Thursday, October 3, 2013
ဆွီဒင် Ikea ကုမ္ပဏီဟာ အင်္ဂလန်ပြည်တွင်း ရှိအိမ်တွေကိုနေရောင်ခြည်
စွမ်းအင်သုံးဆိုလာစနစ် ပြောင်း လဲတပ်ဆင်ပေးတဲ့ ဝန်ဆောင်မူ
စတင်နေပြီလို့သိရပါတယ်။
အဆိုပါ ကုမ္ပဏီဟာ အင်္ဂလန်နိုင်ငံရဲ့  အနာဂ တ်စွမ်းအင်လိုအပ်ချက်တွေကို
ချွေတာနိုင်ဖို့အတွက် အိမ်ခေါင်မိုးတွေကို Solar Panals အဖြစ်ပြောင်းလဲ
ပ စ်ဖို့ အတွက်ကြိုးပမ်းခြင်းဖြစ်တယ်လို့ သိရပါတယ်။
အင်္ဂလန် ပြည်တွင်းတစ်ခုတည်းမှာ သာစတင် လုပ်ဆောင် သွားမှာဖြစ်ပြီး
အိမ်ခေါင်မိုးတွေကို နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ အစားထိုး
ပါက ဝန်ဆောင် မူအနေနဲ့ ဗြိတိန်ပေါင် ၅၇၀၀(၉၃၀၀ ဒေါ်လာ)လောက် အနည်းဆုံးကျသင့်မယ်လို့ ဆိုပါတယ်။
အဆိုပါ နေစွမ်းအင်သုံးဆိုလာစနစ်ကနေ လျှပ်စစ်ဓာတ်အား 3.36 kW အထိ
ရရှိ စေမှာပါ။ Ikea ရဲ့ တာဝ န်ရှိသူတစ်ယောက်ဖြစ်တဲ့ Steve Howard ရဲ့ 
ပြောဆိုချက်အရ လက်ရှိအနေအထားမှာတော့ ပြည်တွင်း မှာသာ ဝန်ဆောင်မူ
ပေးသွားဦးမှာ ဖြစ်ပြီး ကမ္ဘာအနှံ့လုပ်ဆောင်သွားဖို့တော့မရှိသေးဘူးလို့
ဆိုပါတယ်။ သို့ပေမယ့် အနာဂတ်စွမ်းအင်လိုအပ်ချက်အရ နိုင်ငံတကာအထိ
ပါလုပ်ဆောင်သွားဖို့တော့ ရှိတယ်လို့ သိရ ပါတယ်။
ဝေဖန်သူတွေအချို့တော့ ကြီးမြင့်တဲ့ဈေးနှုန်းကြောင့်လူချမ်း သာတွေ သာ အသုံးပြုနိုင် မှာဖြစ် တ ယ်လို့ဆိုပါတယ်။ ဒါကြောင့်ပဲ အင်္ဂလန်ပြည်တွင်းမှာ တပ်ဆင် ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာေ ခါင်းမိုး အိမ်ယာကို ယခုလိုမြင်တွေ့ ရမှာပါ။
Tsj comment
(စွမ်းအင်ချွေတာဖို့ အတွက် အကောင်းဆုံး လု ပ်ဆောင်မူလို့ဆိုပေမယ့် အကုန်
အကျများတဲ့ ဝန်ဆောင်မူကြောင့် လူနည်းစုလောက်သာ အသုံးပြုမယ့်
Sy stem လို့မြင်တယ်။)
Ref:techblog
ခွန်နေ(AMMG)
No comments:
Post a Comment