ထိုးမည့်အချိန်ကို အတည်မပြုနိုင် သေးဟု ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံ တက်ရောက်လာသော တိုင်းရင်းသားခေါင်းဆောင်အချို့ က ဆိုသည်။

ချင်းအမျိုးသားတပ်ဦး(CNF) မှ အတွင်းရေးမှူး ဆလိုင်းလျန်မှုန်းဆားခေါင်က “ကျွန်တော်တို့အနေနဲ့ မိုးမ ကျခင်လောက်တော့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးဖြစ်နိုင်မယ်လို့ ထင်ပါတယ်”ဟု ပြော သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးသို့ သွားနိုင်ရန် တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်များမှ ပထမအကြိမ် ညီလာခံကို လိုင်ဇာတွင် ကျင်းပဆွေးနွေးမှုများ ပြုလုပ်ကာ NCCT ဖွဲ့ စည်းပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူဘောင်ရေးဆွဲရန် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ 

ဒုတိယအကြိမ် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များညီလာခံကိုမူ ဇန်န၀ါရီ ၂၀ ရက်မှ ၂၅ ရက်အထိ ကရင်ပြည်နယ်၊ KNU နယ်မြေ တပ်မဟာ(၅)၊ လေးဝါး (ခေါ်) လော်ခီးလာတပ်စခန်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များ၊ အစိုးရဘက်မှ ဖိတ်ကြားထားသူများ၊ မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် စသည်တို့မှ ကိုယ်စားလှယ်စုစုပေါင်း ၁၆၀ ဦးတို့ ဆွေးနွေးခဲ့ကြ ရာ NCCT မှ မူကြမ်းကို အပြီးသတ် သဘောတူညီနိုင်ခဲ့သည်။

လော်ခီးလာညီလာခံ အပြီးသတ်ထုတ်ပြန်ချက် မူကြမ်းအပေါ်တွင် တက်ရောက်လာသော တိုင်းရင်းသား ၁၇ ဖွဲ့ထဲမှ ၁၆ ဖွဲ့က သဘောတူလက်မှတ်ထိုးခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA မှာ စာ ချုပ်မူကြမ်းကို အတည်ပြုသော်လည်း လက်မှတ်ရေးထိုးခြင်းမရှိခဲ့ပေ။ ထို့ပြင် “၀” ပြည် သွေးစည်းညီ ညွတ်ရေးတပ်မတော် (UWSA)နှင့် မိုင်းလားတပ်ဖွဲ့ စသည့် အဖွဲ့အစည်းများ ညီလာခံသို့ လာရောက် ဆွေးနွေးခြင်း မရှိခဲ့ပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးလှမောင်ရွှေက “ရှမ်းဘက်က ဒီအဖွဲ့တွေမှာ “၀” နဲ့ မိုင်းလားက အပစ်ရပ် ပြီးသားလေ၊ RCSS အပါအ၀င် တပ်ဖွဲ့တွေက အစိုးရဘက်ကို နေပြည်တော် လတ်မှတ်ရေးထိုးပွဲမှာ လာ ဖို့ သတင်းစကားပေးပြီးသားပါ”ဟု သုံးသပ်ပြောဆိုသည်။

Mizzima 

No comments: