Tuesday, October 15, 2013
အမေရိကန်နိုင်ငံမှာ အဓိကပါတီနှစ်ခုကြား သဘောထားမတိုက်ဆိုင်မှုတွေကြောင့် အစိုးရအသုံးစရိတ် ဆိုင်ရာ အငြင်းပွားမှုဖြစ်နေပြီး ဘဏ္ဍာရေးနှစ်အတွက်အသုံးစရိတ်တွေ မသတ်မှတ်နိုင်သေးတဲ့ ပြဿနာဟာ မကြာခင်မှာ ပြီးဆုံးသွားမယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်လာပေမယ့် အမေရိကန်သမ္မတကတော့ တကယ် တိုးတက်မှုရှိမရှိဆိုတာကို စောင့်ကြည့်ရမယ်လို့ ပြောလိုက်ပါတယ်။
သမ္မတဘားရက်အိုဘားမားက ဆီးနိတ်လွှတ်တော်အတွင်းမှာ တိုးတက်မှုတွေရှိနေပေမယ့် တကယ်တိုးတက် မှု ရှိမရှိဆိုတာကို စောင့်ကြည့်နေတယ်လို့ ပြောလိုက်ပါတယ်။
အမေရိကန် ဘတ်ဂျက် ဥပဒေပြဿနာကြောင့် အစိုးရဌာနတချို့ ပိတ်ချထားရပြီး သိန်းနဲ့ချီတဲ့ အစိုးရအမှု ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်နေရပါတယ်။
ဒီလိုပြဿနာကြောင့် အမေရိကန်လွှတ်တော်အမတ်တွေအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်နေ ပါတယ်။
အမေရိကန်နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကြောင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းတွေ တဖြေးဖြေးကျဆင်းမယ့် အနေအထားရှိနေပြီး သြစတြေးလျဒေါ်လာဈေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ခုအချိန်မှာ သြစတြေးလျဒေါ်လာဈေးနှုန်း မြင့်တက်နေပြီး အမေရိကန်နိုင်ငံက ပြဿနာမဖြေရှင်းနိုင်ရင် ဒိထက်မက မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးသုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။
ABC

No comments:
Post a Comment