Wednesday, October 02, 2013

၂၀၁၅ ရွေးကောက်ပွဲအကြိုသုံးသပ်ချက် (နိဂုံး)


 Wednesday, October 2, 2013
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဥက္ကဌရာထူးအား ဦးရွှေမန်းမှရယူပြီးနောက်ပိုင်း ဦးသိန်းစိန်နှင့် အတိုက်အခံပြုမှု တွေ အာဏာပြိုင်မှုတွေများလာတာ တွေ့ရပါသည်။ ထိုအတိုက်အခံပြုမှုတွေကို ၂၀၁၅ ရွေးကောက် ပွဲအ တွက် ပြောင်းလဲအသုံးချလိုက်လျှင် ကောင်းမွန်သည့်ရလဒ်များ ထွက်ပေါ်လာနိုင်သည်ဟု ယူဆမိပါသည်။ ဦးရွှေမန်း ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်တော်တော်များများ လွှတ်တော်တွင်ပါဝင်နေပြီး ရေးရာကော်မတီ တော်တော်များများကိုလည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ် တော်တော်များများက ဥက္ကဌ အ ဖြစ်တာဝန်ယူ ဖြေရှင်း ဆောင်ရွက်နေပေမယ့် လူထုစိတ်ကျေနပ်သည်အထိ ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု မ ရှိခဲ့ပေ။ သာဓကအားဖြင့် မြန်မာ နိုင်ငံလူဦးရေ၏ ၇၀% သည် လယ်ယာလုပ်ကိုင်ကြသူများဖြစ်ပြီး ထိုလယ် သမားများ၏ လယ်ယာမြေသိမ်းဆည်းမှု များနှင့်ပတ်သက်၍ ယနေ့တိုင်အောင်မြင်စွာမဖြေရှင်းနိုင်သဖြင့် ပါ တီအားထောက်ခံမှု ဆိုးဝါးစွာ ကျသထက်ကျဆင်း လာရခြင်းဖြစ်သည်။

ပို၍ဆိုးဝါးသည်မှာ ပါတီဝင်အချို့မှာ တပ်မတော်အစိုးရလက်ထက် လယ်ယာမြေသိမ်းဆည်း ခဲ့ရာတွင် ကို ယ်တိုင်မဟုတ်သော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်ပတ်သက်ခဲ့ဖူးကြသူများပင်ဖြစ်သည်။ လူထု အား ဇိ ကုပ်၍ နတ်ပြည်သို့ မပို့နိုင်သေးသ၍ လူထုထောက်ခံမှုရဖို့ အိပ်မက်ပင် မမက်သင့်ပေ။ ဒီလိုအခြေအနေ မျိုး ဖြင့် ရပ်တည်နေသည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဦးသိန်းစိန်၏ ဥက္ကဌရာထူးအား ဦးရွှေမန်းသို့ လွှဲပြောင်းေ ပးခဲ့ ရသဖြင့် အင်္ဂလိပ်အခက်၊ ဗမာအချက်ဆိုသလို ဦးသိန်းစိန်အနေနှင့် ပါတီအသစ်တစ်ရပ် ထူထောင်ရန် လမ်းစရ သွားပြီ ဖြစ်ပေသည်။ ဦးသိန်းစိန်အနေဖြင့် ကျန်းမာရေးအရ ၂၀၁၅ တွင် မလုပ်လိုသော်လည်း မြန် မာနိုင်ငံအရေးနှင့် ယခင်တပ်မတော်အစိုးရ နောက်ကြောင်းလုံစေဖို့အတွက် ဆက်လက်လုပ်ဆောင် သင့် သည်ဟု ယူဆပါသည်။ 

