Wednesday, October 30, 2013

လိုင်ဇာ လက်နက်ကိုင် တိုင်းရင်းသား ညီလာခံ စတင်


Wednesday, October 30, 2013



















လိုင်ဇာမြို့တွင် အောက်တိုဘာ ၃၀၊ ၃၁ နှင့် နိုဝင်ဘာ ၁ ရက်နေ့တို့တွင် ၃ ရက်ကြာ ကျင်းပဆွေးနွေးမည့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံကို ယနေ့ စတင်လိုက်ပြီဖြစ်သည်။ 

သမ္မတဦးသိန်းစိန်က "အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များနှင့် ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များချမှတ်ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲခြင်း သဘောတူ ညီချက် လက်မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် တို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်" ဟု သဝဏ်လွှာ ရေးသားပေးပို့သည်။ 

The Irrawaddy (Burmese Version)

No comments: