Tuesday, April 08, 2014
ငြိမ်းငြိမ်းချမ်းချမ်းနေတတ်ကြတဲ့ ကရင်လူမျိုးအုပ်စု တစုဟာ မြန်မာစစ်တပ်ရဲ့ ရန်ကြောင့် ထွက်ပြေး တိမ်းရှောင်လာခဲ့ရင်း ထိုင်း-မြန်မာနယ် ဒုက္ခသည်စခန်းတွေကနေ အမေရိကန် ပြည်ထောင်စုက City Heights ကို ရွှေ့ပြောင်းအခြေစိုက်ရောက် လာကြရင်း နေထိုင်လာခဲ့ကြတယ်။
အမေရိကန်ရောက်လာခဲ့ပေမယ့် အဲဒီ ကရင်လူမျိုးတွေမှာ ဆက်ပြီး ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေရှိနေပါ တယ်။ အဲဒါကတော့ ဒေသခံ အမေရိကန် ဂိုဏ်းတွေပါဘဲတဲ့။
အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်တွေအဖြစ်နေရတဲ့ သူတို့ဟာ အဲဒီ အမေရိကန် ဂိုဏ်းတွေရဲ့ ပစ်မှတ် အဖြစ် အမျိုး မျိုး ဒုက္ခပေးတာ ခံလာရတော့ ကရင်လူမျိုးတွေ ညီညီညွတ်ညွတ်နဲ့ ပြန်လည် တွန်းလှန်လိုက်ကြပါတယ်။ အမေရိကန်ရောက်လာခဲ့ပေမယ့် အဲဒီ ကရင်လူမျိုးတွေမှာ ဆက်ပြီး ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေရှိနေပါ တယ်။ အဲဒါကတော့ ဒေသခံ အမေရိကန် ဂိုဏ်းတွေပါဘဲတဲ့။
ဒီအခြေအနေကို ၂ဝ၁၂ ခုနှစ်က အောက်ပါ ယူကျု သတင်းဖော်ပြချက်မှာ မြင်တွေ့ရပါလိမ့်မယ်။
အဲဒီလို အမေရိကန် ဂိုဏ်းတွေကို အံတု တိုက်ခိုက်ရင်ဆိုင်ပြီးနောက်ပိုင်း သူတို့သတ္တိကို နားလည်သွားကြ တယ်လို့ သိရပါ တယ်။ ကရင်လူမျိုး ၃ဝဝ ကျော်လောက်ဟာ San Diego မှာ လက်ရှိနေထိုင်ကြပါတယ်။
irrawaddy
No comments:
Post a Comment