Thursday, October 17, 2013
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအား KNU တပ်ဖွဲ့ ဝ င်အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။ ဗုံးဖောက်ခွဲ များ နှင့် ပတ်သက်ပြီး CCTV ကင်မရာများနှင့် သက်သေခံပစ္စည်းများအရ KNU မှ စောမြင့်လွင် အပါအဝင် အခြား ၂ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ဖောက်ခွဲခဲ့သူမှာ KNU တပ်မဟာ (၅) မှ ဗိုလ်နေ တိုးဖြစ်ကြောင်း သတင်းများထွက်လာပြီးနောက် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဖြစ်တာက ဖြစ်နိုင်ပါတယ်.. KNU နယ်မြေမှာက ကရင်တိုင်းရင်းသားတွေနဲ့ KNU ရဲဘော်တွေက ခွဲမရဘူး လေ.. တပ်ထဲဝင်လိုက်.. ထွက်လိုက် လုပ်နေကြတာပဲ… ဒါပေမယ့် အခု ဖောက်ခွဲတဲ့လူတွေက အခုလော လောဆယ်မှာ KNU တပ်ဖွဲ့ဝင် နာမည်စာရင်း ရှိ/မရှိ ဆိုတာကိုတော့ သေချာပြန်စစ်ဆေးရမှာပါ ” လို့ KNU အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပါတယ်။
လတ်တလောအားဖြင့် KNU နဲ့ ကာချုပ်မင်းအောင်လှိုင်တို့ ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သလို အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ KNU ခေါင်းဆောင်များမှာလည်း အကြိမ်ကြိမ်တွေ့ဆုံညှိနိုင်းခဲ့ပြီးဖြစ်ရာ ယခုကဲ့သို့ အော က်ခြေရှိ KNU တပ်ဖွဲ့ဝင်များက ဗုံးဖောက်ခွဲမှုများ ပြန်လည်ပြုလုပ်လာခြင်းကြောင့် KNU နဲ့ မြန်မာအစိုးရ ကြား ဆက်ဆံရေးထိခိုက်နိုင်စရာမရှိကြောင်းကိုလည်း အဆိုပါ အမည်မဖော်လိုသူ အရာရှိကြီးမှ အခုလို ဆက်ပြောပါတယ်။
“အစိုးရ နဲ့ ရော မြန်မာစစ်တပ်နဲ့ပါ ကျွန်တော်တို့ သဘောတူညီချက်တွေ ရပြီးသားပါ.. အခုဖြစ်တာက လ ည်း တပ်မဟာ (၅) က အောက်ခြေတပ်ဖွဲ့ဝင်တွေ ဖြစ်ပါလိမ့်မယ်.. ဒီတပ်တွေက လက်ရှိ ဒီက (KNU) ခေါ င်းဆောင်တွေနဲ့ သိပ်ပြီးအဆင်မပြေဘူးဆိုတာ အစိုးရဖက်က နားလည်ပြီးသား.. အစိုးရနဲ့ KNU ကြားက ငြိမ်းချမ်းရေးကိုတော့ ထိခိုက်စရာအကြောင်းမရှိပါဘူး….” လို့ ဆိုပါတယ်။
ရန်ကုန် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တရားခံကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ကျူးလွန်ခဲ့သူမှာ စောမြင့်လွင် အသက် (၂၇)နှစ် က ရင်လူမျိုးဖြစ်ပြီး KNU တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးနှင့် စစ် ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှ ကျူးလွန်သူမှာ KNU အဖွဲ့မှ နေတိုး ဆိုသူ ဖြစ်ပြီး KNU တွင် ဗိုလ်အဆင့် တစ်ဦးဖြစ်ကြောင်း သိရပါတယ်။
ဖမ်းဆီးခံထားရသူ တရားခံ စောမြင့်လွင် က ၎င်းမှာ KNU တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ကြောင်း ယခုအခါ KNU အဖွဲ့မှာ လက်နက်မကိုင်ဆောင်ရတဲ့ ၀န်ထမ်းတစ်ဦး ဖြစ်ကြောင်း၊ မြန်မာစကား ကျွမ်းကျင်စွာ ပြော တတ်သဖြင့် KNU ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဘာသာပြန်သူ တစ်ဦးဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ဗုံးဖောက်ခွဲခဲ့ကြောင်း ဝန်ခံထားသူ (၃) ဦးကို ဖမ်းဆီးထားနိုင်ပြီဖြစ်ပြီး စစ်ဆေး မေးမြန်းမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများမှ ပြောကြား ထား ပါတယ်။
ဝေဖြိုး
မြန်မာ့လင်းရောင်ခြည်

No comments:
Post a Comment