ရွှေလုပ်ငန်းကြောင့် ချင်းတွင်းမြစ်ရေ ညစ်ညမ်းပြီး ဒေသခံများ ကျန်းမာရေး ထိခိုက်နေ
စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကင်းမြို့ နယ် ကဗျက်ရွာအနီး ချင်းတွင်းမြစ်ပေါ်တွင် ရေတွင်းရွှေကျင် လုပ်ငန်းများကြောင့် ချင်းတွင်းမြစ်ရေကို အဓိက အားထားသောက်သုံးနေကြသော ကျေး၇ွာနေ ပြည်သူများ ကျန်းမာရေးဆိုးဝါးစွာခံစားနေရကြောင်း သိရှိရပါသည်။
“ မြစ်ပြင်တွေမှာ ရေတွင်းရွှေမှော်လုပ်ငန်းများ လုပ်ဆောင်ခွင့်ကို
ပြည်ထောင်စုလွှတ်တော်က တရားဝင် ကန့်သတ်ထားပါတယ်။
ဒီရေတွင်းရွှေမှော်လုပ်ငန်းများမှာသုံးတဲ့ ဓာတုပစ္စည်းများနှင့်
စွန့်ပစ်ပစ္စည်းတွေ ဟာ မြစ်ရေကိုသောက်သုံးသူတွေအတွက်
အသက်အန္တာရယ်စိုးရိမ်ရတဲ့အတွက် တားမြစ်ထားတာပါ။ဒါဟာ ဘာကိုပြသလဲဆိုတော့
အထက်ကဘယ်လောက်ပဲ ဥပဒေတွေချချ အောက်ခြေမှာရှိတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက
လိုက်နာမှု့ မရှိဘူးဆိုရင် အောင်မြင်မှာမဟုတ်ဘူးဆိုတာကို ပြသလိုက်တာပဲ”ဟု
မင်းကင်းမြို့ မှ မြို့ ခံတစ်ဦးက Myanmar News Now ကို ပြောပါသည်။စစ်ကိုင်းတိုင်းဒေသကြီး ၊ မင်းကင်းမြို့ နယ် ကဗျက်ရွာအနီး ချင်းတွင်းမြစ်ပေါ်တွင် ရေတွင်းရွှေကျင် လုပ်ငန်းများကြောင့် ချင်းတွင်းမြစ်ရေကို အဓိက အားထားသောက်သုံးနေကြသော ကျေး၇ွာနေ ပြည်သူများ ကျန်းမာရေးဆိုးဝါးစွာခံစားနေရကြောင်း သိရှိရပါသည်။
ချင်းတွင်းမြစ်ဘေးက
လူနေမှု ဘ၀ တစ်ခုပါဘဲ။ မိုးတွင်းဆို ရေတွေ မြစ်အပြည့် တက်လာလို့ ရွာပေါ်ကို
တက်ပြီး နေလေ့ရှိပေမယ့် ဆောင်းအစ ရေကျသွားတဲ့ အချိန်ကစလို့ သောင်ပြင်မှာ
တဲထိုးနေကြတယ်။
အဆိုပါရွှေမှော်လုပ်ငန်းကို ၈၊၆၊၂၀၁၂ ခုနှစ်တွင် မင်းကင်းမြို့ နယ် မြို
့နယ်အုပ်ချုပ်ရေးမှုး ဦး နေလင်းထွန်းမှ လုပ်ငန်းလုပ်ကိုင်ခွင့်
လိုင်စင်ချပေးခဲ့ပါသည်။အဆိုပါရွှေမှော်ကို ဦးအောင်လင်းက ဦးဆောင်ပြီး အဖွဲ
့(၈)ဖွဲ့  ခွဲကာ လုပ်ဆောင်နေကြပါသည်။“ ရွှေမှော်လိုင်စင်ကြဖို့ 
မင်းကင်းမြို့ နယ် မြို့ နယ်အုပ်ချုပ်ရေးမှူး ဦး နေလင်းထွန်း ကို
ကျွန်တော်တို့ (၈)ဖွဲ့ က စုပေါင်းပြီး ငွေသားစုစုပေါင်း ၂၅ သိန်း ၆
သောင်းကို ၁၂၊၆၊၂၀၁၂ ရက်နေ့ က ပေးခဲ့ရပါတယ်။ရွှေက သိပ်မထွက်သေးတော့
မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဘူးဖြစ်နေတယ်”ဟု အဆိုပါရွှေမှော်မှ
လူငယ်တစ်ဦးက ပြောကြားခဲ့ပါသည်။

No comments:
Post a Comment