Wednesday, 16 October 2013
မြန်မာနိုင်ငံမှာ ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယနဲ့ ထိန်းသိမ်းခံထားရ သူဟာ သူတို့အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ငြင်း ဆိုလိုက်ပါတယ်။
ဗုံးဖောက်ခွဲတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူဟာ ကေအန်ယူအဖွဲ့က ဖြစ်ပြီး အစိုးရနဲ့ အပစ် ရပ်စဲရေးအေပါ် မေကျနပ်တာကို ပြသဖို့ ကြိုးစားတာ ဖြစ်ကြောင်း ကေအန်ယူအဖွဲ့ အမည်မေဖ်ာလို သူတ ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားတာပါ။
ဒီရေးသားထားချက်အေပါ် ကေအန်ယူက ငြင်းဆန်လိုက်ပြီး အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အေ ပ်ါမှာ မေကျနပ်တဲ့သူမရှိကြောင်း၊ ဒါဟာ စွပ်စွဲချက်သာဖြစ်ကြောင်း ကေအန်ယူ အတွင်းရေးမှူး ၁ ပဒို သောသီဘွဲက ပြောပါတယ်။
“အောက်ခြေက လူငယ်တွေနဲ့ အဆင့်ဆင့်ခေါင်းဆောင်တွေကလည်း ငြိမ်းချမ်းရေး မလိုချင်တာ တေယာ က်မှမရှိပါဘူး။ ကျေန်ာတို့ အထက်ရော၊ အောက်ရော ပူးပေါင်းဆောင်ရွက်နြေကတာပါပဲ။”
ကေအန်ယူ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်လို ဖျက်ဆီးလုပ် လိုသူတွေက လုပ်တာဖြစ်ပြီး ကေအန်ယူအောက်ခြေအဆင့်က ပါဝင်ပတ်သက်နေ တယ်ဆိုရင်လည်း စုံစမ်း ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။
“တကယ်လို့ ပါဝင်ပတ်သက်နေတယ်ဆိုရင်လည်း ကျေန်ာတို့ တရားမျှတစွာ ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဒါက ကျေန်ာတို့ ဗဟိုရဲ့ အစီအစဉ် မဟုတ်ဘူး။ အောက်ခြေမှာ တကယ်လို့ ဖြစ်ပျက်နေတာရှိရင်လည်း စုံစ မ်းအေရးယူသွားမယ်။ ကျေန်ာတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လုံးဝအထိခိုက်မခံပါဘူး။ ဒီကိစ္စကြဖစ်တယ် ဆိုရင်လည်း ကေအန်ယူရဲ့ ဒီကေန့ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆန့်ကျင်ဘက် လူပု ဂ္ဂိုလ် အင်အားစုတွေက ဖျက်လိုဖျက်ဆီးလုပ်တယ်လို့ပဲ မှတ်ယူပါတယ်။ ”
ဒီကေန့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတာ့ ထရိတ်ဒါး ဟိုတယ်ဗုံးပေါက်ကွဲမှုအတွက် သံသယနဲ့ ဖမ်းဆီး ထားသူဟာ စောမြင့်လွင် ခေါ် မောထြဖစ်ပြီး တောင်ငူမြို့ ဗုံးပေါက်ကွဲမှု အတွက် သံသယနဲ့ ဖမ်းဆီးထား သူ ဟာ စောထွန်းထွန်း ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။
ဖမ်းဆီးထားသူတွေဟာ ဘယ်အဖွဲ့အစည်းကဆိုတာနဲ့ ဖမ်းဆီးစစ်ဆေးမှု အေသးစိတ် အချက်အလက် တွေ ကိုတော့ အစိုးရက မထုတ်ပြန်သေးပါဘူး။
DVB TV News
No comments:
Post a Comment