လက်ရှိပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို သုံးချက်တွက်နည်းဖြင့် USDP ၃၀%၊ NLD ၃၀%၊ တိုင်းရင်းသားပါတီ ၁၀%၊ အခြားပါတီငယ်များ ၅%၊ တပ်မတော်မှ ၂၅% ဆိုပြီး တွက် ထားကောင်း တွက်ထားနိုင်ပေသည်။ မိမိအနေဖြင့်မူ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ USDP ၅%၊ NLD ၅၅%၊ တိုင်းရင်းသား ပါတီနှင့် ပါတီငယ်များ ၁၅%၊ တပ်မတော်မှ ၂၅% ဟု ယူဆပါသည်။ ဦးသိန်းစိန် အ စိုးရအနေဖြင့် ပါတီမထောင် ဖြစ်ပါက NLD အနေဖြင့် အပြတ်အသတ် အနိုင်ရကာ အစိုးရဖွဲ့ခွင့် ရရှိ သွား ပါလိမ့်မည်။ ဒါကြောင့် ဦးသိန်းစိန်၏ ယခု လက်ရှိရရှိထားသောထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းပြီး ကျန်သက်တမ်းကာလမှာ အခြေခံလူတန်းစားများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ပါက လူ ထု၏ထောက်ခံမှုများ ယခုထက် ပိုမိုမြင့်တက်လာနိုင်ပါသည်။

ထို့အပြင် တပ်မတော်မှအငြိမ်းစားအများစုဖြင့် ဖွဲ့စည်းထားသည့် USDP မှ ခွဲထွက်ပြီး ပါတီသစ်ထူထော င်ကာ ၎င်းပါတီသစ်တွင် ပညာရှင်များနှင့် ပုံရိပ်ကောင်းသောသူများဖြင့် ဖွဲ့စည်းထူထောင်ပြီး ၂၀၁၅ ရွေးေ ကာက်ပွဲ ၀င်၍ NLD ရမည့် ၅၅% ထဲမှ ၁၅% ရာခိုင်နှုန်းအား ဖဲ့ယူနိုင်ခဲ့သော် ၂၀၁၅ ရွေးကောက်ပွဲအပြီး မဲများမျှ၍ ရရှိမည် ဖြစ်သည်။ NLD မှအနိုင်ရမည်ဖြစ်သော်လည်း ပုဒ်မ ၅၉(စ) အား မပြင်ဆင်ရသေးသဖြင့် သမ္မတလောင်း တင်မည့် အထဲတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်သဖြင့် တပ်မတော်မှတင်မည့် သမ္မတ လောင်းမှာ အခြေအနေကောင်းမည် ဖြစ်ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာ ယခုပြုလုပ်နေ သ ည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ် အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိုအောင်မြင် အောင်ဆောင် ရွက်နိုင်ခဲ့လျင် တိုင်းရင်းသားကိုယ်စားလှယ်များ၏ သမ္မတ ရွေးချယ်ရေးအတွက် ပေးမည့်မဲများသည် တပ်မ တော်မှတင်မည့် သမ္မတလောင်းအတွက် ဖြစ်လာပေမည်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအလွန် သမ္မတဖြစ်နိုင်ချေစာရင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် ထိပ်ဆုံးမှရှိနေ မည်ဟုသုံးသပ်မိပါသည်။ ယခင်တပ်မတော်အစိုးရအတွက် Cover ဖြစ်စေဖို့ လက်ရှိ အခင်းအကျင်းအရ အသင့်တော် ဆုံးသူမှာလက်ရှိကာချုပ်သာဖြစ်ပါသည်။ ကာချုပ်အနေဖြင့် နိုင်ငံခြား စစ် ဘက်ဆိုင်ရာအကြီးအကဲများအပြင် အစိုးရထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ကောင်းမွန်သည့် ဆ က်ဆံရေးများရရှိအောင် ဆောင်ရွက်လျက်ရှိသဖြင့် ၂၀၁၅ ရွေးကောက်ပွဲအလွန် သမ္မတအဖြစ် မျှော်မှန်းေ ဆာင်ရွက်လျက်ရှိသည်ဟု သုံးသပ်မိပါသည်။

နိဂုံးချုပ်အနေဖြင့် အထက်ပါအခင်းအကျင်းအတိုင်း ဖြစ်ပေါ်စေရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ရမည်ဖြစ်သလို USDP ပါတီတစ်ခုတည်းမှလည်း ၂၀% ရရှိ အောင် ဆောင်ရွက်နိုင်ရပါမည်။ သို့မဟုတ် USDP + ဦးသိန်းစိန်မှ ၂၀% ရရှိအောင် ဆောင် ရွ က်နိုင်မှသာ ကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ရေး သား အပ်ပါသည်။

အာရုံဦး (မင်းလှ)

No comments: