Wednesday, October 2, 2013
ယနေ့ (အောက်တိုဘာလ၊ ၂ ရက်)၊ မွန်းလွဲ (၃း၀၀)နာရီက ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အ ဖွဲ့ အစည်း) ရုံးတွင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားမှ ချမှတ်ခဲ့သည့် နိုင်ငံရေးလုပ် ငန်းစဉ်(၃) ရပ်အား အကောင်အထည် ဖော်ဆောင်ရေးအတွက် စုံညီအစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား၌ သုံးစွဲခဲ့သည့် ငွေစာရင်းရှင်းတမ်းများကို ပြင် ပ စာရင်းစစ်အဖွဲ့မှ စစ်ဆေးပြီးဖြစ်ပါသဖြင့် နောက်ဆုံး အပြီးသတ်ငွေစာရင်းရှင်းတမ်းအား ယနေ့ ထုတ်ပြန်လို က်ပြီဖြစ်သည်။ ထို့အပြင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားအတွက် တာဝန်ပေးဖွဲ့ စည်းခဲ့သော လုပ်ငန်းကော်မတီ၊ ရန်ပုံငွေရှာဖွေရေးနှင့်ဘဏ္ဍာရေးဆပ်ကော်မတီ၊ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီတို့အားယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
Popular Journal
No comments:
Post a Comment