Monday, June 30, 2014

ၾသစေတးလ် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်


Monday, June 30, 2014

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို ဒီသီတင်းပတ်အတွင်း လာရောက်မှာ ဖြစ်ပါတယ်။

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် သြစတေးလျ က အားပေးထောက်ခံ နေကြောင်း ထပ်မံအတည်ပြုပြောကြားမှာဖြစ်သလို၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးလမ်းစ ရှာဖွေရာမှာ နဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေကြောင့် လုံခြုံရေး နဲ့ လူသားချင်းစာနာကူညီမှုတွေ အတွက် သြစတေးလျ ရဲ့ အရေးပါတဲ့နေရာ တွေအကြောင်း ဆွေးနွေးပြောဆိုမယ်လို့ သိရပါတယ်။

ဒါ့ပြင် ပညာရေး၊ စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှု နဲ့ အမျိုးသမီးတွေရဲ့ဘ၀ မြှင့်တင်ရေး ကိစ္စတွေဟာလည်း မြန်မာပြည်ခရီးစဉ်အတွင်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါဝင်တယ်လို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ကြေညာချက်မှာပါရှိပါတယ်။

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ ၂ဝ၁၆ ခုနှစ် အာဆီယံဥက္ကဌ တာဝန်ယူမယ့် လာအို နိုင်ငံကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

RFA Burmese

No comments: