ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်
မဲမသမာမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားမှုများတွင် NLD
ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီနှင့် လှည်းကူးမဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိန်း တို့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက မေလ ၁၀ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။

အဆိုပါအမှုများကိုနေပြည်တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခုံရုံးများတွင်စစ်ဆေးခဲ့ပြီးပြည်ခိုင် ဖြိုးကိုယ်စားလှယ်များ၏
စွပ်စွဲချက်များမှာမှားယွင်းပြီးရွေးကောက်ပွဲတွင် မတရားပြုကျင့်မှု
တစ်စုံတစ် ရာပြုလုပ်ခဲ့ခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။
စွပ်စွဲခံရသူလေးဦး၌
နောက်ဆုံး ဆုံးဖြတ်မှုအဖြစ် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဖြိုးမင်းသိန်းကို ရွေးကောက်ပွဲတွင် တရားမျှတမှုရှိကြောင်း
စက်တင်ဘာလ၂၀ရက်နေ့က စီရင်ချက် ချခဲ့သည်။
''စွပ်စွဲမှုတွေမှာကျွန်တော်တို့အားလုံးအနိုင်ရတယ်။ကျွန်တော့်ကိုပြည်ခိုင်ဖြိုးကိုယ်စားလှယ်
ဒေါက်တာအောင်မြတ်သူက ရွေးကောက်ပွဲမှာ
မတရားလုပ်ခဲ့တယ်။ တရားမဲ့ပြုကျင့်ခဲ့တယ်ဆိုတာမျိုး စွပ်စွဲတာ။
စွပ်စွဲမှုတွေဟာ မှားယွင်းတယ်။ မတရားပြု ကျင့်မှု မလုပ်ခဲ့ဘူးဆိုပြီး
စီရင်ချက်ချတယ်။ တရားရုံး ကုန်ကျ စရိတ်ကိုတော့ နှစ်ဖက်စလုံးကို
ပြန်ထုတ်မပေးဘူး''ဟု ဦးဖြိုးမင်းသိန်းက ပြောပါသည်။
From-EMG
No comments:
Post a Comment