Wednesday, October 2, 2013
ကိတ်အပ်တန်တစ်ယောက် သူမ၏ ချစ်သူသစ်ကို ဂုဏ်ယူဝံ့ကြွားစွာဖြင့် လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင် ပွဲထုတ်လာခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက သူမနှင့် မက်ခ်ဆင် ချမာကော့ဗ်စကီးတို့သည် မိတ်ဆွေေ ကာင်း များ အဆင့်
ထက် မပိုကြောင်း ကိတ်က အသည်းအသန် ငြင်းဆို ဖြေရှင်းနေသော်လည်း ယခုအခါတွင်မူ လက်ချင်းတွဲကာ ယင်းတို့၏ အချစ်ရေးကို လူသိရှင်ကြား ကြေညာလိုက်ခြင်း ဖြစ်သည်။
အသက်(၂၁)နှစ်ရှိ မော်ဒယ်လ် ကိတ်သည် Dancing With The Stars ကြယ်ပွင့်ဟောင်း ယူကရိန်း အကချန်ပီယံကို လက် ချင်းတွဲပြီး နယူးယော့ခ်
တွင် လည်ပတ်နေသည်ကို တွေ့ရှိရသည်။ အသက်(၃၃)နှစ်ရှိ မက်ခ်ဆင်
သည် St yle Awards ဆုပေးပွဲ ကတည်းက ကိတ်နှင့် တပူးတွဲတွဲ ရှိနေခဲ့သူ
ဖြစ်သည်။
ထိုစဉ်က သတင်းများက ကိတ်ကို မေးမြန်းခဲ့သော်လည်း အမေရိကန်
မော်ဒယ်လ်က "ကျွန်မတို့က သိပ်ခင် မင်တဲ့ သူငယ်ချင်းတွေပါ"ဟုသာ
ဖြေကြားခဲ့သည်။
သို့သော်လည်း (၃)ပတ်အကြာတွင်မူ ချစ်သူ၏ မျက်နှာ ကို ရွှမ်းရွှမ်းစားစား
ငေးမော ပျော်ရွှင်နေသည့် မိန်းကလေးငယ် တစ်ဦးအဖြစ် ကိတ်ကို လူအများက တွေ့ မြင်ခဲ့ရသည်။ ကိတ်၏ အသက်(၂၁)နှစ်ပြည့် မွေးနေ့တွင် မက်ခ်ဆင်နှင့်အတူ Romaticဆန်ဆန် ညစာစား ပွဲလေးတစ်ခု ပြုလုပ်ခဲ့သလို Forever Tangoတွင် မက်ခ်ဆင်၏ ဖျော်ဖြေမှုကို ကိတ်က သွားရောက် အားေ ပးဖူးသည်။
မက်ခ်ဆင်သည် Dancing With the Starsမှ နုတ်ထွက်ကြောင်း
ဖေဖော်ဝါရီလက ကြေညာခဲ့ သော်လည်း ၎င်း၏ ညီဖြစ်သူ ဗယ်လင်တင်း ချမာကော့ဗ်စကီးမှာမူ ယင်းအစီအစဉ်တွင် ဆက်လက်ပါ ဝင် နေဆဲ ဖြစ်သည်။
Planet Myanmar Network
No comments:
Post a Comment