Thursday, July 05, 2012

ဖားကန့်မြို့နယ်လုံးခင်းရွာတွင် KIA မှရွာသားတစ်ဦးအား ပစ်သတ်ခဲ့


ဇူလိုင် ၅ ရက်
          ည ၈နာရီခွဲလောက်က ဖားကန့်မြို့နယ် လုံးခင်းရွာ၊ သို့ KIA ရင်း(၆)မှ အဖွဲ့ဝင် ၃ဦး ဟာ လူသစ် စုဆောင်းရန် ရောက်လာခဲ့ပါတယ်။ ငြိမ်းချမ်းသာယာရပ်ကွက်မှ ဦးဇော်မင်း(ခ) ဖန်းသီး ကိုဖမ်းဆီးရာ ၎င်းမှ ရုန်းကန် ထွက်ပြေးခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။ KIA အဖွဲ့ဟာ ဖားကန့်မှာ ကျောက်စိမ်းကုမ္ပဏီကြီးတွေဆီက အခွန်ငွေ အဆမတန်တောင်းခဲ့သဖြင့် ကုမ္ပဏီကြီးတွေက မလုပ်နိုင်ဘဲ ပြန်လည်ရုပ်သိမ်းသွားသလို၊ ရွှေကျင်တဲ့ ရွှေမှော်တွေဆီကလည်း အခွန်ငွေတွေ ကောက်ခံတာကြောင့်မလုပ်နိုင်တော့ဘဲ ဖားကန့်မှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းခဲ့ရပါတယ်။

 KIA က နဂိုက ခါတိုင်းတော့ အေးအေးဆေးဆေး လူသစ်စုဆောင်းသော်လည်း အခုတော့ အတင်းအဓမ္မလူသစ်စုတာကို ထွက်ပြေးလို့ ပစ်သတ်တဲ့အဆင့်ထိကိုရောက်နေပြီးဖြစ်ပါတယ်။ KIA ကြောင့် ဖားကန့်မြို့ ရဲ့စီးပွားရေးလဲပျက်ခဲ့ရ သလို လူတွေလဲ စားရမဲ့သောက်ရမဲ့ဘ၀ဖြစ်ခဲ့ရတဲ့အပြင် အခုတော့ ဒေသခံတွေကို ပစ်သတ်ပြီး ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေပါတော့တယ်။ KIA ရဲ့ ဥပဒေက တော့ သူတို့ရဲ့ သေနတ်ပြောင်းဝမှာသာရှိနေတယ်လို့ ထင်ပါတယ်။ ဖားကန့်မြို့နယ်အပါအ၀င် ကချင်ပြည်နယ်တစ်ခုလုံးက KIA ၏အမျိုးမျိုး ဒုက္ခပေးမှုကြောင့် အလုံစုံ ပျက်စီးယိုယွင်းနေရပြီးလို့ လုံးခင်ကျေးရွာ ဒေသခံတစ်ဦးက KDN သတင်းထောက်တစ်ဦးအားပြောပြခဲ့ပါတယ်။

No comments: