မြန်မာနိုင်ငံမှ Eleven Media Group နှင့် ထိုင်းနိုင်ငံမှ Nation
Media Group တို့သည် သမိုင်းဝင် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးအတွက်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Nation Media Group ရုံးချုပ်တွင် ဇူလိုင်လ
၎ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်
ဦးဆောင်သည့် Eleven Media Group မှ အယ်ဒီတာများနှင့် ထိုင်းနိုင်ငံ Nation
Multimedia Group မှ ဂျာနယ်လစ်များသည် မြန်မာနိုင်ငံတွင်းနှင့်
မြန်မာနိုင်ငံပြင်ပသို့ သတင်းများ ပိုမိုပျံ့နှံ့ရောက်ရှိရေးအတွက်
ဝက်ဘ်ဆိုက်နှင့် ပုံနှိပ်မီဒီယာများတွင် ပူးပေါင်းဆောင်ရွက်ရေး
ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင်က
မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ
ကြုံတွေ့ရပြီး နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ရပြီးနောက် ယခုအခါတွင်
မြန်မာနိုင်ငံ၌ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာနေပြီကို မြင်တွေ့နေရပြီဖြစ်ကြောင်း
ပြောကြားခဲ့
သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ရပ်များ၊ စီးပွားရေး၊ လူမှုဘ၀၊ ယဉ် ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ အိုင်တီ စသည့် ကဏ္ဍများအပါအ၀င် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို အပြည့်စုံဆုံးဖော်ပြသည့် အင်္ဂလိပ်ဘာသာဖြင့် ၀က်ဘ်ဆိုက် တစ်ခုဖန်တီးနိုင်ရေး Nation Multi- media Group နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ရပ်များ၊ စီးပွားရေး၊ လူမှုဘ၀၊ ယဉ် ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ အိုင်တီ စသည့် ကဏ္ဍများအပါအ၀င် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို အပြည့်စုံဆုံးဖော်ပြသည့် အင်္ဂလိပ်ဘာသာဖြင့် ၀က်ဘ်ဆိုက် တစ်ခုဖန်တီးနိုင်ရေး Nation Multi- media Group နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။
ထို့ပြင် မီဒီယာအုပ်စု နှစ်ခုလုံးအနေဖြင့် အချိန်ကျရောက်လာပါက
နေ့စဉ်ထုတ်အထိ ပြောင်းလဲသွားရန် ရည်မှန်းထားသည့် အင်္ဂလိပ်ဘာသာဖြင့်
အပတ်စဉ်ထုတ် သတင်းစာစောင်ကို မြန်မာနိုင်ငံတွင် ထုတ်ဝေသွားရန်လည်း
စီစဉ်နေပြီဖြစ်ပါသည်။
The Nation နှင့် အင်တာဗျူးတွင် Eleven Media Group ၏ Chairman &
CEO ဒေါက်တာသန်းထွဋ်အောင်က မြန်မာနိုင်ငံတွင် ကောင်းမွန်ကျွမ်းကျင်သည့်
တရားစီရင်ရေးစနစ်နှင့် တရားဥပဒေစိုးမိုးမှု ပြန်လည်ပေါ်ထွန်းလာရေးတွင်
ခက်ခဲမှုများ ရှိနေသော်လည်း အပြုသ ဘောဆောင် သည့် ပြုပြင်ပြောင်းလဲမှုများ
ဆက်လက်ဖြစ်ပေါ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဒေါက်တာသန်းထွဋ်အောင်က ယခုနှစ် ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲများ
ကျင်းပခဲ့ကြောင်း၊ ယင်းကြောင့် ပြည်တွင်းနိုင်ငံရေးတွင် စာမျက်နှာသစ်ကို
ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၄၃
နေရာ အနိုင်ရရှိခဲ့သော်လည်း လွှတ်တော်နေရာ ၆၀၀ ကျော်တွင်
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက နေရာအများ စုကို
လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည်
မြန်မာနိုင်ငံအား စစ်မှန်သည့် ဒီမိုကရက်တစ်အစိုးရဆီသို့ အဓိကပါတီကြီးနှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့နှင့် အတူဦးတည်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများက
မျှော်လင့်ထားကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့နှင့် အတူဦးတည်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများက
မျှော်လင့်ထားကြသည်။
"လွှတ်တော်သစ်၊ မီဒီယာနဲ့ ပြည်သူတွေက မြန်မာနိုင်ငံမှာ
တရားဥပဒေစိုးမိုးရေး နဂိုအတိုင်း ပြန်ဖြစ် လာဖို့မှာ အရေးပါလှတဲ့ အခန်းကဏ္ဍကနေ
ရှိနေပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိရင်တော့ ပြည်သူတွေက
စုဝေးဆန္ဒပြလာပါလိမ့်မယ်။ တရားဥပဒေစိုးမိုးမှု ရှိလာဖို့ရာမှာ အ
ထောက်အကူပြုဖို့အတွက် မီဒီယာတွေ လွတ်လပ်ဖို့ လိုပါတယ်။ လက်ရှိအစိုးရမှာ
တရားဥပဒေစိုးမိုးမှု ယခုထိ မရှိသေးပါဘူး။ သဘောထား တင်းမာ သူတွေက
လက်မခံနိုင်တဲ့ မီဒီယာဥပဒေသစ်ကို ပြဋ္ဌာန်းပြီး မီဒီယာကို
ထိန်းချုပ်လိုကြပါတယ်။ နောက်ပြီး သူတို့က စာနယ်ဇင်းမှာ သူတို့ရဲ့
ကိုယ်စားလှယ်တွေကတစ်ဆင့် ကျွန်တော်တို့ကို ထိန်းချုပ်ဖို့ စီစဉ်နေ ပါတယ်"ဟု
Eleven Media Group ၏ Chairman & CEO ဒေါက်တာသန်းထွဋ်အောင် က
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် ပြဿနာတစ်ခုမှာ ခြစားမှုနှင့်
ခရိုနီစနစ်ဖြစ်ကြောင်းနှင့် အဆိုပါ အရေးကိစ္စကိုအစိုးရအဖွဲ့၏ထိပ်ဆုံးအဆင့်မှကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ဒေါက်တာသန်းထွဋ်အောင်
က ပြောကြားခဲ့သည်။
က ပြောကြားခဲ့သည်။
''ခြစားမှုနဲ့ ခရိုနီစနစ်ကို လျော့ချလိုက်နိုင်တာနဲ့ ဆင်းရဲ၊ ချမ်းသာ
ကွာဟမှု ကျဉ်းမြောင်းသွားမှာဖြစ်ပါတယ်''
ဟု Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့သည်။
တိုင်းရင်းသားလူမျိုးစုများနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက ယခုအရေး ကိစ္စမှာ အချိန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ၏ ၂၅ ရာခိုင်နှုန်းမှာ အမျိုးမျိုးသော တိုင်းရင်းသား လူမျိုးစုများဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟု Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့သည်။
တိုင်းရင်းသားလူမျိုးစုများနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက ယခုအရေး ကိစ္စမှာ အချိန်ယူ ဖြေရှင်းရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ၏ ၂၅ ရာခိုင်နှုန်းမှာ အမျိုးမျိုးသော တိုင်းရင်းသား လူမျိုးစုများဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ဒီတိုင်းရင်းသား လူမျိုးစုအုပ်စုတွေနဲ့ ဖက်ဒရေးရှင်းတစ်ခု သို့မဟုတ်
ပြည်ထောင်စုတစ်ခုဆိုတာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့
သူတို့အားလုံးကို စုစည်းရပါလိမ့်မယ်။ တပ်မတော် ခေါင်းဆောင်တွေက
သူတို့အနေနဲ့ အပြောင်းအလဲကို လိုလားတယ်ဆိုတာ ထုတ်ဖော် ပြောကြားထားပါတယ်။
ဒါပေမယ်လို့ ၂၀၁၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ မကျင်းပမချင်း
ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ဒီမိုကရေစီ ဟာ ဖြစ်လာမှာ မဟုတ်သေးပါဘူး။
ကျွန်တော့်အထင်ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူတို့ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ပိုမိုအားကောင်း လာအောင်လုပ်ဖို့ အချိန် သုံးနှစ်
ရှိပါတယ်'' ဟု ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
''ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအချိန်ကျရင် အသက် ၇၁ နှစ်ရှိပြီဆိုတော့
သူတို့အနေနဲ့ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေပါပြီ။ နောက်ပြီး
သူတို့အနေနဲ့ ခေါင်းဆောင်များနဲ့ ဆက်ခံသူများ မျိုးဆက်သစ်တစ်ခုကို
လိုနေပါတယ်''ဟု Eleven Media Group ၏ Chairman & CEO ဒေါက်တာ
သန်းထွဋ်အောင်က ဆက်လက်ပြောကြားခဲ့သည်။
No comments:
Post a Comment