Monday, October 14, 2013

ဒီမိုကရေစီစနစ်ကျဖို့ ကာချုပ်ကို သမ္မတ က ခန့် ရမယ်


Monday, 14 October 2013

ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလတွင်တိုင်းပြည်၏ အနာဂတ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့်စစ်မှန်သောဒီမို ကရေစီနိုင်ငံတော်သစ်ပေါ်ထွန်း ရေးအတွက်၊အစိုးရ၊ ပါတီအဖွဲ့ စည်းများနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့စည်းများက ၂၀၀၈ အခြေခံဖွဲ့စည်းပုံကိုပြင်ဆင်နိုင်ရေး အတွက်အကြံပြုဆွေးနွေး တိုင်ပင် လျက်ရှိရာအဆိုပါကိစ်္စအပေါ် ဒေါ်ခင်မမမျိုး(နိုင်ငံရေးသုတေသီ)ကို တွေ့ဆုံမေးမြန်းခဲ့ဖြစ်ခဲ့ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာနိုင်ငံသားတွေစစ်မှုထမ်းဖို့တာဝန်ရှိတယ်လို့ထားတာကိုအသက်ဝင်ဖို့ အတွက် လွှတ်တော်မှာတင်ပြဆွေး နွေးမှုတွေရှိပါတယ်။ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေတိုင်းမှာဒီ ဥပဒေရှိ ပါသလားခင်ဗျား။

စစ်မှုမထမ်းမနေရဥပဒေကို ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေ မှာတစ်ချို့ပြဋ္ဌာန်းထားတာရှိသလို တစ်ချို့နိုင်ငံ တွေမှာပြဋ္ဌာန်းထား ခြင်းမရှိပါဘူး၊ ဒီမိုကရေစီထွန်း ကားဖို့နဲ့စစ်မှုမထမ်းမနေရဆိုတာ အမြဲယှဉ်တွဲနေတဲ့ ထွန်းကားမှုသွင် ပြင်လက္ခဏမျိုးမဟုတ်ပါဘူး။

ဒါပေမဲ့စစ်မှုမထမ်းမနေရဥပဒေကို အသက်ဝင်ဖို့လုပ်နေတယ်ဆိုရင် လက်ရှိရှိနေတဲ့စစ်တပ်အင်အားကို ဘယ်လိုပုံစံမျိုးပြုပြင်ပြောင်းလဲမှု လုပ်မှာလည်းဆိုတာမူဝါဒချပြီး တော့မှစစ်မှုမထမ်းမနေရဥပဒေ တင်သွင်း မှုတွေရှိဖို့လိုအပ်ပါတယ်၊ နိုင်ငံကြီးတွေမှာစစ်တပ်ကမထွက်ဘူးဆိုရင်၊ သူ့ဆန္ဒနဲ့အရပ်ဖက်ကို ကျန်းမာရေး အနေထားရ၊လိုအပ်ချက်အနေထားအရပြောင်းရွေ့ နေရာချထားမှုတွေရှိပါတယ်သက် တမ်းကိုငါးနှစ်(သို့)ဆယ်နှစ်ချုပ်ပြီး ပြီးဆိုင်ရင် စာချုပ်ထဲမှာပါတဲ့ ကတိက၀တ်တွေကို(၂)ဖက်စလုံး ကလိုက်နာရမှာဖြစ်ပါတယ်။ ဒါကိုအင်အားအသုံးပြုပြီးတော့အမိန့် တစ်စုံတစ်ရာအသုံးပြုပြီးတော့ ဆက်လက်ပြီးအမှုထမ်းဖိုဆိုရင် ဒါဟာ စစ်တပ်နဲ့ပတ်သက်ပြီး၊ ရာဇ၀တ်မှုမြောက်ပါတယ်။

လက်ရှိဒီမိုကရေစီအသွင်းကူး ပြောင်းရေးကာလမှာစစ်တပ်က မြေသိမ်းခဲ့တဲ့ကိစ်္စတွေကိုဖြေရှင်း နေရပါ တယ်။ဒီမိုကရေစီထွန်း ကားတဲ့နိုင်ငံတွေမှာရော၊စစ်တပ်ကနေ မြေယာသိမ်းဆည်းမှုတွေပြု လုပ်လေ့ရှိ ပါသလားခင်ဗျာ။

နိုင်ငံတော်ရဲ့မြေယာပိုင်ဆိုင် မှုကိုဘယ်လိုအခွင့်ရေးမျိုးတွေ ပြဋ္ဌာန်းထားသလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ စစ်အာဏာရှင်လိုနိုင်ငံမျိုးတွေမှာလယ်ယာ မြေသိမ်းဆည်းမှုမျိုးတွေရှိတတ်ပါတယ်။

ဒီမိုကရေစီထွန်းကားပြည့် ၀တဲ့နိုင်ငံတွေမှာပြည်သူတွေရဲ့ လယ်ယာပိုင်ဆိုင်ရေးအပြည့်ဝရှိတာဖြစ် တဲ့အတွက်၊ ဒီလိုမတရား သိမ်းပိုက်ခြင်းဆိုတာမရှိတော့ပါဘူး။

ဒီမိုကရေစီထွန်းကားပြည့်ဝတဲ့နိုင်ငံ တွေမှာစစ်တပ်ပိုင်စီးပွားရေးလုပ် ငန်းတွေကိုလုပ်ကြပါသလားခင်ဗျာ။

