အသက်
၁၇ နှစ် အရွယ် Amelia Hempleman-Adams ဟာ အိုလံပစ် မီးရှုးတိုင်ကို
ယမန်နေ့က လန်ဒန်မြို့ Theme မြစ် ကြီး အပေါ်ရှိ အလွန်မြင့်မားတဲ့
မီးသတ်ခုံးတံတားတခုပေါ်က ကက်ဘင် အိမ်အပေါ်မှာ စွန့်စွန့် စားစား
အိုလံပစ်မီးရှုးတိုင်ကို သယ်ဆောင်ကာ နေတာပါ။

စွန့်စားမှု ပညာရှင် တဦးဖြစ်တဲ့ David Hempleman-Adams ရဲ့ သမီးလည်းဖြစ်သူမို့ လန်ဒန် သိမ်းမြစ်ရဲ့ မိုးပြာ ရောင် ကောင်းကင်ထက်မှာ သူဟာ တကယ့်ကို အသည်းယား စရာ အိုလံပစ်မီးရှုးတိုင်ကို ကိုင်မြောက် ထွန်းညှိလိုက်တာလည်းဖြစ်ပါတယ်။

တသက်မှာ တကြိမ်သာ ရတဲ့ အခွင့်အရေးမို့ သူက ဂုဏ်ယူစွာနဲ့ လုပ်ဆောင်ခဲ့တာပါတဲ့။ သူက မကြာသေးခင် ကပဲ သူ့အဖေဖြစ်သူနဲ့ လွန်ခဲ့တဲ့ ဒီဇင်ဘာလက တောင်ဝန်ရိုးစွန်းမှာ စကီ စီးတဲ့ အသက်အငယ်ဆုံးသူ လည်း ဖြစ်လာခဲ့တာပါ။
“လန်ဒန် တမြို့လုံးကို အခုလို အပေါ်စီက မြင်လိုက်ရတာ တကယ့် အံ့သြစရာပဲ”လို့ သူက ဆိုပါတယ်။
သူရောက်ခဲ့တဲ့ အိုလံပစ်မီးရှုးတိုင် ထွန်းညှိရာ အမြင့်ဟာ တကယ့်ကို ကြောက်ခမန်းလိလိ ဖြစ်ပေမယ့် လုံခြုံစိတ် ချရမှုက မဆိုးပါဘူးလို့ သူက ဆိုပါတယ်။

သူထွန်းညှိပေးလိုက်တဲ့ မီးရှုးတိုင်ကို လက်ဆင့်ကမ်း သယ်ယူမယ့် သူကတော့ ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံ Lennox Lewis ဆိုသူပါ။
သေချာတာကတော့ အခုလို စွန့်စွန့်စားစား အိုလံပစ်မီးရှုးတိုင်ကို ကောင်ကင်မှာ ထွန်းညှိရတာကတော့ အံ့ဖွယ်ပါဘဲ။
လန်ဒန် အိုလံပစ်ပွဲစဉ်တွေနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံမှာ ရင်ခုန်နေကြပါတယ်။ ရုပ်မြင်သံကြားတွေက လည်း အပြိုင် အဆိုင် တိုက်ရိုက်ထုတ်လွှင့်ဖို့လည်း လုပ်နေကြတာပါ။

No comments:
Post a Comment