မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ အောင်အောင်မြင်မြင်
ဖြတ်ကျော်နိုင်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်း
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က
အမေရိကန်တွေနဲ့သီးသန့်တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂ ရက်က
နယူးယောက်မြို့ Queens College တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးအကြောင်း
ရှင်းလင်း ပြောပြနေစဉ်။
နယူးယောက်မြို့ Queens College မှာ မနေ့က မနက်ပိုင်း ၁၀ နာရီလောက်က
အမေရိကန်တွေနဲ့ သီးသန့် တွေ့ဆုံပွဲမှာ မြန်မာ့ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးအကြောင်း ရှင်းလင်း ပြောပြစဉ်မှာ ထည့်သွင်း
ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေးကာလ ကျော်ဖြတ်ပြီးတာနဲ့ စစ်အာဏာရှင်စနစ် မတိုင်ခင် ကြွယ်ဝချမ်းသာတဲ့နိုင်ငံအဆင့်ကိုပြန်လည်ရောက်ရှိနိုင်မယ်လို့လည်းမိမိအနေနဲ့ မျှော်လင့်ချက်ထားကြောင်း
မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေးကာလ ကျော်ဖြတ်ပြီးတာနဲ့ စစ်အာဏာရှင်စနစ် မတိုင်ခင် ကြွယ်ဝချမ်းသာတဲ့နိုင်ငံအဆင့်ကိုပြန်လည်ရောက်ရှိနိုင်မယ်လို့လည်းမိမိအနေနဲ့ မျှော်လင့်ချက်ထားကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
နေ့လည်ပိုင်းမှာတော့နယူးယောက်မြို့ကိုလံဘီယာတက္ကသိုလ်မှာဆရာဆရာမတွေ၊ ကျောင်းသူ ကျောင်း
နေ့လည်ပိုင်းမှာတော့နယူးယောက်မြို့ကိုလံဘီယာတက္ကသိုလ်မှာဆရာဆရာမတွေ၊ ကျောင်းသူ ကျောင်း
သားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့
စာသင်ကျောင်းတွေ တက္ကသိုလ်တွေဟာ ဘယ်လိုအခြေအနေလဲဆိုတာ သိရှိအောင်
ကိုလံဘီယာကျောင်းသူ ကျောင်းသားတွေ ကိုယ်တိုင် လာရောက်လည်ပတ်ကြဖို့
တိုက်တွန်းလိုပါတယ်။ အဲဒီလို လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံက လူငယ်တွေ
ကျောင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှသာ ဘယ်လို ကူညီနိုင်မလဲဆိုတာကို
သိရှိမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာမနေ့ကမနက်ပိုင်းကလည်းနယူးယောက်မြို့အပြင်အနီးအနား ပြည်နယ်တွေက
ဒေါ်အောင်ဆန်းစုကြည်ဟာမနေ့ကမနက်ပိုင်းကလည်းနယူးယောက်မြို့အပြင်အနီးအနား ပြည်နယ်တွေက
မြန်မာမိသားစု ၃၀၀၀ လောက်နဲ့လည်း
တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
RFA Burmese
RFA Burmese
No comments:
Post a Comment