
ပုဂ္ဂလိကစက်သုံးဆီဆိုင်များတစ်နိုင်ငံလုံးတွင် ၃၉၁ ဆိုင်ဖွင့်လှစ်ခွင့်ပြုခဲ့ရာ ယင်းတို့မှ ရရှိသော အခွန်မှာ ကုန်သွယ်လုပ်ငန်းခွန်အနေဖြင့် ၂၀၁၀-၁၁ ခုနှစ်တွင် ကျပ်သန်းပေါင်း ၃၀၁၁၀.၉၅၂သန်း၊ ၂၀၁၁-၁၂ ခုနှစ်တွင် ကျပ်သန်းပေါင်း ၆၂၁၁၆.၆၁၆ သန်းနှင့် ယခုနှစ် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန်လအထိ ၂၉၆၁၁.၃၆၈ သန်း ရရှိခဲ့ပြီး စုစုပေါင်း ၁၂၁၈၃၈.၉၃၆ ရရှိခဲ့ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဝင်းရှိန်က ယနေ့ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စုတထ္ထပုံမှန်
အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် ပြောကြားသွားသည်။
အလားတူ ၀င်ငွေခွန်အနေဖြင့်လည်း ၂၀၁၁-၁၂ ခုနှစ်တွင် ကျပ်သန်းပေါင်း ၁၁၁၀၅.၆၇၆ သန်း နှင့် ၂၀၁၁-၁၂ ခုနှစ်တွင် ၂၁၉၁၆.၆ သန်းရရှိခဲ့ပြီး စုစုပေါင်း ၃၃၀၂၂.၂၇၆ သန်းရရှိခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်ရွှေ၏ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ရောင်းချသည့် ပုဂ္ဂလိက စက်သုံးဆီများမှ နိုင်ငံတော်အတွက် အခွန်မည်မျှထမ်းဆောင်နိုင်ခဲ့သည်ကို သိရှိလိုခြင်းနှင့် စပ်လျင်းသည့်မေးခွန်းအား မေးမြန်းရာတွင် ဘဏ္ဍာအခွန် ဒုတိယ၀န်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment