Tuesday, January 28, 2014
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Dr. Jim Yong Kim ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ကူညီ ထောက်ပံ့ ပေးနေမှု၊ ကမ္ဘာ့ဘဏ်မှ ကူညီထောက်ပံ့မှု များသည် မြန်မာပြည်သူများ အတွက် များစွာ အထောက်အကူ ပြုမှု၊ လာမည့်သုံးနှစ်တာ ကာလအတွင်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား အမေရိကန် ဒေါ်လာသန်း ၂ဝဝဝ ထောက်ပံ့ ပေးမည်ဖြစ်ပြီး နောင်တွင် ယခုထက် ပိုမိုကူညီ ထောက်ပံ့သွားရန် စီစဉ်ထားရှိမှု၊ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၌ စွမ်းအင်၊ ကျန်း မာရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အလေးထား ပူးပေါင်း ဆောင်ရွက်ရန် စီစဉ် ထားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။
ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ဦးခင်မောင် စိုး၊ ဒေါက်တာ ဖေသက်ခင်၊ ဦးဝင်း ရှိန်၊ ဒေါက်တာ ကံဇော်၊ မြန်မာ နိုင်ငံတော် ဗဟို ဘဏ် ဥက္ကဋ္ဌ ဦးကျော် ကျော်မောင်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ Mr. Axel Frans Boudewijn Van Trotsenburg၊ အပြည်ပြည် ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) ဒုတိယ ဥက္ကဋ္ဌ Ms. Karin Margaret Finkelston နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြ၀တီ
No comments:
Post a Comment