Friday, October 18, 2013
မော်ဒယ်လောကမှာ နာမည်ရလာပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးခံရသူကတော့ ဝင့်ယမုံလှိုင် ပဲဖြစ်ပါတယ်။ ကြော်ငြာများကိုလည်း သွက်သွက်လက် လက်အမူအရာနဲ့
ပရိသတ်တွေ သတိထားမိသူတစ်ဦးလည်း ဖြစ်တာမို့ မော်ဒယ် တစ်ယောက်ရဲ့
ကိုယ်ခန္ဓာအချိုးအစားပြေပြစ်အောင် ဝင့် ယမုံလှိုင်အနေနဲ့ ဘယ် လို ပြုမူနေထိုင်ပါသလဲလို့ မေးကြည့်တော့
“ကိုယ်ကပရော် ဖက်ရှင်နယ်မော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်မယ်ဆိုရင်တော့မော်ဒယ် တစ်ယောက် အတွက် ခန္ဓာကိုယ်ကတအားရေးကြီးပါတယ်။ မော်ဒယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘာပဲဝတ် ဝတ်လိုက် ဖက်ပြီး
အမြဲတက်ကြွလန်း ဆန်းနေရမယ်။ ကိုယ်ပိုင် စတိုင်နဲ့ ခန္ဓာကိုယ်က မော်ဒယ်
တစ်ယောက်အတွက် အရေးကြီးဆုံးပါ။ညီမဆိုရင်အခုကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းရတယ်။ကိုယ်က မော်ဒယ်ဆိုတာ အမြဲခေါင်းထဲ သတိပေးရတယ်။
ဒီအလုပ် ကိုလုပ်မှတော့ ခန္ဓာကိုယ်အလှက ထိန်းရတော့တာပေါ့။ အခုဆိုရင် အသက် က
၂၃နှစ် ထဲရောက် လာပြီဆိုတော့ အစားလျှော့ပေမယ့် ဝလာတယ်။ အပင်ပန်း
ခံနိုင်တယ်။ လေ့ကျင့် ခန်းတွေ လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ညီမလည်းကိုယ်ကိုယ်တိုင် မော်ဒယ်၊အနုပညာရှင်ပဲဆိုပြီး အမြဲသတိထား
ထိန်းထိန်း သိမ်းသိမ်းနေရတယ်” လို့ ပြောခဲ့ပါတယ်။
လက်ရှိမြန်မာပြည်က မော်ဒယ်တွေရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို
မေးကြည့်တော့ “ဖက်ရှင်က မော်ဒယ်တစ်ယောက်အတွက် အရေးကြီးတာထက်
အရေးပါတယ်ဆိုရင် ပိုပြီး ပြည့်စုံလိမ့်မယ်။ ပြောင်းလဲ လာတဲ့ခေတ်မှာ
ခေတ်မီအောင် ဝတ်တတ်စားတတ်ဖို့ကလည်း အရေးကြီးတယ်”လို့ ပြောပါတယ်။
သရုပ် ဆောင်ဘက်လည်း လုပ်ကိုင်နေတယ်ဆိုတော့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်
ဖြစ်သွားရင် မော်ဒယ် ဆိုတဲ့နာမည်လေးကို မေ့လျော့သွားမှာလား မေးကြည့်တော့
“ဒီ အလုပ်စလုပ်ကတည်းက မော်ဒယ်အပိုင်းရော၊ သရုပ်ဆောင် အိုက်တင်ပိုင်းရော
ဝါသနာပါလို့ လုပ်ခဲ့တဲ့ အတွက် တအားပဲကျေနပ်မိတယ်။ ဒါညီမဘဝရဲ့ အထူးခြားဆုံး
အရာ ဖြစ်တယ်။ မော်ဒယ်နဲ့ သရုပ်ဆောင် နှစ်ခုစလုံးက ညီမရဲ့ ဘဝမို့
ဘာပဲဖြစ်ဖြစ် ညီမမမေ့ဘူး။ ညီမဆက် ကြိုးစား မယ်။
အမြဲဝေဖန်အကြံပြုပေး စေချင်တယ်။ ပရိသတ်တွေ ဝေဖန်အကြံပြုတဲ့အတိုင်း
ပြင်ဆင်ပြီး ကြိုးစားသွားပါမယ်” လို့ ပြောပြခဲ့ပါတယ်။
ထူးထူး
Popular Journal

No comments:
Post a Comment