Friday, October 18, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲ မှုများကို တပ်မတော် အနေဖြင့် အပြည့်အ၀ ထောက်ခံပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု အောက်တိုဘာ ၁၆ ရက်က ပေကျင်း မြို့ ၌ တရုတ်သမ္မတ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင်ပင်းနှင့်ေ တွ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု ကာ ကွယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။
ထို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိ၏ ခြောက်ကြိမ်မြော က် ခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုခိုင်မာစေပြီး ချစ်ကြည်ရေး ပိုမိုအား မြင့် စေမည်ဟု ယုံကြည်ကြောင်း၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပွင့်လင်းရင်းနှီးစွာ အမြင်ချင်း ဖလှယ်နိုင်ခဲ့ကြောင်း၊ ပြောင်းလဲနေသော ကမ္ဘာ့ နိုင်ငံရေး အခြေအနေနှင့်အညီ မြန်မာနိုင်ငံရေး ပြောင်းလဲမှုမှာလည်း နိုင်ငံတကာမှ လက်ခံသည့် အခြေအ နေသို့ ပြောင်းလဲနေကြောင်းစသည့် အချက်တို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံသည် ရှည်လျားသော သမိုင်းကြောင်းနှင့် ချစ်ကြည်ရင်းနှီးမှုရှိပြီး မြန်မာ-တရုတ် မ ဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးမှာ လွန်စွာအရေးပါသည့် အတွက် အနာဂတ် မြန်မာ-တရုတ် ဆ က်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့်မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဖွံ့ဖြိုး တိုးတက်ရေးတွင် ကူညီမှုများအတွက် ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။
eleven media group

No comments:
Post a Comment