ဒီမိုကရေစီနိုင်ငံတစ်ခုမှာစစ် တပ်ကနေစီးပွားရေးလုပ်တာမရှိပါဘူး။အဲဒီလိုမျိုးစစ်တပ်ကနေ စီးပွားရေး လုပ်ရတဲ့ အခြေအနေက စစ်တပ်ကိုလစာပေးဖို့ဘဲဖြစ်ဖြစ်၊ ရပိုင်ခွင့်လုပ်ပိုင်ခွင့်တွေဘဲဖြစ်ဖြစ် အဲဒီလိုမျိုးတွေ လုပ်ဆောင်ရတယ်ဆိုတာအဓိကကဘယ်ပေါ်မှာသွား ပြီးတည်းမှီနေသလဲဆိုရင်စစ်အသုံးစရိတ်ကို လွှတ်တော်ကနေ ချမှတ်ပေးမှုအပေါ်မှာမူတည်နေပါတယ်။

နိုင်ငံတော်တော်များများမှာစစ် တပ်ရဲ့စစ်အသုံးစရိတ်ထဲမှာ စစ်တပ်ရဲ့လစာနဲ့ရပိုင်ခွင့်တွေကပါ နေပြီးသား ဖြစ်ပါတယ်။ အဲဒီ အတွက်စစ်တပ်ကစီးပွားရေးလုပ် တယ်ဆိုတာမရှိတော့ဘူးဖြစ်တယ်။

စစ်အသုံးစရိတ်ကိုလွှတ်တော်က ချမှတ်ပေးတဲ့အခါကြတော့ဘယ် လောက်ရာခိုင်နှုန်းအတည်ပြုပြ ဋ္ဌာန်းပေး ထားတာရှိပါတယ်။ ဒီအသုံးစရိတ်တွေကိုသုံးစွဲတာတော့ ရှိပါတယ်။ စစ်တပ်ကစီးပွားရေး လုပ်တယ် ဆိုတာမရှိပါဘူးလို့ပြော ခြင်းပါတယ်။

၂၀၀၈ အခြေခံဖွဲ့စည်းပုံနဲ့ပတ် သက်ပြီး၊ပြင်ဆင်ရေးဆိုရင်စစ်တပ် ကလက်ခံမယ်၊ ဖျက်သိမ်းရေးဆို ရင်လက် ခံမှာမဟုတ်ဘူး အာဏာသိမ်းမှု့တွေရှိလာနိုင်တယ်လို့ပြော နေကြတဲ့အပေါ်အမြင်သဘော ထားကိုပြောပေး ပါခင်ဗျာ။

မြန်မာနိုင်ငံအသွင်းကူးပြောင်း ကာလမှာဖွဲ့စည်းပုံရှိဖို့လိုအပ်ပါတယ်။ ၂၀၀၈ဖွဲ့စည်းပုံကိုဖျက် သိမ်းခြင်း၊ မဖျက်သိမ်းခြင်းဆိုတာထက်၊ တကယ်လို့များဖျက်သိမ်း ပြီးတော့အသွင်ကူးပြောင်းမှု့လုပ်မယ်ဆိုရင်၊ အသစ် ပြန်လည် အစားရေးဆွဲကာလမှာဘယ်လို အခြေခံဥပဒေကိုအသုံးပြုမလဲဆိုတာစဉ်းစားရမယ်၊ ဒါကို စစ်တပ် က လက်ခံရင်တစ်ဖက်မှာအာဏာသိမ်းမှုဆိုတာမဖြစ်နိုင်တော့ပါဘူး။ အဲဒီအတွက် Stateholder တစ်ခု ရဲ့အားလုံးကြားထဲမှာညှိနှိုင်းမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။ တိုင်းပြည်တစ်ခုမှာအရေးကြီးတဲ့ဖွဲ့စည်းပုံ ရေးဆွဲ နေတဲ့ကာလမှာဘယ်ဥပဒေ ကိုပြဋ္ဌာန်းထားပြီးတော့၊ ဘယ် ဥပဒေကိုကြားကာလအနေနဲ့အသုံး ပြုထားမလဲ ဆိုတာကို၊စစ်တပ်၊ လွှတ်တော်၊တခြားနိုင်ငံရေးအင် အားစုကြားထဲမှာအရင်ညှိနှိုင်းထားဖို့ လိုအပ်ပါတယ်။

ဖွဲ့စည်းပုံမှာစစ်တပ်ရဲ့အခန်းကဏ္ဍကိုလျှော့ချချင်တယ်ဆိုရင်ဘယ် အချက်ကိုပြင်ဆင်သင့်တယ်လိုမြင် ပါသလဲခင်ဗျာ။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာစနစ်ကျဖို့ဆိုရင်တော့စစ်တပ် နဲ့ပတ်သက်ပြီး၊ လုပ်ငန်းဆောင်တွေ၊ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတကခန့်အပ်ရမှာဖြစ်ပါတယ်။ သမ္မတကနေခန့်အပ်ဖို့အတွက်၊ လွှတ်တော် ထဲမှာရှိနေတဲ့အမတ် တွေ၊နိုင်ငံတော်ကတာဝန်ယူဖွဲ့ စည်းထားတဲ့ကော်မရှင်တွေကနေ ထောက်ခံမှုနဲ့ အခြေပြုပြီးတဲ့အခါ ကျမှသမ္မတကနေကာကွယ်ရေးဝန်ကြီးချုပ်ကိုခန့်အပ်ရမှာဖြစ်တယ်။ အဲဒီအချက်နဲ့ ပတ်သက် ပြီးဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါ နေတာကဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီဘူး၊ ဒီအချက် တွေကိုပြု ပြင်ပြောင်းလဲနိုင်မှာသာ၊ဒီမိုကရေစီ ထွန်းကားတဲ့တိုင်းပြည်တစ်ခုဖြစ် ပေါ်နိုင်မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

Hot News Journal

No comments: