Monday, October 14, 2013

ပြည်သူကို အသုံးချ ခုတုံးလုပ်ကာ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး မလုပ်သင့်


Monday, October 14, 2013
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာခဲ့သည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ အစိုးရနဲ့ လွှတ်တော်များရဲ့သက်တမ်းဟာ(၅)နှစ်သာဖြစ်တဲ့အတွက် ၂၀၁၅ခုနှစ်မှာ ရွေးကောက်ပွဲကြီးတစ် ခုကျင်းပ ရမှာဖြစ် ပါတယ်။ ၂၀၁၅ခုနှစ်မှာ သမ္မတလုပ်ဖို့ ထုတ်ဖော်ပြောဆိုလာသူများရှိနေသလို မပြောဘဲနေသူ များလည်းရှိနေပါတယ်။ လက်ရှိအနေအထားအရတော့ သူရဦးရွှေမန်းနဲ့ဒေါ်အောင် ဆန်းစုကြည် တို့နှစ်ဦးက တော့ ၂၀၁၅မှာ သမ္မတလုပ်မယ်လို့ တရားဝင်ပြောဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁ ၅မှာသမ္မတဖြစ်ဖို့ဆိုရင်၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးရမှာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖြစ်တဲ့နည်းနဲ့ ပြင်ပေးဖို့ တောင်းဆို နေသလို ပြင်မပေး ဘူးဆိုရင် အခြေအနေတွေဆိုးရွားသွားနိုင်တယ်လို့ ကြိုတင်ဟောကိန်းထုတ်ထားခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကလည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်း ပုံအခြေခံ ဥပဒေကိုပြင်ဆင်ပေးမယ်လို့ကတိပြုထားပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထော င်စုလွှတ်တော်မှာ လေ့လာ သုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လွှတ် တော်အထဲမှာ ပြင်ဆင်ဖို့ လုပ်ဆောင်နေစဉ်အတွင်းမှာ လွှတ်တော်ပြင်ပမှာလည်း ပြင်ဆင်လိုသူ၊ အသစ်ပြ န်လည်ရေးဆွဲလိုသူတွေ ပေါ်ပေါက် လာပါတယ်။

ဒီအဖွဲ့တွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်ပါတယ်။ သူမ အနေနဲ့ လွှတ်တော်အတွင်းက ပြင်ဆင်နေတာကို မစောင့်နိုင်ဘဲအခြေခံဥပဒေပြင်ဆင်ရေးဒါမှမဟုတ် အသ စ်ပြန်လည် ရေးဆွဲရေးတွေလုပ်ဆောင်နေပါတယ်။နောက်ဆုံးအခြေအနေမှာတော့ NLD ပါတီအနေနဲ့ အေ ခြခံဥပဒေကိုပြင်ဖို့ဒါမှ မဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ ပြည်သူလူထုရဲ့သဘောထား ရယူမယ်ဆိုပြီး လုပ်ေ ဆာင်နေပါတယ်။ဝါရင့်နိုင်ငံရေး သမားကြီးတွေနဲ့ ဥပဒေပညာရှင်အချို့ကတော့ ပြည်သူလူထုကိုခုတုံးမ လု ပ်သင့်ဘူးလို့ပြောပါတယ်။

“ပြည်သူက အသစ်ပြန်ရေးချင်တယ်ဆိုလို့ ကျွန်တော်တို့က အခြေခံဥပဒေအသစ်တစ်ခုရေးမယ်ဆိုရင် ပြည် သူက အခြေခံဥပဒေကို ဘယ်လောက်နားလည်လဲ။ ဒီမှာအားသာချက်၊ အားနည်းချက်ဆိုပြီးပြည်သူကို ဆွဲေ ခါ် တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာသင်လာတဲ့သူတစ်ယောက်အမြင်မှာတော့ ပြည်သူကို ဆွဲခေါ် တာမျိုးမလုပ် သင့်ဘူး။ 

ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ခုနှစ်ကနေ ၂၀၀၈ခုနှစ်အထိ ၄၉ နှစ်လုံး ကျွန် တော်တို့မှာ အခြေခံဥပဒေမရှိဘူး။ ကျွန်တော်တို့ယဉ်ကျေးမှုထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန် တော် လည်း နားမလည်ဘူး“

ဒါကတော့အမေရိကန်နိုင်ငံသားခံယူထားတဲ့ ဒေါက်တာဆလိုင်းငွန်ကျုံးလန်ရဲ့အမြင်သဘော ထားဖြစ်ပါ တ ယ်။ ၂၀၀၈ခုနှစ်ဥပဒေကို အစအလယ်အဆုံး မသုံးခင်မှာကို ပြင်ဆင်ချင်တယ်၊ အသစ်ရေးဆွဲချင်တယ် ဆို တဲ့သဘောထား ဟာ တိုင်းပြည်နဲ့လူမျိုးရဲ့ကောင်းကျိုးကိုရှေးရှုတာလား၊ မိမိတို့ရဲ့ ကိုယ်ကျိုးကိုေ ရှ့တန်း တင်တာလားဆိုတာ ကာယကံ ရှင်တွေ အသိဆုံးဖြစ်ပါတယ်။

NLDပါတီအနေနဲ့ တင်းပြည့် ကျပ်ပြည့်အာဏာရပါတီ မဖြစ်သေးတာတောင်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အသ စ်ရေးဆွဲရေးကို လွှတ်တော်က ပေါ်ထွက်လာမယ့်အဖြေကို မစောင့်ဘဲလုပ်ဆောင်ရန် ပြင်ဆင် နေခြင်းမှာ သဘာဝမကျလှပါ။ ယခု NLD က လုပ်ဆောင်မယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်သူ့ သဘောထား ရ ယူမယ်ဆိုတဲ့စကားဟာ ဒေါ်အောင်ဆန်းစုကြည်အားကိုးနဲ့ ပြောဆိုလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဒေါ် အောင် ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရနှင့် လွှတ်တော်အား ရန်တိုက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ လူ ထုအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း မျက်နှာကြော င့်N LD ကိုယ်စားလှယ်များအားမဲထည့်လိုက်ခြင်းဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်သာ ဒီလိုနေထိုင်ပုံနဲ့ ဗိုလ်ချုပ် သမီး မဟုတ်ဘဲ ရိုးရိုးသာမန်လူတစ်ယောက်ရဲ့သမီးဖြစ်နေရင် ဘယ်သူမှ လှည့်ကြည့်မှာမဟုတ်ပါဘူး။

ကြားဖြတ် ရွေးကောက်ပွဲနဲ့လွှတ်တော်တက်ခဲ့တဲ့ NLDကိုယ်စားလှယ် အများစုမှာ ဒေသအကျိုးအတွက် လုပ် ဆောင်တာမျိုး မရှိခဲ့ပါ။ မဲထည့်ပေးလိုက်သော ဒေသခံများမှာ မိမိတို့လူရွေးမှားသွားပြီဆိုသော စကားသံမှ အပ ဘာမှလုပ်၍ မရ တော့ပါ။ တကယ်နစ်နာလိုက်ရတာက ဒေသခံပြည်သူ အများစု ဖြစ်ပါတယ်။ ပြည်သူ လူထု၏ ယုံကြည်ကိုးစားခြင်း အပေါ် NLD က အသုံးချကာ လွှတ်တော်သို့တက်ရောက် သွားခဲ့ခြင်းဖြစ်ပါ တ ယ်။

