Friday, October 18, 2013

ဗြိတိန်တော်ဝင် စစ်တက္ကသိုလ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်


Friday, October 18, 2013
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လဝက်ခန့် ကြာမြင့်မည့် ဥရောပ ခရီး စဉ်အတွင်း ဗြိတိန်တော်ဝင် စစ်တက္ကသိုလ်ဖြစ်သည့် Sandhurst Military Academy တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဗြိတိန်နိုင်ငံတွင် ငါးရက် ကြာနေ ထိုင်မည် ဖြစ်ပြီး ခရီးစဉ်အတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် တွေ့ဆုံ မည် ဖြစ်ကြော င်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး မစ္စတာအင်ဒရူးပတ်ထရစ်က အတည်ပြု ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် စစ်တက္ကသိုလ် Sandhurst နှင့် မြောက်အိုင်ယာလန်သို့ သွား ရောက်လည် ပတ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။“ဒီမိုကရက်တစ် အဖွဲ့အစည်းမှာ ဗြိတိန်တပ်မတော်က ဘယ်လိုအခန်းကဏ္ဍက ပါဝင်တယ် ဆိုတာကို ပြသနိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုအရ မြောက်အိုင်ယာလန်သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သ က်သည့် လေ့လာရေး ခရီးစဉ်နှင့် Sandhurst စစ်တက္ကသိုလ် ခရီးစဉ်ကို ဗြိတိန်အစိုးရက စီစဉ်ပေးခြင်း ဖြ စ်ပြီး ဗြိတိန် တပ်မတော် အရာရှိလောင်းများ၏ လေ့ကျင့် သင်ကြားမှုကို လေ့လာသွားမည် ဖြစ်ကြောင်း ဗြိ တိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ထုတ်ပြန်ချက်များကို ကိုးကား၍ Independent သတင်းစာတွင်ေ ဖ်ာပြထားသည်။

ဗြိတိန်တော်ဝင် စစ်တက္ကသိုလ် ဖြစ်သည့် Sandhurst Military Academy သည် ဗြိတိန်နိုင်ငံ၏ အရေးပါ ဆုံး စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်း တစ်ခုဖြစ်ပြီး ဗြိတိန်တပ်မတော် အဆင့်မြင့်အရာရှိ အားလုံးမှာ San dhurst တွင် လေ့ကျင့်သင်ကြားခဲ့သူများ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပထမဆုံးဥရော ပ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဗြိတိန် အပါအဝင် ဥရောပ ငါးနိုင်ငံသို့ သွားရောက် လည်ပတ် ခဲ့ပြီး ယခုနှစ် စက်တင်ဘာလ အတွင်း၌လည်း အခြားဥရောပ သုံးနိုင်ငံသို့ သွားရောက်ခဲ့သည်။

အောက်တိုဘာလ ၁၈ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ လဝက်ခန့် ကြာမြင့်မည့် ဒေါ်အောင်ဆန်း စု ကြည်၏ တတိယအကြိမ် ဥရောပ ခရီးစဉ်တွင် ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ လူဇင်ဘတ်၊ ဗြိတိန်နှင့် အီတလီ နိုင် ငံတို့သို့ သွားရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments: