Monday, November 25, 2013

ဂင်းနစ် စံချိန်တင်နိုင်ရန် ၁၅ နိုင်ငံဖြတ်သန်းလမ်းလျှောက်မည့် အိုင်ယာလန်နိုင်ငံသား မန္တလေးမြို့သို့ ခြေလျင်ခရီး ရောက်လာ


Monday, November 25, 2013
အိုင်ယာ လန်နိုင်ငံမှ Mr. Mangan Nory သည် ခြေကျင်လမ်းလျှောက်ခြင်းဖြင့် ဂင်းနစ်စံချိန်တင်ရန် နိုင်ငံ ၁၅ နိုင်ငံကို တောက်လျှောက်ဖြတ် သန်းလမ်းလျှောက်လျက်ရှိရာ ၎င်း၏ မြန်မာ နိုင်ငံအတွင်း လမ်း လျှောက်ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၃ရက်ညက မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိ ရသည်။

Mr. Mangan Nory မှာ အသက် ၅၆နှစ်အရွယ်ရှိပြီး ၎င်း၏လမ်းလျှောက်ခရီးစဉ်ကို မိခင်အိုင်ယာ လန်နိုင် ငံမှ စတင် ထွက်ခွာခြင်းဖြစ်သည်။ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ခြေကျင်ခရီးဖြတ်သန်း လမ်းလျှောက်မည်ဖြစ်ရာ နိုဝင် ဘာ ၆ရက်တွင် ထိုင်းနိုင်ငံမှတစ် ဆင့် မြန်မာနိုင်ငံ မြဝတီမြို့သို့ ရောက်ရှိ ခဲ့သည်။ မြန်မာနိုင်ငံအ တွင်း ခြေကျင်လမ်းလျှောက်ခရီး စဉ်ကို မြဝတီမြို့မှ အိန္ဒိယနယ်စပ် တမူးမြို့အထိ သွားရောက်မည်ဖြစ် ရာ မန္တလေးကို မြို့ရွာပေါင်းများစွာ ဖြတ်သန်းရောက်ရှိလာခြင်းဖြစ်သည်။

''နေပြည်တော်ကနေ ရန် ကုန်-မန္တလေးကားလမ်းဟောင်း အတိုင်း မန္တလေးကိုလျှောက်လာ တာပါ။ မေ န့ညက မြစ်သားမြို့ နယ် သာလွန်ကျေးရွာအထိရောက် လာတယ်။ ဒီနေ့ နိုဝင်ဘာ ၂၃ရက် နံနက် ၆နာရီ ခွဲမှာ သာလွန်က စ ထွက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုဝင်ဘာ ၆ရက်က ဒီဇင်ဘာ ၄ ရက်အထိ ၂၈ရက် တိုးဗီဇာနဲ့ လမ်း လျှောက်လာတာပါ။ ဒီနေ့အထိ ၁၆ရက် လမ်းလျှောက်ပြီးပြီ။ ၁၂ ရက်အတွင်း တမူးအေ ရာက်သွား မှာပါ။ ကျွန်တော်တို့ ကူညီစောင့် ရှောက် မှု ပြုလုပ်ပေးနေပါတယ်'' ဟု ကမ္ဘာလှည့်ခရီးသည် များ စောင့်ရှောက်ရေး တပ်ဖွဲ့၊ မန္တလေး ဌာနခွဲမှ လိုက်ပါစောင့်ရှောက်သူ ဒုရဲအုပ်ကျော်မင်းက ပြောသည်။

Mr. Mangan Nory သည် ကမ္ဘာ့ဂင်းနစ်လမ်းလျှောက်စံချိန် တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံပေါင်း၁၅ နိုင်ငံ၊ ကီလို၅၃၀၀၀ ခရီး လမ်းလျှောက်မည်ဖြစ်ရာ ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံ၊ ကီလို၃၈၀၀၀ လမ်းလျှောက်ခဲ့ပြီးဖြစ်သည်။

Yangon Media Group

No comments: