ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသားများဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက်
နေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက
စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏
ကောင်းကျိုးများကိုသာ လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈
မျိုးဆက်ကျောင်းသား ဦးအောင်နိုင်ဦးက ရှင်းပြသည်။
ယင်းသို့ မြိတ် ၈၈ အတုအဖွဲ့ ပေါ်လာခြင်းကြောင့် မလိုလားအပ်သည့်
ပြဿနာများ၊ ဆူပူမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ၊ မြိတ်မြို့ ၈၈
မျိုးဆက်ကျောင်းသားများက မလုပ်ဆောင်သည့် ကိစ္စများကို ပြည်သူလူထုက
အထင်မှားလာနိုင်ကြောင်း ၄င်းကဆိုသည်။
ရန်ကုန်မြို့တော်ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးအနေနှင့် မြိတ်ဒေသရှိ
၈၈မျိုးဆက်ကျောင်းသား နှစ်ဦးဖြစ်သော ဦးတင်ကိုကိုဦးနှင့်
ဦးအောင်နိုင်ဦးတို့နှင့်
အဓိက ဆက်သွယ်ဆောင်ရွက်ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့်ပတ်သက်ပြီး
ပုံသဏ္ဍန်အမျိုးမျိုးဖြင့်နာမည်ပျက်စေရန် အလွဲသုံးစားပြုလုပ်ခြင်း မကြာခဏ
ကြုံတွေ့ရကြောင်း
၎င်းကဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ ( မြိတ်ခရိုင်) အား အဖွဲ့ဝင် ၈ ဦးဖြင့်
လက်ရှိ ဖွဲ့စည်းထားပြီး ဦးပေါ်အင်၊ ဦးလှမော်၊ ဦးအောင်နိုင်ဦး၊
ဦးတင်ကိုကိုဦး၊ ဦးမိုးသူအောင်၊
ဦးအောင်ကိုယု၊ ဦးသူရအောင် နှင့် ဦး ကိုကိုနိုင် တို့က သက်ဆိုင်ရာ
မြို့နယ်များကိုကိုယ်စားပြုကာ ဖွဲ့စည်းထားကြောင်း မြိတ် ၈၈မျိုးဆက်ကျောင်းသား များက တရားဝင် သတင်းထုတ်ပြန်သည်။
No comments:
Post a Comment