Monday, November 25, 2013

ကမ္ဘာ့အကြီးဆုံး လူသုံးကုန်နှင့် စားသောက်ကုန်လုပ်ငန်း မြန်မာနိုင်ငံမှ ကုန်ကြမ်းများ အသုံးပြုရန် လေ့လာ


Monday, November 25, 2013
ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ကမ္ဘာ့အကြီးဆုံး လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန် ထုတ်လုပ် ဖြန့် ချိရေး ကုမ္ပဏီ Unilever က ပြည်တွင်း ကုန်ကြမ်းများ အသုံးပြု ထုတ်လုပ်ရန် စမ်းသပ် လေ့လာမှုများ ပြု လုပ်နေကြောင်း Unilever မြန်မာနိုင်ငံဆိုင်ရာ Country Director ဖြစ်သူ ဦးဇော်မျိုးနိုင်က The Voice သို့ ပြောကြားသည်။

“နေကြာဆီနဲ့ လက်ဖက်ပေါ့။ အဲဒါတွေကို လေ့လာနေတယ်။ အစပျိုးတဲ့ လုပ်ငန်း တချို့တော့ လုပ်နေပါပြီ။ တိတိ ကျကျ ရလဒ် မထွက်သေးတဲ့အတွက် လောလောဆယ် အတိအကျတော့ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အင်ဒိုနီးရှားရှိ Unilever ထုတ်ကုန် တစ်ခုဖြစ်သော Bango အမှတ်တံဆိပ် ပဲငံပြာရည် ထုတ် လုပ်ရာတွင် အသုံးပြုရန် မြန်မာနိုင်ငံ အလယ်ပိုင်း ပခုက္ကူနှင့် ရေစကြို ဒေသရှိ တောင်သူများထံမှ ထန်းလျ က်များကို ဝယ်ယူ၍ တစ်လလျှင် ကွန်တိန်နာ နှစ်လုံးခန့် စမ်းသပ် တင်ပို့နေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ Bango အမှတ်တံဆိပ် ပဲငံပြာရည်သည် အင်ဒိုနီးရှား နိုင်ငံတွင် နာမည်ကျော် စားသောက်ကုန် တ စ်ခုဖြစ်ပြီး Unilever ကုမ္ပဏီက ၂၀၀၁ ခုနှစ် ကတည်းက စတင် ထုတ်လုပ် ဖြန့်ချိနေခြင်း ဖြစ်ပြီး ကုန်ကြမ်း ပစ္စည်း အဖြစ် ယခင်က Coconut Sugar ကို အသုံးပြုခဲ့ကြောင်း Unilever ကုမ္ပဏီထံမှ သိရှိရသည်။

ဗြိတိန်နှင့် နယ်သာလန် နိုင်ငံတို့တွင် အခြေစိုက်ထားသော Unilever ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး လူသုံး ကုန်နှင့် စားသောက်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး အမှတ်တံဆိပ် စုစုပေါင်း ၄၀၀ ခန့်ကို နိုင်ငံ ၁၀၀ ခန့်တွင် ထုတ်လုပ်၍ နိုင်ငံပေါင်း ၁၈၀ ခန့်တွင် ရောင်းချနေသည်။

The Voice Weekly

No comments: