Friday, October 18, 2013
Lao Airline ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဗုဒ္ဓဟူးနေ့က လာအိုတောင်ပိုင်းတွင် မိုးသည်းစွာ ရွာသွန်း၍ လေပြင်း များတိုက်ခတ်နေစဉ်အတွင်း ဆင်းသက်ရန်ပြင်ဆင်နေစဉ် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူဒါဇင် များစွာသေဆုံးခဲ့သည်ဟု လေကြောင်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံနှင့်
နယ်စပ်အနီးရှိ လေဆိပ်သို့ ဆင်းသက် ရန်ပြင်ဆင်စဉ် ညနေ၄နာရီခန့်
တွင်ဖြစ်ပွားခဲ့သော ပျက်ကျမှု၌ ခရီးသည်၄၄ဦးအပါအဝင် စုစု ပေါင်း ၄၉ဦး
သေဆုံးခဲ့ကြောင်း Lao Airline မှ ဒု-ဥက္ကဋ္ဌတစ်ဦး ဖြစ်သူ ချာလမ်းတိုင်ယာလက်က ပြောကြားခဲ့သည်။
တိုင်ဖွန်းနရီ၏ အကြွင်း အကျန်လေပြင်းများကြောင့် လေယာဉ်မှူးများက ATR72 လေ ယာဉ်ကို မထိန်းချုပ် နိုင်ခဲ့ကြောင်း ကနဦးအစီရင်ခံစာတစ်ခုကို ကိုးကား၍ တိုင်ယာလက်က ပြော ကြားခဲ့သည်။ သေဆုံးသူ များတွင် လာအိုခရီးသည် ၁ရ ဦး၊ လေယာဉ်အမှုထမ်း ငါးဦး၊ ပြင်သစ် ခုနစ်ဦး၊ ဩစတြေးလျ ငါးဦး၊ ထိုင်း ငါးဦး၊ ကိုရီးယား သုံးဦး၊ အမေရိ ကန်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်ဝမ် တစ်ဦးစီတို့ပါဝင်သည်ဟု ရိုက်တာသတင်းအရ သိရသည်။
ဩစတြေးလျနိုင်ငံခြားရေး နှင့် ကုန်သွယ်ရေးဌာနကမူ လေယာဉ်ပေါ်တွင် ဩစတြေးလျ ခြောက်ဦးပါရှိ ခဲ့သည်ဟု ဆိုသည်။
လေယာဉ်သည် မဲခေါင်မြစ်အတွင်းရှိ ကျွန်းတစ်ကျွန်းအနီးသို့ ပျက်ကျခဲ့ကြောင်း အမျိုးသား သတင်း အေဂျင်စီ KPL က အစီရင်ခံခဲ့သည်။ လေယာဉ်သည် မြို့ တော်ဗီယင်ရှင်းမှ ပက်ဆီသို့သွားရောက်စဉ် ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနမှ အရာရှိတစ်ဦးကပြောကြားခဲ့သည်။
Yangon Media Group

No comments:
Post a Comment