Friday, 18 October 2013
အမေရိကန်ပြည်ထောင်စု၏ ၃၅ ဆက်မြောက် သမ္မတ ဖြစ်သည့် ဂျွန်အက်ဖ်ကနေဒီ (၂၉.၅.၁၉၁၇ -၂၂.၁၁.၁၉၆၃) ၏သမီးဖြစ်သူ ကာရိုလိုင်းကနေဒီ(Caroline Bouvier Kennedy) ကိုဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု ၏ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသောသံအမတ်ကြီးအဖြစ် အောက်တိုဘာ ၁၆ ရက်က အတည်ပြုခန့်အပ်လိုက်သည်။သူသည်သမ္မတကနေဒီ၏ ဒုတိယသမီးဖြစ်သည်။ သူ့ကို ၁၉၅၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက် တွင် နယူးယောက်၌ မွေးသည်။ အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။
ခင်ပွန်းဖြစ်သူ အက်ဒွင်အာသာ နှင့် ၁၉၈၆ တွင် လက်ထပ်သည်။ သားသမီး ၃ ဦးထွန်းကားသည်။ ရှေ့နေ၊ စာရေးဆရာ၊အယ်ဒီတာ လုပ်ငန်းများကိုဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ရိုမင်ကသလစ်ဘာသာဝင်တစ်ဦး ဖြစ်ပြီး၊ ၁၉၇၅ ခုနှစ်တွင် မက်ဆာချူးဆက်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရပြီး ကိုလံဘီယာဥပဒေကျောင်းမှာ ဥပဒေဆိုင်ရာ မဟာဘွဲ့ရရှိခဲ့သူဖြစ်သည်။ ငယ်စဉ်ကပင် စာတော်သူတစ်ဦးဖြစ်သည်။ သူသည် ရှေ့နေ လုပ်ငန်းဖြင့် အသက်မွေးနေသူဖြစ်သည်။
သူ၏ဖခင် ဂျွန်အက်ဖ်ကနေ ဒီသည်အမေရိကန်ပြည်ထောင်စု ၏ ၃၅ ဆက်မြောက်သမ္မတ
အဖြစ် (၂၀-၁-၁၉၆၁) ခုနှစ်မှ လုပ်ကြံခံရသည့် (၂၂-၁၁-၁၉၆၃) ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်ဒေသ စစ်မျက်နှာတွင် ဖက်ဆစ်ဂျပန်များကို
တွန်းလှန်တိုက်ခိုက်ခဲ့သည့် ““စစ်သည်တော်ကြီး တစ်ဦး”” ဖြစ်သည်။
ကာလိုလိုင်း (ကာရိုလင်း)ကို ယခုကဲ့သို့ ဂျပန်သံအမတ်ကြီး အဖြစ်
ခန့်အပ်ခြင်းမှာ ဂျပန်-အမေရိကန်ဆက်ဆံရေးကဏ္ဍသစ်တစ်ရပ်ကို
လှစ်ဟဖွင့်ပြသလိုဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များ က ပြောသည်။
Hot News Journal

No comments:
Post a Comment