Thursday, October 3, 2013
လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ဒီကေ န့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
အဲ့ဒီ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဒီက နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်က တင်ပြခဲ့တာပါ။
“သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ တင်ပြတိုင်တန်းချက်များအပေါ် အလေးအ နက်ထားဆောက်ရွက်လိုခြင်း လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်မှုများသည် မိမိတို့မဲ ဆန္ဒ ရှင်များက ပေးအပ်သော
တာ ဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသ
လို ကြောင်း တင်ပြလာခြင်း၊ ပြ ည်သူလူထုထံမှ ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး အကြံပြုတင်ပြစာများအပေါ် ပြည်သူ့လွှတ်တော်မှ အေ လးအနက်ထား ထည့်သွင်းစဉ်းစားစေလိုခြင်းစသည့် အခြေအနေများကြောင့် ဒီဥ ပဒေကြမ်းအား ဆိုင်းငံ ထားခြင်းမပြုတော့ပဲ ဥပဒေကြမ်းကော်မတီလုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်
သွားလိုပါသဖြင့် ပြည်သူ့လွှတ်တော်၏ အဆုံးအဖြတ်အား ရယူလိုပါကြောင်း လေးစားစွာဖြင့် အစီရင်ခံတင်ပြအပ်ပါသည်”
အဲ့ဒီဥပဒေကြမ်းကို လက်ခံဆွေးနွေးဖို့ ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဆုံးဖြတ်ကြေညာခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ် သိမ်း ခြင်းဆိုင်ရာ ဥပဒေပြဌာန်းနိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို ပြီး ခဲ့တဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က တင်ပြခဲ့တာဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment