Monday, October 14, 2013
ပြီးခဲ့တဲ့
စက်တင်ဘာလတုန်းက UNFC ဟာ ပြည်သူလူထုရဲ့ အထင်ကြီး အာရုံစိုက်ခံရမှုကို ရရှိခဲ့တဲ့ အဖွဲ့ အစည်း
ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အချို့နဲ့အပြိုင် UNFC အဖွဲ့ကလည်း ဖွဲ့စည်းပုံကိစ္စကို ရည်ရွယ်ချက်
ကြီးကြီးမားမားနဲ့ လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစခဲ့တဲ့ ဖွဲ့စည်းပုံကိစ္စဟာ လတ်တလော ကာလ မှာတော့
ပြည်သူလူထုစိတ်ဝင်စားမှု အခံရဆုံးစိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါပြီ။ UNFC က လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ
အခြေခံဥပဒေသစ်ရေးဆွဲရေးမူကြမ်း ပြုစုနေပြီလို့တောင် သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
အခုလောလောဆယ်
UNFC က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးပွဲ
လုပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် ဆွေးေ နွးခဲ့
ကြာတာလို့ သိရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အတွေးထဲမှာ UNFC ရဲ့ လုပ်ဆောင်မှုတွေကို
အ မှတ် ထင်ထင်ရှိနေခဲ့တာဖြစ်လို့ ဖွဲ့စည်းပုံအကြောင်း ရေငုံနှုတ်ပိတ်ဖြစ်နေတာကို အားမလိုအားမရ
ဖြစ် မိပါတယ်။
ဒါပေမယ့်
UNFC ဟာ ဖွဲ့စည်းပုံကိစ္စနဲ့ ပတ်သက်ပြီး အပြောသာကြီးခဲ့ပေမယ့် လက်တွေ့မှာ ဘာမှ မလုပ် ကြနိုင်
သေးဘူးဆိုတာ အများက သတိပြုမိလာပြီ ဖြစ်ပါတယ်။ ဒေါက်တာ ဆလိုင်းငွန်ကျုံးလန် နှင့် အင်တာ ဗျူးတစ်ခု
ကို ဖတ်လိုက်ရတော့မှ UNFC ဟာ စက္ကူကျားဖြစ်မှန်း သိခွင့်ရခဲ့ပါတယ်။
UNFC
က အခြေခံဥပဒေကို ပြောင်းလဲပြီးတော့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ တန်းတူညီမျှ ရေးဖော် ဆောင်
ပေးနိုင်မယ့်ဟာကို သွားချင်တယ်လို့ သိရပါတယ်။ ပြီးရင် UNFC ရဲ့ နောက် ဆုံးအစည်း အဝေး မှာ လည်း
၂၀၀၈ ကတည်းက အာဏာခွဲဝေမှုဇယား ၁၊ ၂၊ ၃၊ ၅ နှင့်
သယံဇာတ ခွဲဝေရေးတွေကို ပြင်ချင်တ ယ်လို့ ပြောသွားခဲ့တာ သိရပါတယ်။
ဒီတော့
UNFC ရဲ့ နောက်ဆုံး အတည်ပြုချက်က ဘာလဲ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဖွဲ့စည်းပုံ အ သစ်
ရေးမယ်ပြောပြီးမှ ပြင်ဆင်ချင်တယ်လို့ ပြောလာတော့ ရှေ့နောက်စကား မညီဘူးလို့ အများက သတ် မှတ်ထား
ပြီ ဖြစ်ပါတယ်။ UNFC ဆိုတာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်း ထားတာ
ဖြစ်ပါတယ်။ စပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တဲ့ စကားဟာ အတည်ဖြစ်ဖို့ လိုပါတယ်။
ခု တစ်မျိုးပြော တော်ကြာတစ်မျိုးပြောခြင်းဟာ သိက္ခာရှိတဲ့ လုပ်ရပ် မဟုတ်တဲ့အတွက် UNFC
တစ်ဖွဲ့လုံး အ တွက် အရှက်ရ စေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
UNFC
မှာ ပါဝင်တဲ့ အဖွဲ့(၁၁)ဖွဲ့လုံးမှာရှိတဲ့ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုရော ပါဝင်ခဲ့သလား
မေး စရာ ဖြစ်လာပါပြီ။ အဖွဲ့(၁၁)ဖွဲ့လုံးက ကိုယ်စားလှယ်အဖြစ် လာရောက်ကြတဲ့ လူပုဂ္ဂိုလ်တွေရဲ့
အာဘော် လို့တောင် ထင်မြင်ချက်တွေ ပေးနေကြပါပြီ။ အင်အားနည်းနည်းနဲ့ ကျဲကျဲဝိုင်းထားတဲ့
UNFC ဆိုတာ အိမ် ပြည့်အဖွဲ့တွေ များလို့ အခုလို ကမောက်ကမတွေ ဖြစ်ကုန်တာလို့လည်း ပြောဆိုမှုတွေ
ရှိနေပါတယ်။
UNFC
ရဲ့ လက်တွေ့အကောင်အထည်မဖော်နိုင်တဲ့ စကားတွေကြောင့် တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ် စဲရေး
အတွက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက UNFC နဲ့ ထပ်တွေ့ဆုံညှိနှိုင်းစရာ
မလိုတော့ ဘူးလို့ ပြောထားတာက သက်သေပြနေပါတယ်။ ဒါ့ကြောင့် UNFC အပေါ်မှာလည်း အများက ယုံ ကြည်ဖို့
အတော်ခက်ခဲသွားပြီလို့ ပြောနိုင်ပါတယ်။
ဖွဲ့စည်းပုံကို
ပြင်မှာလား၊ ဒါမှမဟုတ် အသစ်ရေးဆွဲမှာလားဆိုပြီး NLD က လူထုဆန္ဒ ကောက်ခံမှုကို စတင် နေပြီဖြစ်ပါတယ်။
ဒါဆိုရင် ဖွဲ့စည်းပုံအသစ်ဆွဲနေပြီလို့ ပြောခဲ့တဲ့ UNFC ကရော ဘာလုပ်မှာပါလိမ့်။ တစ်ခု ခုတော့
လုပ်ပြဖို့ လိုနေပါပြီ။ ကြားရတဲ့ သတင်းတွေအရတော့ UNFC က ရေးဆွဲဖို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေမူကြမ်းဟာ အမှိုက်ပုံးထဲရောက်သွားပြီဆိုတာပါပဲ။
UNFC
အနေနဲ့ အဖတ်ပြန်ဆယ်ဖို့ လိုပါတယ်။ အစကတည်းက လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်စကားတွေ မ ပြောခဲ့ရင်
ဒီလောက်ထိ သိက္ခာကျစရာအကြောင်း မရှိပါဘူး။ ခုတော့ အပြောနဲ့အလုပ် မညီတဲ့ အဖွဲ့အစ ည်း အဖြစ်
အများက မြင်သွားကြပြီ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး UNFC ဘာလုပ်မလဲ စောင့်ကြည့်ရပါဦးမယ်။
အားလုံးက
တညီတညွှတ်တည်း မှတ်ချက်ပေးလိုက်ကြသလို “ လက်တွေ့မဆန်တဲ့
စိတ်ကူးယဉ်စကား တွေ ကြောင့် ယုံကြည်ဖို့ ခက်ခဲသွားပြီ UNFC ” လို့ပဲ ပြောလိုက်ချင်ပါတော့တယ်ဗျာ။ ။
ကျော်မျိုးထက် (မုဒုံ)

No comments:
Post a Comment