Monday, February 03, 2014
ကလေးများ အကြိုက် ဂျယ်လီများကိုအရသာ အမျိုးမျိုး ဖန်တီး ထုတ်ဝေလျက် ရှိသော Jelly Belly ကုမ္ပဏီသည် ဘီယာ အရသာ ဂျယ်လီအားအသစ် ထုတ်ဝေခဲ့ရာအချို့ မိဘများက အဆိုပါ ခါးသက်သက် အရသာအား သဘော မတွေ့ခဲ့ကြောင်း သိရသည်။
Jelly Belly ကုမ္ပဏီသည် မကြာသေးမီက ထုတ်ဝေခဲ့သော ကိုလာ အရသာ၊ ချောကလက်အရသာ အပါအဝင် သွားရေ ကျစရာ အရသာပေါင်း ၁ဝဝ ကျော်အား ထုတ်လုပ် ဖြန့်ချိခဲ့သည်။
အဆိုပါ အသစ်ထုတ်ဝေသည့် ဘီယာအရသာထဲတွင် အယ်(လ်)ကိုဟော မပါဝင်ကြောင်းနှင့် အရွယ် ရောက်ပြီးသူများ အတွက် ရည်ရွယ် ထုတ်ဝေကြောင်း ကုမ္ပဏီက ဆိုထားသော်လည်း ကလေးမိဘများကြား
ဝေဖန်စရာ ဖြစ်ခဲ့သည်။
Jelly Belly ကုမ္ပဏီက ကလေးတွေရဲ့ မိတ်ဆွေ မဖြစ်သင့် တော့ဘူး။ အယ်(လ်)ကိုဟော ပါတဲ့ အရသာကို ကလေးတွေကို မြည်းစမ်းခိုင်းဖို့ မသင့်ဘူး။ သူတို့ အစား ရှက်မိတယ်” ဟု မိဘ တစ်ဦး က ဆိုသည်။ သို့ရာတွင် ဘီယာ အရသာ အား အခြေခံ ထားသော အခြားသော စားသောက်ကုန် ပစ္စည်းများမှာ ဈေးကွက်အတွင်း၌ ဖြန့်ဖြူး ရောင်းချလျက် ရှိသောကြောင့် ၄င်းကိစ္စမှာ အဆန်းတကြယ် ကိစ္စ မဟုတ်ကြောင်း အချို့က ဆိုသည်။
ဘီယာအရသာသစ် ဂျယ်လီအား အရွယ်ရောက်ပြီး သူများအတွက်သာ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း Jelly Belly က တုံ့ပြန် ပြောဆိုခဲ့သည်။
TW
Ref:abc

No comments:
Post a Comment