Friday, August 10, 2012

အိုလံပစ်နဲ့မြန်မာ (လန်ဒန်အိုလံပစ်မှတ်တမ်း)



Photo-အိုလံပစ် LOGOများ 
ဂရိတ်ဗြိတိန်ဆိုတာ နေမ၀င်အင်ပါယာဆိုပြီး
ကမ္ဘာ့သမိုင်းဝင်
ကိုလိုနီ နောက်ဆုံးဘိတ်အင်ပါယာကြီးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် (လွန်ခဲ့တဲ့နှစ်၆၀ကျော်) အချိန်ကစပြီး ကျဆုံးသွားရတာပါ။ သူ့အင်ပါယာ ဘယ်လောက်ကြီးသလဲဆိုရင် ဟိုး..ရောမအင်ပါယာ ဆိုတဲ့ (ယခု-အီတလီ) အလွန်အံ့သြဘွယ် ဒီမိုကရေစီစနစ် နှစ်ပေါင်းထောင်နဲ့ချီ ကြီးစိုးခဲ့တဲ့ အင်ပါယာထက်တောင် နယ်မြေကျယ်ပြန့်ပါတယ်။ ကမ္ဘာ့ ဘာသာကြီးအားလုံး မူဆလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာာသာ၊ ဆစ်၊ ဂျူး အစရှိတဲ့ နိုင်ငံအားလုံးကို သိမ်းကျုံးပြီး နှစ်ပေါင်းရာချီ အုပ်ချုပ်ခဲ့တဲ့ ကျွန်းနိုင်ငံလေးတခုပါ။ အခုချိန်အထိ သူတို့ရဲ့ အလွန်ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကြောင့် အင်ပါယာကျဆုံးသွားပေမဲ့၊ အင်္ဂလိပ်စကားပြောလူမျိုးနဲ့နိုင်ငံများဟာ ကမ္ဘာကိုလွှမ်းမိုးနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စကားပြော အမေရိကန်အင်ပါယာကြီး ပေါ်ထွန်းလာခဲ့ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့ အာရှက ဟောင်ကောင်၊ စင်ကာပူ၊ အိန္နိယ နဲ့၊ အာဖရိကနိုင်ငံများစွာ၊ သြစတြေးလျား၊နယူးဇီလန်၊ကနေဒါ စတဲ့နိုင်ငံများ တိုးတက်ကြီးပွားလာပါတယ်။ အိုလံပစ်မှာ လွတ်လပ်တဲ့နိုင်ငံများဖြစ်တဲ့ အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ စကော့တလန်၊ ဝေးနိုင်ငံ တို့ပေါင်းပြီး ဂရိတ်ဗြိတိန် Great Britain အမည်နဲ့ စုပေါင်းပြီး တခုတည်းကိုယ်စားပြုပါတယ်။ အခု လန်ဒန်အိုလံပစ်မှာ ထိပ်ဆုံးရောက်လာတဲ့ တရုပ်နိုင်ငံဆိုရင် အင်္ဂလိပ်စကားကိုပဲ အဓိကထားပြီး ကမ္ဘာကို ထိုးဖေါက်၊ ထိပ်ရောက်လာတဲ့ မဟာအင်အားကြီးနိုင်ငံဖြစ်နေပါပြီ။ အမေရိကန်၊ ရုရှား အင်ပါယာများကို ကျော်ပြီး တရုပ်စီးပွားရေးအင်ပါယာကြီးဟာ အံဘွယ်တပါးဖြစ်လာချိန်၊ အိုလံပစ် အားကစားလောကကိုပါ ထိပ်ဆုံးနေရာရောက်နေပါတယ်။ ကျုပ်တို့ အရှေ့တောင်အာရှနိုင်ငံများလည်း အင်္ဂလိပ်စကားကို နံပါတ်(၁) နိုင်ငံတကာဆက်သွယ်ရေးလမ်းအဖြစ် သုံးပြီး စီးပွားရေးနည်းနဲ့ ဥရောပ၊ အမေရိကန်၊ တရုပ်တို့လွှမ်းမိုးမှုကို ကြံ့ကြံ့ခံနေရပါတယ်။ လန်ဒန်အိုလံပစ်အကြောင်းရေးရင်း အင်္ဂလိပ်များဟာ ခေသူမဟုတ်ကြောင်း၊ အင်္ဂလိပ်က မြန်မာပြည်ကိုသိမ်းပိုက် ပြီး ၁၉၈၅-၁၉၄၈ (၆၄နှစ်) အတွင်း မြန်မာနိုင်ငံအတွက် ကောင်းတဲ့ဖက်ကကြည့်ရင် အကျိုးပိုရှိတယ်လို့ ထင်မိပါတယ်။ အင်္ဂလိပ်အားကို ပုဆိန်ရိုးလို့ စာရင်းသွင်းခံရလဲ မတတ်နိုင်ပါ။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားက အင်္ဂလိပ်လူမျိုးကို မမုန်းပါဘူး။ အင်္ဂလိပ်ရဲ့ နယ်ချဲ့စနစ်ကို မကြိုက်တာပါ ..ဆိုတဲ့အတိုင်း၊ ဒီဆောင်းပါးမှာ အင်္ဂလိပ်ဆီက ကောင်းတဲ့အချက်များကို နမူနာအဖြစ် ဖေါ်ပြပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများဟာ၊ ပေါ်တူဂီ၊ နယ်သာလန်၊ ပြင်သစ်၊ စပိန်၊ အမေရိကန် စတဲ့ အင်အားကြီးနိုင်ငံများက သိမ်းပိုက်၊ အုပ်ချုပ်ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံ တခုပဲ အပေးအယူလုပ်ပြီး ဘုရင်စနစ်ကို အသိမ်းပိုက်မခံခဲ့ရပါဘူး။ ကျုပ်အမြင်ကတော့ အင်္ဂလိပ်လက်အောက်ဖြစ်ရတာကို တခြားလူမျိုးရဲ့ ကိုလိုနီဖြစ်တာထက် တော်ပါသေးလို့ ခံယူပါတယ်။ အခု မြန်မာပြည်ပြုပြင်ပြောင်းလဲရေးမှာ ဥပဒေအားလုံး (အခြေခံဥပဒေကအစ) အင်္ဂလိပ်လို ကမ္ဘာလက်ခံနိုင်တဲ့ နည်းဥပဒေများစွာ ရှိနေတုန်းပဲဆိုတော့ ဗီယက်နမ်၊တရုပ်၊ ကိုးရီးယားတွေလို ပြုပြင်ပြောင်းလဲရေးလုပ်မဲ့ ဥပဒေပညာရှင်များ လုပ်ရတာ အရမ်းလွယ်ပါတယ်။ လုပ်ခွင့်ပေးဖို့ပဲ ကျန်ပါတော့တယ်။

 

No comments: