Friday, July 06, 2012

ဂျပန်၏ ပထမဆုံး လေရဟတ်စခန်းမှ လာမည့် ဇန်န၀ါရီလတွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်ယူမည်




နျူကလီးယား စွမ်းအင်အပြင် တန်ဖိုးကြီးမြင့်သော လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ရည်များကိုပါ အသုံးပြု၍ နည်းလမ်းပေါင်းစုံဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့် ဂျပန်နိုင်ငံက လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် နည်းလမ်းစုံကို ရှာဖွေလျက်ရှိရာတွင် ၄င်းနိုင်ငံ၏ ပထမဆုံးသော ကမ်းလွန်လေရဟတ်စက်ရုံမှ လာမည့် ဇန်န၀ါရီလတွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ စွမ်းအင်ဌာနက ပြောကြားသည်ဟု ဇူလိုင် ၃ ရက် အင်တာနက်သတင်းများအရ သိရသည်။ ဂျပန်နိုင်ငံအနေဖြင့် ကမ်းလွန်လေရဟတ်စခန်းများကို မကြာမီနှစ်များအတွင်း စီးပွားဖြစ် တည်ထောင်နိုင်မည်ဟု မျှော်လင့်ထားသည်။ (အင်တာနက်)

No comments: