Wednesday, October 16, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

Wednesday, October 16, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတ နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး General Tran Dai Quang ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲသကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး နှင့် အမျိုးသားကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်လာမှု၊ မြန်မာနိုင်ငံ၏ ခရီးသွားလာရေးကဏ္ဍတွင် ဗီယက်နမ် လုပ်ငန်းရှင်များက အမေရိကန်ဒေါ်လာသန်း ၃၀၀ လာရောက် ရင်းနှီး မြှုပ်နှံလုပ်ကိုင်နေမှု၊ ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးအတွက် အလေးထား ဆောင်ရွက်နေမှု၊ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံဘက်မှရပ်တည် ထောက်ခံအားပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိမှု၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် များစွာအထောက်အကူပြုမှု၊ မကြာသေးမီက နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ဗီဇာကင်းလွတ်ခွင့်ပြုရေး စာချုပ်အား လက်မှတ် ရေးထိုးနိုင်ခဲ့မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည် တော် ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်သည်။

http://www.president-office.gov.mm/zg/?q=briefing-room/news/2013/10/15/id-4724

No comments: