Friday, October 4, 2013
မန္တေလးမြို့ ဆင်ဖြူကန်ကွင်းအတွင်းမှာ ရှိတဲ့ ပျိုးပင်အေရာင်းဆိုင်နဲ့ ပျိုးဥယျာဉ်ခြံတွေကို မန္တေလးမြို့ေ တ်ာစ ည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နဲ့ ကေလးကစားကွင်းဌာနက ဆက်လက် မငှားရမ်းတော့ပဲ ဖယ် ရှားခိုင်းလိုက်လို့ အေရာင်းဆိုင်မိသားစုတွေ အခက်တွေ့နြေကပါတယ်။
ပန်းပျိုးပင် အေရာင်းဆိုင်ရှင် တဦး ဖြစ်တဲ့ ဦးခင်စိုးက “စာချုပ်ထဲမှာလဲ ပါပါတယ်။ နိုင်ငံတော်ရဲ့ စီမံကိန်းရှိမှသာလျှင် ကျေန်ာတို့ကို ဖျက်သိမ်းဖို့ ပြောထားပေမယ့် ကျေန်ာတို့ မေးပါတယ်။ စီမံကိန်းဆိုတာ ဘာလဲ၊ နိုင်ငံတော်အတွက် တကယ်လုပ်မယ်၊ နို င်ငံတော်အတွက် တကယ်ထိရောက်တဲ့ ဆေးရုံတို့၊ ကျောင်းတို့ ဒါမျိုး ဆိုလို့ရှိရင် ကျေန်ာတို့ ၅ မိနစ်မေန ပါ ဘူး၊ ဖယ်ပေးလိုက်ဖို့ အဆင်သင့်ပါ။ အဲတိုင်းလည်း တင်ပြထားပါတယ်” လို့ ပြောပါတယ်။
ဆင်ဖြူကန်ကွင်းဟာ အရင်တုန်းက သင်္ချိုင်းေမြေနရာပါ။ ၁၉၉၀ နောက်ပိုင်းမှာ ကွင်းတခုလုံး ရှင်းလင်း လို က်ပြီး ပြပွဲကွင်းနဲ့ အားကစားကွင်းအြဖစ် အသုံးပြုခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ပျိုးပင်အေရာင်းဆိုင်နဲ့ ပျိုး ဥယျာဉ်ဆိုင်တွေ တည်ဆောက်ဖွင့်လှစ်ခွင့် ပြုခဲ့တဲ့အတွက် အခုချိန်ထိ ဆက်လက်တည်ရှိနေခဲ့တာပါ။
ဦး ခ င်စိုးက “သင်္ချိုင်းမြေကို စကတည်းက လုပ်ခဲ့ရတဲ့ ဒုက္ခ၊ သုက္ခေတွ အားလုံးအဆင်ပြေလာတဲ့ အခါကျမှ ဒီချမ်း သာတဲ့အုပ်စုတွေကို သူတို့က ပေးပြီးတော့ ကျေန်ာတို့လို ဒုက္ခခံခဲ့တဲ့ အဖွဲ့အစည်း အကုန်လုံးကို ဖျက်ခိုင်း နေတဲ့အတွက် ကျေန်ာတို့က သတင်းစာရှင်းလင်းပွဲနဲ့ ကျေန်ာတို့က အကူအညီတောင်းခံခဲ့ရပါတယ်။ အထ က်ကိုလည်း ကျေန်ာတို့ စာတွေ ပို့ထားပါတယ်” လို့ ပြောပါတယ်။
ဆင်ဖြူကန်ကွင်းအတွင်းမှာရှိတဲ့ ILBC ကျောင်း၊ လမင်းကားမောင်းသင်တန်း၊ စားသောက်ဆိုင်တန်းနဲ့ ဖက် ရှင်ပစ္စည်းအေရာင်းဆိုင်တွေကိုတော့ ဖယ်ရှားခိုင်းတာ မရှိဘဲ ပျိုးဥယျာဉ်ခြံမိသားစုတွေကိုသာ ဖယ်ရှားခိုင်း တဲ့အတွက် မဖယ်ရှားလိုကြောင်း မန္တေလး မြို့တော်ဝန်အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ စာပို့ထားတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဆင်ဖြူကန်ကွင်းဟာ မန္တေလးတောင်ဘက်ပိုင်းမှာ အချက် အချာ ကျတဲ့နေရာ ဖြစ်လာပြီး စီးပွားရေးလုပ်ငန်းရှင်တွေ မျက်စိကျလာတဲ့အတွက် စတင်ပြုပြင်ကတည်းက ဖွင့်လှစ်လာခဲ့တဲ့ ဆိုင်တွေကို ဖယ်ရှားခိုင်းတာဖြစ်တယ်လို့ မူလ ဆိုင်ရှင်တွေက ယူဆထားကြပါတယ်။
DVB TV News
No comments:
Post a Comment