ယခုဖွဲ့စည်းပုံပြင်ဆင်ရေးပြည်သူသဘောထားရယူမည့်ကိစ္စမှာတော့ ပြည်သူလူထုတစ်ရပ်လုံးက တခဲနက် ထောက်ခံမှုရတော့မှာ မဟုတ်သလို ပြည်သူလူထုအတွင်း သဘောထားအမြင်ကွဲလွဲမှုများသာ တိုးပွား လာ မှာဖြစ်ပါ တယ်။ ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ရှုပ်ထွေးလာမှာဖြစ်သလို့ သက်တမ်းနုနယ်သေးတဲ့ ဒီမိုက ရေစီစနစ်တစ်ခု အတွက်လည်း မတည်မငြိမ်ဖြစ်မယ့် အန္တရာယ်တစ်ခုကို လက်ယပ်ခေါ် သလိုဖြစ်ေ နပါတ ယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်နိုင်ခြေနည်းတဲ့ အနေအထားကို သိလို့များ ပွဲဆူအောင် လု ပ်ဖို့ပြင်ဆင်နေတာလား။ ဒါမှမဟုတ်ငါ သမ္မတမဖြစ်သရွေ့ တိုင်းပြည်ဘယ်လိုဖြစ်ဖြစ် ဆိုပြီးတော့များလုပ်ေ နတာလား…ဆိုတဲ့မေးခွန်းတွေ မေးစရာ ဖြစ်လာနေပါပြီ။ဖွဲ့စည်းပုံပြင်ဆင်ဖို့ ပြည်သူလူထုရဲ့သဘောထားရ ယူရာမှာ ဘယ်လိုနည်းလမ်းကိုသုံးမှာလဲ ။ ရွေးကောက်ပွဲ အကြိုစည်းရုံးစဉ်ကလုပ်ရပ်မျိုး အသံချဲ့စက်နဲ့ေ ပြာလိုက်မယ်။

ြုပည်သူတွေကလက်ခုပ်တီးလိုက်မယ်။ဒါကိုထောက်ခံ တယ်လို့သတ်မှတ်မှာလား။ ဒါကိုထောက်ခံ တယ်လို့ သတ်မှတ်ရင် ဒီဟောပြောပွဲကိုမတက်ရောက်နိုင်တဲ့ပြည်သူတွေရဲ့ သဘောထားကို ဘယ်လိုသတ်မှတ်မလဲ။ ဒါမှမဟုတ် မဲရုံကြီးတွေဆောက်ပြီး ထောက်ခံမဲ၊ကန့်ကွက်မဲထည့်ခိုင်းမှာ လား။ဒါဆိုသဘာဝ ကျပါတယ်။ ဒါ ပေမယ့် ဒီအတွက်ကုန်ကျစရိတ်၊ လူအင်အား၊ တရားဥပေဒစိုးမိုးမှုအတွက် ဘယ်သူ ကတာဝန်ယူမလဲ။ ဒါ မှ မဟုတ် အင်တာနက်ကနေ ထောက်ခံမဲ တောင်းမှာလား၊ ဒီလိုဆိုရင်လဲ မြန်မာနိုင်ငံလူဦးရေမှာ အင်တာန က်သုံးစွဲသူက နည်းလှတဲ့အတွက် ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒအမှန်ဖြစ်ဖို့ခဲယဉ်းပါတယ်။

ဒါကြောင့်မို့ ပွင့်ပွင့်လင်းလင်းဝေဖန်သုံးသပ်ရယင် NLD ပါတီအနေနဲ့ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြ င်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေး ပြည်သူသဘောထား တောင်းခံမယ့်လုပ်ရပ်ဟာ ရလာဘ်ကောင်း တစ်ခုထွက် မလာနိုင်သလို လက်ရှိသွားနေတဲ့ဒီမိုကရေစီစနစ်ကို ပံ့ပိုးရာမရောက်ဘဲ နောက်ပြန်လှည့်ခိုင်း သလိုဖြစ်နေပါတယ်။ ပြည်သူကို အသုံးချခုတုံးလုပ်ကာ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးကို မလုပ်သင့်ကြောင်းေ ဒ်ါအောင်ဆန်းစုကြည်နှင့်NLD ပါတီဝင်တွေ သိစေချင်ပါတယ်။ ။

အေးမြင့်(လှိုင်သာယာ)

No comments: