Saturday, September 06, 2014

ခါကာဘိုရာဇီရေခဲတောင်တက်ခဲ့သည့် တောင်တက်အဖွဲ့ အဆင်းတွင်ပျောက်ဆုံးနေသည်ဆိုသည့် ကောလာဟလများကို တာဝန်ရှိသူငြင်း

Saturday, Setember 06, 2014
အရှေ့တောင်အာရှ၏ အမြင့်ဆုံး ခါကာဘိုရာဇီရေခဲ တောင်ထိပ်သို့ သြဂုတ်လကုန်က အောင်အောင်မြင်မြင်တက် ရောက်နိုင်ခဲ့သည့် ပထမဆုံးမြန် မာတောင်တက်အဖွဲ့သည် ယခု အခါ အဆင်းလမ်းခုလတ်တွင် သာဖြစ်ပြီး ပျောက်ဆုံးနေခြင်းမ ဟုတ်ကြောင်း တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်းမှ တာဝန်ရှိသူကပြောသည်။

ယင်းတောင်တက်အဖွဲ့ သည် မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ၅၈၈၁ မီတာ (၁၉,၂၉၄ ပေ)မြင့်သည် ခါကာ ဘိုရာဇီတောင်ထိပ်သို့ သြဂုတ်  ၃၁ ရက် ညနေ ၅နာရီ ၁ မိနစ် က ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ အလံ လွှင့်ထူနိုင်ခဲ့သည်။ စက်တင်ဘာ ၁ ရက်က ပြန်လည်ဆင်းသက် လာရာ စက်တင်ဘာ ၅ ရက် နေ့ ညအထိ အဆက်အသွယ်မရဖြစ် နေ၍ ယင်းအဖွဲ့ပျောက်ဆုံးနေ သည်ဆိုသော သတင်းများထွက် ပေါ်နေခြင်းဖြစ်သည်။ တက္ကသိုလ် များ ခြေလျင်နှင့် တောင်တက် အသင်းကမူ ပျောက်ဆုံးနေသည် ဆိုသော သတင်းများကို ငြင်းဆို လိုက်သည်။

 အဖွဲ့သားနှစ်ဦးမှာ တောင် အောက်သို့ပြန်အဆင်းတွင် နာရီတစ်ရာကျော်အဆက်အသွယ် ပြတ်တောက်လျက်ရှိသည် ဟု သတင်းများထွက်ပေါ်လျက်ရှိ ရာ ယင်းသတင်းမှာမဟုတ်မှန် ကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝ ခေါ်သံဖောင်ဒေးရှင်း)ဥက္ကဋ္ဌဦးမျိုး သန့်က ပြောသည်။ တောင်အ လယ်တွင်ရှိသည့် ရိက္ခာထောက် ပံ့သည့်အဖွဲ့နှင့် အဆက်အသွယ် ရှိနေပြီး အားလုံးဘေးကင်းလျက် ရှိကြောင်း ၎င်းကပြောသည်။

‘‘မက်ဆေဂျာက အအေးဒဏ်ကြောင့် ဘက်ထရီထိသွားတာဖြစ်မယ်။ သူတို့အချင်းချင်း ဆက်သွယ်ဖို့ ဝေါ်ကီတော်ကီတွေပါသွားပါတယ်’’ဟု တက္ကသိုလ်များခြေလျင်နှင့် တောင်တက်အသင်းမှ ပြန်ကြားရေးတာဝန်ခံ မပပစိုးက ပြောသည်။

လက်ရှိတွင် တောင်တက် အဖွဲ့ရောက်ရှိနေသည့်နေရာကို ဖော်ပြနိုင်ခြင်းမရှိဘဲ တောင်ခြေ စခန်းပြန်လည်ရောက်ရှိချိန်တွင် အဆက်အသွယ်များ ပြန်လည်ရရှိ ရန် မျှော်လင့်နေသည်ဟု ဆို သည်။

ခါကာဘိုရာဇီတောင်ထိပ် သို့ ၁၉၉၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဂျပန်လူမျိုး၊ တာကာ ရှိအိုဇာကီနှင့် တိဗက်လူမျိုး မြန် မာနိုင်ငံသား နာမားဂျွန်ဆင်(ခ) အောင်ဆည်တို့ ပထမဆုံးအကြိမ် အဖြစ် တက်ရောက်ခဲ့ဖူးသည်။ ထို့နောက် ၁၈ နှစ်ကြာပြီးနောက် ဟန်လင်းထွန်း၊ ကျော်ထွန်းနိုင်၊ မျိုးညွန့်သန်း၊ မောင်မောင်ပြည့်စုံ၊ ဇော်ဇင်ခိုင်၊ ဇေယျာထွန်း၊ ဝေယံမင်းသူနှင့် အောင်မြင့်မြတ်စသည့် တောင်တက်သမား (၈) ဦးပါဝင်  သည့် ယခုတောင်တက်အဖွဲ့ က မြန်မာလူမျိုးသီးသန့်အဖြစ် ပထမဆုံးတက်ရောက်ခြင်း ဖြစ် သည်။

တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝ ခေါ် သံဖောင်ဒေးရှင်းတောင်တက်အဖွဲ့သည် ယခုကဲ့သို့ တက် ရောက်နိုင်ရန် ၂၀၁၁ ခုနှစ်ကတည်းက လေ့ကျင့်ပြင်ဆင်မှုပြုလုပ်ခဲ့သည်ဟုဆိုသည်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကချင်ပြည်နယ်၊ ပူတာအိုမှ စတင်ထွက်ခွာပြီး ခါကာဘိုရာဇီ  တောင်ခြေစခန်းသို့ သြဂုတ် ၁၉ ရက်တွင်ရောက်ရှိခဲ့သည်။ ထို့ နောက်သြဂုတ် ၂၁ ရက်မှစတင် ၍ တောင်ပေါ်သို့ ပိုမိုမတ်စောက် သည့် မြောက်ဘက်ခြမ်းမှ တက် ရောက်ခဲ့ကြသည်။ ဆယ်ရက်အ ကြာ သြဂုတ် ၃၁ ရက် ညနေ ၅ နာရီ ၁ မိနစ်တွင် တောင်ထိပ်သို့ ရောက်ရှိခဲ့ကြပြီး နိုင်ငံတော်အလံ နှင့် တောင်တက်အဖွဲ့အလံကို လွှင့်ထူနိုင်ခဲ့သည်ဟု သတင်းရ သည်။ ထို့နောက်အဆက်အသွယ်လိုင်းများ ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီးဆယ်ရက်အကြာ စက်တင်ဘာ ၁၀ ရက်တွင် တောင်ခြေစခန်းသို့ပြန်ရောက်၍ အဆက်အသွယ် များ ပြန်လည်ရရန် မျှော်လင့်နေ ကြသည်ဟု ဆိုသည်။

7 days

No comments: