Friday, October 18, 2013
ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် မြန်မာနိုင်ငံသို့ လာရောက်စဉ် သူရဦးရွှေမန်း၊ဒေါ်အောင်ဆန်းစုကြည် တို့နှင့် အတူ မှတ်တမ်းဓာတ်ပုံ
“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးခေါင်းဆောင်တစ်ယောက်၊ ပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်
အနေနဲ့ ဟိုဘက်က အိမ်ရှင်အစိုးရနဲ့ ညှိပြီး ဆောင်ရွက်တဲ့ကိစ္စမို့
ကျွန်တော်တို့ အနေနဲ့ ဘာမှသီးခြား မှတ်ချက် ပေးစရာမရှိ . . .”
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ
သွားရောက်မည့် ဥရောပ ၅ နိုင်ငံခရီးစဉ် အတွင်း ဗြိတိန်နိုင်ငံရှိ Sandhurst
တော်ဝင် စစ်တက္ကသိုလ်တွင် စစ်ပညာ လေ့ကျင့် သင်ကြားမှု များကို လေ့လာခြင်း၊
ယင်းတက္ကသိုလ်ရှိ ဗိုလ်လောင်းများကို အမှာ စကား ပြောကြား ခြင်းများ
ပြုလုပ်ရန် ရှိရာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၅၉
(ဃ)ပါအချက်နှင့် သက်ဆိုင်မှု ရှိနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသော်လည်း
နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကမူ ယင်းသို့
မထင်မြင်ကြောင်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၃)
““နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ””၊ ပုဒ်မ ၅၉ ပါ နိုင်ငံတော်
သမ္မတနှင့် ဒုတိယ သမ္မတများ၏ အရည်အချင်းများတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်
သမ္မတ ရာထူး ရွေးချယ်ခံခွင့် မရှိစေရန် ရည်ရွယ် ပြဋ္ဌာန်းထားသည်ဟုဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နှင့် နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပြောကြားမှုများ ရှိနေသည့် ပုဒ်မ ၅၉ (ဃ)နှင့် ပုဒ်မ ၅၉ (စ) တို့ပါဝင်နေသည်။ …
နိုင်ငံရေး အသိုင်းအ၀ိုင်းနှင့် လေ့လာ စောင့်ကြည့်သူများက ယခုကိစ္စရပ်အပေါ် အထက်ပါ ပြဋ္ဌာန်းချက် နှစ်ရပ်အနက်မှ ပုဒ်မ ၅၉(ဃ)ပါ ““နိုင်ငံတော်
အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်
အမြင်များ ရှိရမည်”” ဆိုသည်မှ စစ်ရေးအမြင် ကိစ္စနှင့် ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည် တွင် ယင်း အရည်အချင်းနှင့် ကိုက်ညီကြောင်းပြသစေ (ဗြိတိန် နိုင်ငံမှ Coverလုပ်ပေးခြင်း ဖြစ်သည်ဟု) ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်လာရာ လက်ရှိအစိုးရ သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ အနေဖြင့် ဦးရဲထွဋ်၏ ထင်မြင်ချက်ကို မြန်မာသံတော်ဆင့်မှမေးမြန်းရာတွင် ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။
““ကျွန်တော်ကတော့ အဲဒီလိုမထင် ပါဘူး””ဟု ဖြေကြားသည်။ ထို့ပြင် ဦးရဲထွဋ်က
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အထက်ပါ ပြဋ္ဌာန်းချက် အပေါ် ““ဖွဲ့စည်းပုံမှာ
ပါတဲ့ အမြင်ဆိုတာ အင်္ဂလိပ်လိုပြောရင် Vision ပဲလေ။ အတွေ့ အကြုံ Expreience
ကို ပြောတာ မဟုတ်ပါဘူး။ Vision ဆိုတာတော့ ဘယ်သူမဆို ရှိနိုင် တာဘဲ။ အရပ်သား
တစ်ယောက်မှာလည်း စစ်ရေးနဲ့ ပတ်သက်တာ တွေကို လေ့လာမယ်ဆို သူ့မှာ စစ်ရေး
အမြင်ရှိနိုင် တာပဲ။ ဒါကို လူတွေက တစ်ခါတစ်လေ ကျရင် အတွေ့အကြုံနဲ့ မှားပြီး
စစ်သားပဲ ဖြစ်အောင်လို့ ထည့်ထားတယ် ဆိုတာ မဟုတ်ပါဘူး။ ဒီအလုပ်ကို
လုပ်မယ့်လူ တစ်ယောက်က ဒီအမြင် ၄ မြင်တော့ ရှိဖို့လိုမယ် ဆိုပြီး
ထည့်ထားတာပါ””ဟုလည်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ယခုသွား ရောက်မည့် ဗြိတိန် Sandhurstတော်ဝင်စစ် တက္ကသိုလ်တွင် ဦးရဲထွဋ်၏ ဖခင်၊ မြန်မာ့ ကြယ်ငါးပွင့်
သင်္ဘောလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူးဟောင်း ဦးရွှေသန်း၏ တပ် မတော်
ဗိုလ်လောင်းဘ၀ ၁၉၄၉ ခုနှစ် အပါအ၀င် မြန်မာ နိုင်ငံသားများ တက်ရောက် စစ်ပညာ
သင်ကြားဖူးသည်။ ယင်း အတွက် မြန်မာနိုင်ငံသားများ စစ်ပညာ သွားရောက်
သင်ကြားလေ့ရှိသည့် စစ်တက္ကသိုလ် တစ်ခုတွင် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည်မှ အမှာစကား သွားရောက် ပြောကြားရခြင်း အပေါ်
နိုင်ငံသားတစ်ဦး အနေဖြင့် ဦးရဲထွဋ်၏ သဘောထားကို မေးမြန်းရာတွင်မူ သီးခြား
မှတ်ချက် ပေးရန် မရှိကြောင်း ပြောသည်။
““ကျွန်တော်ကတော့ သီးခြား မှတ်ချက် ပေးစရာ မရှိပါဘူး။ ဒါကတော့ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်၊ ပါတီတစ်ခုရဲ့
ခေါင်းဆောင်တစ် ယောက်အနေနဲ့ ဟိုဘက်က အိမ်ရှင် အစိုးရ နဲ့ညှိပြီး
ဆောင်ရွက်တဲ့ ကိစ္စမို့ ကျွန်တော်တို့ အနေနဲ့ ဘာမှ သီးခြား မှတ်ချက်ပေးစရာ
မရှိပါဘူး””ဟု ဦးရဲထွဋ် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခု
ခရီးစဉ်၌ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင် သစ်၊ ဗြိတိန်နှင့် အီတလီတို့သို့
သွားရောက်မည်ဖြစ်ပြီး ခရီးအစီအစဉ်နှင့်ပတ်သက်၍ NLD ပါတီမှ အသေးစိတ်
ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ NLD ပါတီမှ ဒေါက်တာတင် မာအောင်၊ ဦးနိုင်ငံလင်း၊ ဦးစိုးဝင်းတို့ လိုက်ပါ သွားမည် ဖြစ်သည်။
လင်းယုန်
Myanmartandawsint Newspaper

No comments:
Post a Comment