Monday, October 14, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးကြောင့် ပြည်သူလူထုအကျိုး ထိခိုက်နိုင်



Monday, October 14, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း ပြင်ဆင်မယ် (သို့မဟုတ်) အသစ် ရေးဆွဲမ ယ်ဆိုပြီး လူထုကြားမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါပြီ။ ဘာကြောင့် ကျယ်လောင် ရသလဲ ဆိုရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ Icon ဖြစ်တဲ့ ဒေါ်စုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ပြောဆို လုပ်ကိုင် လာ တာဖြစ်တဲ့ အတွက်ကြောင့်လို့ ယူဆပါတယ်။ ဒီလိုပြောဆိုလာတာတွေကို ကျွန်တော့်အနေနဲ့ သဘောကျေ ကျနပ်မိပါတယ်။ နှစ်ပေါင်း(၅၀)ခန့် ရေငုံနုတ် ပိတ်ဘ၀နဲ့နေလာခဲ့ရလို့ ယခုလိုပြောခွင့်၊ ဆိုခွင့်ရတုန်း ပြော ဆို လာတာတွေ ကိုတွေ့ ရတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ နိုင်ငံရေးအတွေး အမြင်တွေ တိုးတက် လာပြီး မိမိဆန္ဒအလျောက် ထုတ်ဖော်ပြောဆို လုပ်ကိုင် ရဲလာတာတွေ တွေ့ရလို ဖြစ်ပါတယ်။ ဒီမိုကရေစီ ရဲ့ သဘောသဘာဝအရ လွတ်လပ်စွာသဘော ကွဲလွဲခွင့်ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး ရှု့မြင်ပုံမတူညီတဲ့ အ တွက် သဘောကွဲလွဲတာဟာ ပြဿနာတစ်ရပ်လို့ မယူဆမိပါဘူး။ သို့သော် သဘောထားကွဲလွဲရာမှ တစ်ဖ က်နဲ့တစ်ဖက် မညှိနှိုင်းဘဲ ကိုယ့်အယူအဆကို ဇောင်းပေးပြီး လုပ်ဆောင် ခဲ့သော် ယနေ့ဒီမိုကရစီအ လေ့ အထနဲ့ မယဉ် ပါးသေးတဲ့ လူထုနဲ့ထိပ်တိုက်တွေ့ပြီး တိုင်းပြည်နစ်နာမှာတော့ စိုးရွှံ့မိပါတယ်။

ဒေါ်စုခေါင်းဆောင်တဲ့ NLD ပါတီဝင်များအနေနဲ့ မြို့နယ်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး (သို့မ ဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် လူထုတွေကို ချပြပြီး ဆန္ဒကောက်ယူမှုတွေကို စတင် လုပ်ဆော င်နေသလို NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းရဲ့ပြောဆိုချက်အရ ပြည်သူကဖြူဆိုရင် အားလုံး ဖြူရမယ်၊ ပြည်သူ က ဖြူပါဆိုမှ မည်းနေရင် NLD ဟာ ပြည်သူရဲ့ အပြင်ရောက် မယ်။ ဒါ့ကြောင့်မို့လို့ ပြည်သူ့ဆန္ဒလိုက် ရမယ် လို့ ပြောဆိုသွားပါတယ်။ ပြည်သူကိုခုတုံးလုပ်ပြီး လိုရာဖြစ်စေလိုတဲ့ ဒေါ်စုရဲ့ဆန္ဒနဲ့ ပတ်သက်လို့ တိုင်းပြည် အတွက်ရင်လေးမိပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးပြည်တွင်း ပြည်ပပညာရှင်များ၊ နိုင် ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကိုယ်တိုင် ပြင်ဆင် ရေးကိုသာပြောဆိုနေပြီး အသစ်ပြန်လည်ရေးဆွဲဖို့ မလိုကြောင်းကို ထုတ်ပြန်ကြေညာထားတာကိုလည်း တွေ့နေရပါတယ်။

UNFC ကို တည်ထောင်သူများတွင် ပါဝင်ခဲ့တဲ့ ဒေါက်တာဆလိုင်းငွန်ကျုံးလန် ကိုယ်တိုင် အခြေခံ ဥပဒေနှစ် ခုရေးဆွဲဖူးကြောင်း၊ ယခုအချိန်မှာ အမှိုက်ပုံး ထဲရောက်သွားပြီးဖြစ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီရေး အကူးအ ပြောင်း ကာလ ကျင့်သုံးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် (သို့မဟုတ်) အသစ် ရေးဆွဲရန် အတွက် ပြည်သူကို HiJack အတင်းဆွဲသွင်းခြင်းမလုပ်ဖို့ အရေးကြီးကြောင်း ထောက်ပြပြောဆို ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် တိုင်းပြည်အတွက် အန္တရာယ်ကြီးမားတယ်ဆိုတာ ပေါ်လွင် နေပါတယ်။ ပြည် သူ အများစုဟာ ဒေါ်စုကို ယနေ့တိုင် အားကိုးယုံကြည်ဆဲပါ။ ဒေါ်စု ကစေချင်တဲ့အတိုင်း လူထုက လိုက်ကမ ယ်ဆိုသော်ငြားလည်း ထိုလူထုဟာ ဒီမိုကရေစီအလေ့အထနဲ့ မယဉ်ပါးသေးပါဘူး။ ရခိုင်၊ မိတ္ထီလာ၊ ၀ဲကြီးေ ကျးရွာ၊ ဥက္ကံဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ဒေါ်စုအနေနဲ့ ပွဲဆူအောင် လုပ်ပြီး လမ်းမပေါ် လူထုထွက်ခဲ့သော် ထိန်းနိုင်မှာလား၊ မထိန်းနိုင်ပါက ဆူပူ အကြမ်းဖက်မှု သဏ္ဌာန်ကို အသွင် ကူးပြော င်းသွားပြီး ယခင်က NLD အမြဲတမ်း ဟစ်ကြွေးနေတဲ့ အလုံးစုံပျက်စီးရေးအခြေ အနေကို အမှန်တကယ်ရောက် လာနိုင် ပါတယ်။ အဲလိုအခြေအနေတွေဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်သာ ထိခိုက် နစ်နာပြီး ခုတုံးလုပ်ခံရတဲ့ ပြ ည်သူတွေရဲ့အကျိုး ပျက်စီးမှာဖြစ်ပါတယ်။ ရရှိထားတဲ့ဒီမိုကရေစီ ကျင့်စဉ်များနဲ့ စီးပွားရေးအခွင့်အလမ်းေ ကာင်းတွေ ပျက်သုဉ်းပြီး တိုင်းပြည်လည်း နာမည်ဆိုးစာရင်း ၀င်သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် NLD ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်စုအနေဖြင့် လူထုကပေးအပ်ထားတဲ့ နိုင်ငံရေးသြဇာကို တိုင်းပြ ည်တည်ငြိမ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အသုံး မချပဲ ကိုယ့်ဖြစ်ချင်တဲ့ဆန္ဒကို ဦးစားပေးပြီး လူထု ကို အသုံးချကာ ပြည်သူအများ အကျိုးစီးပွားပျက်စီးဆုံးရှုံးမှုများဖြစ်လာရင်တော့ တာဝန် ယူဖို့တော့ လိုေ ကြာင်း ပြောကြားလိုပါတယ်။

အောင်ခန့်

No comments: