Tuesday, July 03, 2012

ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် တွေ့ ဆုံခဲ့သောကိုမင်းကိုနိုင်နှင့်တွေ့ ဆုံမေးမြန်း

88_groupereefဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီ ၌ ရန်ကုန်မြို့ ရွှေဂုံတိုင် တာဝါတွင် ပြည်သူ့  လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ခေါင်းဆောင်သော အဖွဲ့ တွေ့ဆုံခဲ့ကြခြင်း အပေါ် သတင်း မီဒီယာမှ ကိုမင်းကိုနိုင်ကို တွေ့ဆုံ မေးမြန်း ခဲ့ရာ ကိုမင်းကိုနိုင်မှ ကျွန်တော်တို့ တွေ့ဆုံခဲ့တဲ့ ကိစ္စက အားလုံးခြုံပြောရရင် လွှတ် တော် ဆိုတာ ဘာလုပ် ဖို့လဲ တရား ဥပဒေ စိုးမိုးဖို့အတွက် ဥပဒေ ပြဋ္ဌာန်းမယ် တကယ်တော့ နိုင်ငံတော်မှာ အာဏာ အရ အမြင့် ဆုံး အဖွဲ့အစည်းပဲ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော်မှာ ---

အရေးအကြီးဆုံး နိုင်ငံတော် သမ္မတကိုတောင်  ဒီလွှတ်တော်ကပဲ ရွေးချယ် ပေးရတာကိုး  ဒီလွှတ်တော် အနေနဲ့ တိုင်းပြည် အပေါ် ဘာတွေ လုပ်ပေးနိုင်သလဲဆိုတဲ့ အခါမှာ  ကျွန်တော်တို့ ပြည်သူ့တွေအတွက် ပြည်သူ   တွေအပေါ်မှာ ကာကွယ်စောင့် ရှောက်နိုင် တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ ပြည်သူ့တွေ ၀န်ထုပ် ၀န်ပိုး ဖြစ်နေတဲ့ မလိုလားအပ်တဲ့  ဥပဒေတွေ ပယ်ဖျက်ပေးဖို့ ဒီနှစ်ချက်ကို ပြည်သူတွေ ကိုယ်စား တင်ပြနိုင်ခဲ့တယ်။
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကလည်း ဒီအခြေခံ နှစ်ချက်ကို လုံးဝ လက်ခံ သဘောတူ ခဲ့ပါတယ်။ အကောင်အထည် ဖော်ကြ မယ်နေရာမှာ ကျွန်တော်တို့ အဓိက အနေနဲ့ လတ်တလော ကိစ္စတွေအတွက် အပြန်အလှန်  သတင်း အချက်အလက် မျှဝေ နိုင်ခဲ့တယ်၊ ဥပမာ ကျွန်တော်တို့ဘက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းရေး ခရီးစဉ်တွေမှာရရှိခဲ့တဲ့ ပြည်သူ တွေ လိုအပ်နေတဲ့ အချက်တွေ၊ သဘောထားတွေကို မျှဝေနိုင်ခဲ့ပါတယ်။ အထင်ရှားဆုံး ကတော့ လယ်ယာတွေ သိမ်းတဲ့ ကိစ္စတွေ၊ မြေသိမ်းတဲ့ ကိစ္စတွေ၊ ကျွန်တော်တို့ အဲဒါတွေ တင်ပြနိုင်ခဲ့တယ်။
လွှတ်တော်က ဘာလုပ်ပေးနိုင်မလဲ မေးခဲ့တယ်ပြည်သူတွေ ကိုယ်စား တင်ပြပြောဆို နိုင်ခဲ့တယ်။  နောက်အရေးကြီးဆုံး အချက်က ကျွန်တော်တို့ ထောင်ထဲမှာ ကျန်နေတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသားတွေ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စကားလုံးအရ သာကြာကြာ ဆွေးနွေးရင် ဆွေးနွေး ရလိမ့်မယ် အဲဒီအထဲမှာ ရှိနေတဲ့ ပုဂ်္ဂိုလ်တွေဟာ တိုင်းပြည်အတွက် တည်ဆောက် ရေးမှာ အရေးကြီးတဲ့ အင်အားစုတွေ ဖြစ်မယ်ဆိုရင် ဒီလူတွေ အပြင်လောကမှာ ရောက်နေ သင့်တယ်လို့ ပြောတယ်၊ အဲဒီကိစ္စကို သူတို့သဘောတူ ခဲ့ကြတယ်၊ အဲဒီလို ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီလူတွေ  လွတ်မြောက်ရေး အတွက် တင်ပြနိုင်ခဲ့တယ်၊ နောက်တစ်ခုကတော့ ဥပဒေတစ် ခုထွက်လာပြီဆိုရင် နောက်ကနေပြီး နည်းဥပဒေ ဆက်ပါမလာရင် လုပ်ထုံးလုပ်နည်းတွေ ဆက်ပါမလာရင် ဥပမာငြိမ်းချမ်းစွာ ဆန္ဒပြခွင့်တို့ အလုပ်သမား သမဂ္ဂဖွဲ့ စည်းခွင့်တို့ ဒီဟာတွေနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေး ယန္တရားမှ လူတွေက နည်းဥပဒေ မရှိလို့တို့၊ လုပ်ထုံးလုပ်နည်း မရှိလို့ ပါတို့၊ ဆိုပြီးတော့ လက်သင့်မခံတာ ဆောင်ရွက် မပေးနိုင်တာတွေရှိနေတော့ အားလုံးဟာ ဥပဒေက အသက်မ၀င်သလို  ရှိနေတာပေါ့ဗျာ။
အဲဒီကိစ္စကို အလေး အနက်ပြောတယ် ကျွန်တော်တို့ဖြစ်စေ ချင်တာက အခုလာမယ့် လွှတ်တော်မှာ အဲဒီလို ဥပဒေ တစ်ခု ထွက်ပြီးရင် နောက်ကနေပြီး နည်းဥပဒေဟာ ဘယ်နှစ်ရက် အတွင်း ဘယ်လောက် ကာလအတွင်း အပြီးသတ်ဖို့ လိုက်ပြ ဋ္ဌာန်း ပေးရမယ် ဆိုပြီး ဥပဒေ တစ်ခုကို ထပ်ပြဋ္ဌာန်းပေးဖို့ လိုကိုလို အပ်ပါတယ်လို့ လွှတ်တော် ကိုယ်စား လွှတ်တော် ဥက္ကဋ္ဌနှင့် ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေကို ကျွန်တော်တို့ ပြည်သူတွေ ကိုယ်စား ကျွန်တော်တို့ ဖြစ်စေချင်တာ တွေကို တင်ပြနိုင်ခဲ့တယ်။
နောက်ပြီးတော့ ပြည်တော်ပြန်တွေ ကိစ္စ နိုင်ငံတကာမှာ ရောက်နေတဲ့ နိုင်ငံရေး အင်အားစုတွေ ပေါ့ဗျာ ကျွန်တော် တို့နိုင်ငံ သားတွေ ပြည်တွင်းကိုပြန်လာဖို့ ဆိုတဲ့ နေရာမှာ ဟိုသံရုံးတွေမှာ အခု လုပ်ထုံး လုပ်နည်းအရ တစ်ယောက်ချင်း သွားနေရ တဲ့ ကိစ္စတွေမှာ ကျွန်တော်က အားလုံးကိုသာ တူညီမျှပြန်လာနိုင်မယ်ဆိုရင် ပြန်လာလို့ ရတယ်ဆိုတာ သေချာ စေချင်တယ်၊ ဒါကို လွှတ်တော်က ဘာလုပ်ပေး နိုင်မလဲပေါ့ဗျာ၊ ကျွန်တော်တို့ ဆွေးနွေး ခဲ့ကြတဲ့ အကြောင်းအရာတွေ တော်တော် များများ ပါတယ်။
အဲဒီတော့ ခင်ဗျားတို့ ဘာသိချင်ကြသေးလဲ ဘာများမေးချင် သေးလဲဟု မေးမြန်းခဲ့ရာ သတင်း မီဒီယာ မှ အခုတွေ့ဆုံတဲ့ကိစ္စကို သူတို့ဘက်က  တွေ့ချင်လို့ ကမ်းလှမ်းတာလား ဒါမှမဟုတ်  ကိုမင်းကိုနိုင်တို့ ဘက်က တင်ပြတောင်းဆို ခဲ့တာလား။ ဒါမှမဟုတ် တစ်ဦးတစ်ယောက်က ကြားဝင် အကျိုးဆောင် ခဲ့တာလားဟု မေးမြန်းခဲ့ရာ ကိုမင်းကိုနိုင်မှ ကျွန်တော်တို့ ပြန်ပြီး ထွက်လာခဲ့ကတည်းက ပြောတာက ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲကို တကယ်ဆန္ဒရှိတယ်၊ တကယ်လုပ်မယ် ဆိုရင် ကျွန်တော်တို့က  အမြဲပဲ ပြောနေပါတယ်။ လွန်ဆွဲပွဲလိုဘက်  နှစ်ဘက်အားပြိုင် နေရတာဗျ အဟောင်း ကိုပြန်သွားမယ် ဆိုတဲ့ နောက်ကြောင်းပြန်  လှည့်မယ် ဆိုသူက တစ်ဘက်တကယ်ပြု ပြင်ပြောင်းလဲရေးကို လုပ်ပြီး အကောင်ဘက်ကို သွားမယ်ဆို သူတွေက တစ်ဖက် ဒီနှစ်ဘက်ဘဲ ရှိတယ်။ ဒီတော့ အကောင်းဘက်ကို သွားမယ်ဆိုတဲ့ အင်အားစု မှန်ရင် နိုင်ငံတော် သမ္မတက အစ အဲလို လွှတ်တော်  ဥက္ကဋ္ဌက အစ ဘယ်သူ့ကို မဆို ကျွန်တော်တို့ လက်ဆွဲ နှုတ်ဆက်ဖို့ ၀န်မလေးပါဘူး။
လက်တွဲ ဆောင်ရွက်ဖို့လဲ ကျွန်တော်တို့ ၀န်မလေးပါဘူး။ ကျွန်တော်တို့ ကြေညာပြီးသားဖြစ်တယ်၊ ဒါက ကျွန်တော်တို့ရဲ့ မူဖြစ်တဲ့ အတွက် တိုင်းပြည်ရဲ့ တည်ဆောက်ရေးမှာ အရေးပါနေတဲ့  ပုဂ္ဂိုလ် မှန်သမျှ၊ အဖွဲ့အစည်းမှန်သမျှ၊ ကျွန်တော်တို့ တွေတွေ့နေတယ်၊ နောက်လည်း တွေ့ဖို့ အစီအစဉ်ရှိတယ်၊ ဒီလို သဘောထား အခြေခံက နေပြီးတော့ ကြားခံ ဆောင်ရွက် ပေးနေတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေကနေ စီစဉ်ပေးလို့ တွေ့တာပါ၊ ထို့နောက် သတင်းမီဒီယာမှ ထပ်မံမေး မြန်းခဲ့ရာတွင်  အခု ကိုမင်းကိုနိုင်တို့ ထောင်ကထွက်လာ ပြီးနောက်မှာ ယခုလို ပထမ ဦးဆုံးမြန်မာ နိုင်ငံရဲ့အမြင့်ဆုံး လွှတ်တော်က တာဝန် အရှိဆုံး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေကို တွေ့ဆုံခဲ့ တဲ့နေရာမှာ ၈၈မျိုးဆက် အုပ်စုက ခံစား သိမြင်ခဲ့တဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းရဲ့သဘောထားကို ဘယ်လို နားလည် သဘောပေါက်ခဲ့ပါ သလဲဟု မေးမြန်းခဲ့ရာ ကိုမင်းကိုနိုင်မှ ပြန်လည် ဖြေကြားခဲ့ရာတွင် အေးဗျာ အရင်တုံးက စစ်အုပ်ချုပ်ရေးက ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ယခု လွှတ်တော် ဥက္ကဋ္ဌကြီး ဖြစ်နေတဲ့ အရပ်သား သူရ ဦးရွှေမန်းနဲ့တော့ မတူခြားနားချက်တွေ ရှိနေပြီလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တယ်ဆိုတာတွေ က အမိန့်ပေးစနစ်အောက်မှာ လုပ်ကိုင်  နေရတာ အခုလုပ်နေရတာတွေက အများ ဆန္ဒတွေကိုဖော်ထုတ်ပြီးတော့ ပွင့်လင်း မြင်သာမှုတွေနဲ့ လုပ်နေရတာကို သူတို့ ကိုယ်တိုင်နားလည်ပါတယ်။
ကျွန်တော်တို့  စကားပြောကြည့်ကြတဲ့အခါမှာ ကျွန်တော် တို့လည်းဆက်ပြီးတော့ ပြည်သူတွေကိုယ် စားရွေးချယ် တင်မြောက်သူတွေရဲ့ စကား သံတွေ၊ သဘောဆန္ဒတွေကို နားထောင် ပြီးတော့ ပွင့်လင်းမူတွေနှင့် အလုပ်လုပ် ဖို့ရယ် အရေးကြီးဆုံးအချက်က နောက် ကြောင်းပြန်လှည့်လို့ မရဘူးဆိုတဲ့ အသိကို  သူတို့ကိုယ်ရော ပြည်သူတွေနဲ့ ကျွန်တော်တို့ပါ သဘောထားတူညီပြီး အဲဒီအခြေခံ   ပေါ်မှာ ပွင့်လင်းမှု၊ ရိုးသားမှုတွေနှင့် ဆက်အလုပ်လုပ်မယ် ဆိုရင်ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို အချိန်ကာလသင့် တဲ့အချိန်မှာ ရောက်သွားမှာပါ၊ ဘာလို့ လဲဆိုတော့ မနေ့ကတွေ့ဆုံပွဲမှာ သူတို့ရဲ့  ရိုးသားပွင့်လင်းမှုတချို့ကို ပြခဲ့ပါတယ်။  ဒါကဘာလဲဆိုတော့ သူတို့လုပ်နေရတဲ့ အခက်အခဲအချို့ကို ပြောပြခဲ့ပါတယ်။   အရင် အတိုင်းတွေ့ကြုံရတဲ့ အခက်အခဲကို ပြောပြခဲ့တာမျိုးပါ၊ ဒါကြောင့် ကျွန်တော် တို့ကို ဒီလိုရိုးသားစွာနဲ့ ပြည်သူတွေကို ကျွန်တော်တို့ကို ပြောပြခဲ့ရင် ပြည်သူတွေ  အနေနဲ့ ၀ိုင်းပြီးတော့ အခက်အခဲကို ဖြေရှင်းပေးဖို့ အနာသိမှ ဆေးရှိမယ်ဆို တာမျိုးပေါ့ဗျာ၊ ကျွန်တော်တို့က အရာရာကို အုံဖွဆိုပြီးချက်ခြင်းကြီး ပြောင်းလဲရမယ် လို့မဆိုလိုပါဘူး။ ဒီလို ပွင့်လင်းစွာလုပ်နေ ရတဲ့ အခက်အခဲတွေကို ပြောပြတာမျိုးပါ မဖြစ်သေးရင် ဘာကြောင့် မဖြစ်သေးတာလဲ  ဆိုတဲ့ အခက်အခဲကို ကျွန်တော်တို့ကို ပြောပြရင် ကျွန်တော်တို့က ဆေးကိုဝိုင်း ပြီးတော့ စဉ်းစားကြတာမျိုးပါ၊ ဥပဒေ တစ်ခုပြဋ္ဌာန်းပြီးရင် နောက်ကနည်းဥပဒေ ဆက်ပြီး မဖြစ်နိုင်တဲ့အခက်အခဲကို သူတို့  ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း ရိုးသားစွာ အရင်းအတိုင်း ပြောပြခဲ့ကြပါတယ်။
ကျွန်တော်တို့ ဒီရိုးသား ပွင့်လင်းစွာပြောပြ  ခဲ့ကြတာတွေကို ကျွန်တော်တို့ အသိအမှတ်  ပြုကြရမှာပါ၊ နောက်လာမယ့် လွှတ်တော်မှာ အသစ်တက်လာမယ့်၊ လွှတ်တော် ကိုယ်စားလှယ် အသစ်တွေနှင့်ပါ လက်တွဲ ဆောင်ရွက်နိုင်ကြဖို့ ကျွန်တော်တို့တင်ပြ ခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က သူ့သဘောထားကို ပြောတာက ကျွန်တော် တို့အားလုံးရဲ့ တစ်ဦးနှင့်တစ်ဦးရော၊ ပြည်သူတွေနှင့် ကြားထဲမှာရော၊ သူ့တို့ ကိုယ်တိုင်ရော၊ အာဏာသုံးရပ် ကိုင်စွဲ နေကြတဲ့ ပုဂ်္ဂိုလ်တွေရော၊ အားလုံးဟန် ချက်ညီဖို့ဆိုရင် တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှု ရှိဖို့လိုတယ်၊ နား လည်မှု ရှိဖို့ လိုတယ်၊ ရိုးသားကြဖို့လိုတယ်၊  အပြန်အလှန် လေးစားကြဖို့ လိုတယ်လို့ လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တိုင်ကအလေး အနက်ထားပြောပါတယ်။ အားလုံးစဉ်းစား  ကြဖို့ပါနော်။
နောက်တစ်ခုက လူတွေရဲ့ စိတ်နေသဘာဝတွေပြင်ကြဖို့ပါ၊ ပြည်သူတွေရဲ့ စိတ်နေ သဘာဝတွေပြင်ကြဖို့၊ ကျွန်တော် တို့ရဲ့စိတ်နေ သဘာဝတွေပြင်ကြဖို့၊ လက်ရှိအစိုးရရဲ့ စိတ်နေ သဘာဝတွေပြင် ကြဖို့၊ ကျွန်တော်တို့ သဘာတူ ခဲ့ကြပါတယ်ဟု ကိုမင်းကိုနိုင်မှ စုံလင်စွာ ရှင်းလင်း ပြောပြ ခဲ့ပါသည်။

No comments: