Friday, July 06, 2012

မြစ်ကြီးနားတွင် ခရစ်ယာန်သင်းအုပ်ဆရာတွေဦးဆောင်ပြီး လူ ၅၀ဦးခန့်က ဆန္ဒပြ

       ဒီနေ့ နံနက် (၉) နာရီကျော်ကျော်မှာ မြစ်ကြီးနားမြို့၊ ဂျာမိုင်ကောင်း ဒုက္ခသည်စခန်းမှ ခိုလုံသူအင်အား ၅၀ကျော်ဟာ စခန်းတာဝန်ခံ ဦးအောင်မြတ် ၊ သိက္ခာတော်ရ ဆရာတော် ဦးဂျာနော် ၊ တရားဟောဆရာ ဦးယိန်းဆောင်နဲ့ ဦးဂေါ်ရီဇော်တောင်တို့ ဦးဆောင်ပြီး မြစ်ကြီးနားမြို့ ၊ ဆွမ်ပရာ ဘွမ်လမ်း၊ ဘုရင့်နောင်လမ်း ၊ အောင်ဆန်းလမ်း တစ်လျှောက် ဆန္ဒပြခဲ့ ကြတယ်လို့ သိရှိရပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ ကချင်ထဘီနှင့် အကျီဖြူများကို ၀တ်ဆင်ကာ လှည့်လည်ဆန္ဒပြခြင်းဖြစ်သည်။
       ဆန္ဒပြရခြင်းအကြောင်းအရင်းကို စုံစမ်းကြည့်တဲ့အခါမှာ ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တစ်ယောက် ကို ဖမ်းဆီးသွားလို့ လုံခြုံမှုမရှိတော့လို့ လုပ်ကြတာလို့ သိရပါတယ်။ ဒါနဲပတ်သတ်ပြီး ပယတရုံးကို   မေးကြည့် တော့ အဖမ်းခံရတာ KIA အဖွဲ့ မှ တပ်ကြပ်ကြီးအဆင့်လထော်ဘရန်ရှောင်ဖြစ်တဲ့အကြောင်း၊ ဇွန် ၂၉ ရက်နေ့က တရားရုံးမှာ သူကိုယ်တိုင် KIA ဖြစ်ကြောင်း၊ လူတစ်ယောက် ကိုသတ်ခဲ့ကြောင်း၊ ကိုယ်တိုင်ဝန်ခံတဲ့လူလို့ သိရပါတယ်။ အခုလိုဆန္ဒပြတာဟာ နောက်ကွယ် ကနေ KIA ဗဟိုမှ   စေခိုင်းတာ    ဖြစ်နိုင်ပါတယ်။

   ဦးလထော်ဘရန်ရှောင်ဟာ KIA တပ်ဖွဲ့ထဲကို ၂၀၀၄ခုနှစ် ကတည်းက၀င်ရောက်ခဲ့ပြီး တရုတ်စကား   မြန်မာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့သူတစ်ဦးဖြစ်ပြီး  KIA ဗဟိုရဲ့ စေခိုင်းမှုနဲ့ ဒုက္ခသည် အယောင်ဆောင်ပြီး မြစ်ကြီးနား မြို့ပေါ်မှာ ဖောက်ခွဲမှုတွေကို ပြုလုပ်ရန်၊ အစိုးရတပ်   တွေရဲ့ သတင်းကိုရယူရန်အတွက် ဒုက္ခသည်စခန်း ကိုရောက်ရှိနေတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ အခုလို KIA ဗဟိုမှ ဆန္ဒပြစေခိုင်းမှုပြုလုပ်ဖို့အတွက် ဇွန်လ ပထမပတ်ကတည်းက KIC ဒုဥက္ကဌ ဦးအင်ဘန်လကိုယ်တိုင် လိုင်ဇာမြို့ ရှန်ဟိုင်းမှာ အမိန်ပေးထားပြီး ဒုက္ခသည်စခန်းတွေကို KIA အဖွဲ့ဝင် ၅ဦး ၆ဦးလောက်ကှိုဆန္ဒပြရန် စည်းရုံးဖို့အတွက်စေလွတ်ထားပြီးလို့ KIA မှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒေသခံတွေက KIA ဘက်ကိုပါ လာအောင်ပြုလုပ်နေခြင်း ဖြစ်တယ်လို့လဲ ပြောကြားခဲ့ပါတယ်။
          ကချင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးရဖို့၊ ဒုက္ခသည်တွေစားစရာ၊ ၀တ်စရာ ၊ နေစရာရဖို့ သင်းအုပ် ဆရာတွေ၊ သိက္ခာတော်ရ ဆရာတွေဟာ စစ်တပ်နဲ့ KIA ကလူတွေကို တွေ့ဆုံညှိနှိုင်းပြီး ကြိုးစားပမ်းစား လုပ်နေကြတယ်လို့ သိထား ရပါတယ်။ ဒါပေမဲ့ ဂျာမိုင်ကောင်း သင်းအုပ်ဆရာနဲ့ သိက္ခာတော်ရ ဆရာတွေ ကျတော့ ဒုက္ခသည် စခန်းထဲမှာ KIA ကိုလည်းလက်ခံထားပေး၊ KIA ကိုလည်း အပြစ်လွတ်အောင် ဦးဆောင် လှုံ့ဆော်ပေးနေတာ တွေကြောင့် ဂျာမိုင်ကောင်းက ဆရာအောင်မြတ်၊ ဆရာဂျာနော်နဲ့ ဆရာယိန်းဆောင်တို့ဟာ KIA တွေများဖြစ် နေသလား? မြစ်ကြီးနားမြို့ပေါ်မှာ ဗုံးတွေ ပေါက်နေတာ သူတို့လက်ချက်များ ဖြစ်နေ သလားဟု တီးတိုးဝေဖန် လျက်ရှိကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက သတင်းပေး ပို့လာပါတယ်...။

No comments: