|
ရိုဟင်ဂျာအမည်ခံ
ဘင်္ဂလီမူဆလင်နှင့် ရခိုင်အဓိကရုဏ်းသည် မနက်ဖြန် ဇူလှိုင်လ ၈ ရက်နေ့တွင်
တစ်လပြည့်သည့်အတွက်ကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံးမှာနေထိုင်သော
ရခိုင်တိုင်းရင်းသားများက မိမိတို့နေထိုင်တဲ့ အိမ်တိုင်းအိမ်တိုင်းမှာ
မနက်မိုးလင်းတာနဲ့ သာသနာ့အလံထောင်ပြီး ဆုတောင်းသွားမည်ကို သတင်းရရှိသည်။
တစ်လပြည့်အထိမ်းအမှတ်အနေနဲ့
သာသနာ့အလံထောင်ပြီး ဆုတောင်းရသောရည်ရွယ်ချက်ကို
စစ်တွေမြို့ဒေသခံလူငယ်တစ်ဦးက “ ကျနော်တို့
ရခိုင်တိုင်းရင်းသားများဆုတောင်းရတဲ့ ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ဇွန်လ ၈
ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် သေဆုံးသွားတဲ့
ရခိုင်တိုင်းရင်းသားတွေ ကောင်းရာသုကတိ ရောက်ပါစေကြောင်း
ဆုတောင်းမှာဖြစ်ပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်တစ်ခုလုံး
ငြိမ်းချမ်းစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဆိုင်ကယ်နှင့် ကားများပေါ်မှာ
သာသနာ့အလံထောင်ပြီး ဆုတာင်းသွားမှာဖြစ်ပါတယ်။ ” ဟု ၄င်း လူငယ်က ဆိုသည်။
ယခု
ဆုတောင်းပွဲကို ရခိုင်ပြည်အတွင်းမှာနေထိုင်သော
ရခိုင်တိုင်းရင်းသားများသာမက မြန်မာတစ်နိုင်ငံလုံးမှာနေထိုင်သော
ရခိုင်တိုင်းရင်းသားများအားလုံးနှင့် အခြားပြည်ပရောက်
ရခိုင်တိုင်းရင်းသများက မိမိတို့နေထိုင်တဲ့
အိမ်တိုင်းအိမ်တိုင်းနှင့်ယာဉ်များမှာ သာသနာ့အလံထောင်ပြီး ဆုတောင်း
လုပ်ပေးကြပါလို့ စစ်တွေမြို့ဒေသခံများက တိုက်တွန်းတောင်းဆိုလိုက်သည်။
ဇွန်လ
၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပြဿနာများကြောင့် ရခိုင်ပြည်သူလူထုမှာ
သေဆုံးမှုနှင့် အမြောက်အမြားက ဒဏ်ရာရ၍ အိုးအိမ်ပစ္စည်းများဆုံးရှုံးသွားသည်ကို
သိရှိရပြီး ပြဿနာဖြစ်ပွားခဲ့သော ဒေသများမှာ အခုထက်ထိ
စာသင်းကျောင်းများတစ်ချို့မဖွင့်ဘဲရှိနေတဲ့အပြင် ကျန်းမာရေးလည်း
အားနည်းနေသည်ကို သိရှိရသည်။
|
No comments:
Post a Comment