Thursday, January 15, 2015
နတ်မောက်မြို့တွင် ကျင်းပ မည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်မွေးနေ့ပွဲသို့ လာရောက် ဆင်နွှဲကြမည့် အနယ် နယ်အရပ် ရပ်မှ ဧည့်များနေထိုင် စားသောက် ရေး အခက် အခဲတွေ့နိုင်သည်ဟု ပွဲဖြစ်မြောက်ရေး ကော် မတီအတွင်း ရေးမှူး ဒေါက်တာစိုးမင်းက ပြော သည်။
နတ်မောက်မြို့တွင် ကျင်းပ မည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်မွေးနေ့ပွဲသို့ လာရောက် ဆင်နွှဲကြမည့် အနယ် နယ်အရပ် ရပ်မှ ဧည့်များနေထိုင် စားသောက် ရေး အခက် အခဲတွေ့နိုင်သည်ဟု ပွဲဖြစ်မြောက်ရေး ကော် မတီအတွင်း ရေးမှူး ဒေါက်တာစိုးမင်းက ပြော သည်။
”ကျွန်တော်တို့ကို လာမယ်လို့ အကြောင်းကြား ထားသူတွေက အဖွဲ့အစည်း တော်တော်များများ ရှိတယ်၊ ဆရာတော် သံဃာတော် တွေ ပါလာကြမယ်၊ ဒီမြို့မှာက တည်းခိုခန်း ကလည်း မရှိဘူး၊ နေ ထိုင်ဖို့ကို ဘုန်းတော်ကြီးကျောင်း တွေမှာ စီစဉ် ထားရတယ်၊ ထမင်း ဆိုင်၊ လက်ဖက်ရည် ဆိုင်ဆိုလို့ ရှိ ရင်လည်း ၂ ဆိုင် ၃ ဆိုင်ပဲ ရှိတော့ လူ ၁ဝဝ၊ ၁၅ဝ လောက် ရောင်း လိုက်ရင် ပြတ်သွားမယ်၊ ပိုက်ဆံရှိ လျက်နဲ့ ဝယ်စားမရ ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ဒေါက်တာစိုး မင်း က ပြောကြားခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် ကျရောက်သော ဗိုလ်ချုပ် အောင်ဆန်း၏ ရာပြည့် မွေးနေ့ပွဲ ကို မွေးဇာတိ နတ်မောက်မြို့၌ ကျင်းပမည်ဖြစ်ရာ စာပေဂီတ ဇာတ် သဘင်နှင့် တိုင်းရင်းသား ယဉ်ကျေး မှုအဖွဲ့များစသည်ဖြင့်ကဏ္ဍပေါင်း စုံမှ လာရောက်ဆင်နွှဲမည် ဖြစ် သည်။
ပွဲတော် ကျင်းပမည့်ရက်တွင် စားသောက်ရေး အဆင်ပြေစေ နိုင်ရန်မြို့ပေါ် ရပ်ကွက်များသို့ ထ မင်းထုပ်များ အလှူခံ၍ ဖြေရှင်း သွားရန် စီစဉ်ထားသည်ဟု ဆိုပါ သည်။
နေထိုင်ရေး အတွက် ယာယီ တည်းကျောင်းများ ဆောက်လုပ် ၍ တည်းခိုရေး လုပ်ငန်း လုပ်ကိုင်မည့်သူ ရှိသော်လည်း အုပ်ချုပ်ရေးပိုင်းမှ ခွင့်ပြုမိန့် ရမှသာ အဆင် ပြေ မည် ဟု သိရသည်။ မြို့ခံလူထု အနေဖြင့် မိမိတို့အိမ်များတွင် ဧည့် သည်များ လက်ခံ ထားနိုင်ရေးကို မေတ္တာ ရပ်ခံထားမည်ဟု ဆိုပါသည်။
မကွေး၊ တောင်တွင်း စသော မြို့များမှ သောက်ရေသန့် စက်ရုံ ပိုင်ရှင်များ အနေနှင့်လည်း သောက် သုံးရေများ အတွက် လှူဒါန်းစေလို သည်ဟု ပြောပါသည်။ ရာပြည့်ပွဲ ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ ဗိုလ်ချုပ် မွေးနေ့ ဖြစ် သော ၁၃ ရက်နေ့ထိ ကျင်းပမည် ဖြစ်ရာ ကဗျာ ရွတ်ဆိုပွဲများ၊ ဆိုင်း၊ အငြိမ့်၊ ဇာတ်သဘင် ဂီတဖျော်ဖြေ ပွဲများ၊ တိုင်းရင်းသား ရိုးရာပြခန်း၊ ကကွက်များ စသည်ဖြင့် အခန်း ကဏ္ဍ စုံစုံလင်လင်ဖြင့် ကျင်းပသွား မည်ဟု သတင်း ရရှိပါသည်။
Popular Myanmar News Journal
No comments:
Post a Comment