မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအတွက် Capital in kind စနစ်ဖြင့် တင်သွင်း ခဲ့သော ဆောက်လုပ်ရေး
လုပ်ငန်း သုံး စက်ပစ္စည်း/ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
သြဂုတ်လ ၈ ရက်နေ့ က နေပြည်တော် စက်မှု ၀န်ကြီးဌာန ၌ ပြုလုပ်သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင် အစည်းအဝေး ၏ ဆုံးဖြတ်ချက် အရ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေး သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း(ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန)နှင့် အဖွဲ့ဝင်များဖြစ်သော ဦးဇော်မင်း(ပြည်ထောင်စုဝန်ကြီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန)၊ ဦးလှထွန်း(ပြည်ထောင်စုဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးတင်နိုင်သိန်း (ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ လက်ရှိတွင် လုပ်ငန်းများ ရပ်ဆိုင်းထား ၍ မည်သည့် အချိန်တွင် ပြန်လည် စတင်လုပ်ဆောင် ရမည်ကို မသိရှိရ သောကြောင့် ထိုသို့ ပြန်လည် ပို့ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မြစ်ဆုံ စီမံကိန်းကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ တွင် အမှတ်(၁) လျှပ်စ စ်စွမ်းအားဝန်ကြီးဌာနနှင့် CPI ကုမ္ပဏီ တို့ MOU ရေးထိုးခဲ့ပြီး ၂၀၀၉ ခုနှစ် မတ် လတွင် လုပ်ငန်း စတင် အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံ တော် သမ္မတ နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့မှ မိမိတို့ အစိုးရ သက်တမ်း ကာလအတွင်း ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သတင်း-Eleven Media Group
No comments:
Post a Comment