Tuesday, October 15, 2013
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ Famous အထည်ချုပ် စက်ရုံတွင် အလုပ်သမား အခြေခံ အဖွဲ့ အစည်း ခေါင်းဆောင်သုံးဦးကို စက်ရုံက အကြောင်းပြချက်မပေးဘဲ အလုပ်မှ ထုတ်ပယ်သည် ဟုဆိုကာေ အာက်တိုဘာလ ၁၄ ရက်နေ့တွင် လုပ်သား ၇၀၀ ကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း အဆိုပါ လုပ်သား များထံမှ သိရသည်။
ခေါင်းဆောင်သုံးဦးကို အလုပ်ပြန်ခန့်ရေးအတွက် နံနက် ၆ နာရီမှ စတင်ကာ ဆန္ဒပြခြင်း ဖြစ်ပြီး ညနေ ၄ နာရီ နီးပါးအထိ ဆန္ဒပြခဲ့သော်လည်း အလုပ်ရှင်က လိုက်လျောပေးမှု မရှိခဲ့ကြောင်း၊ တောင်းဆိုချက်များ မရမချင်း နောက်ရက်များတွင် ဆက်လက် ဆန္ဒပြမည် ဖြစ်ကြောင်း အလုပ်သမား တစ်ဦးက ပြောကြားသ ည်။
လုပ်သားခေါင်းဆောင် တစ်ဦးလျှင် လျော်ကြေး ကျပ်ငါးသိန်းတစ်သောင်း ပေးကာ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ေ ကြာင်း၊ လုပ်သား အဖွဲ့အစည်းတွင် ခေါင်းဆောင်ခုနစ်ဦး ရှိသည့်အနက် သုံးဦးကိုရွေးပြီး အလုပ်ထုတ်ခြင်း ဖြစ်ကြောင်း အလုပ်ထုတ်ခံ လုပ်သားတစ်ဦးဖြစ်သော အဆိုပါ လုပ်သား အဖွဲ့အစည်း အတွင်းရေးမှူး ဒေါ် ဟေမာန်ချစ်က ဆိုသည်။
အလုပ်ထုတ်ခံရသူ ခေါင်းဆောင်သုံးဦးမှာ ဥက္ကဋ္ဌ ဦးရဲလင်းစိုး၊ အတွင်းရေးမှူး ဒေါ်ဟေမာန်ချစ်နှင့် ဘဏ္ဍာ ရေးမှူး ဒေါ်အေးသီတာခိုင်တို့ ဖြစ်သည်။
လုပ်သားများ ဆန္ဒထုတ်ဖော်နေစဉ်အတွင်း စက်ရုံ အရှေ့နံရံတွင် လုပ်သား ၆၀၀ အလိုရှိသည်ဟု စာကပ်မှု များ ရှိခဲ့ကြောင်း၊ လုပ်သားများ ဆန္ဒပြမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း လာရောက် ညှိနှိုင်းမှု မ ရှိခဲ့ကြောင်း လုပ်သားများထံမှ သိရှိရသည်။
လုပ်သားများ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ Famous အထည်ချုပ်စက်ရုံ မန်နေဂျာ ဒေါ်ဆွေဆွေအေးကို ဆက်သွယ် မေးမြန်းခဲ့ရာ “အပေါ်ကလူကြီးတွေက တစ်စုံတစ်ရာ မပြောတဲ့အတွက် ကျွန်မတို့လည်း ပြောခွ င့်မရှိဘူး” ဟု ပြန်လည် ပြောကြားသည်။
Famous အထည်ချုပ်စက်ရုံတွင် လုပ်သား ၁၀၀၀ ဝန်းကျင် ရှိသည့်အနက် လုပ်သား ၇၀၀ ကျော်က ဆန္ဒပြ ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
ယင်းစက်ရုံတွင် လွန်ခဲ့သည့်နှစ် ဇူလိုင်လကလည်း လုပ်ခတိုးပေးရေးအတွက် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
The Voice Weekly
No comments:
Post a Comment