Wednesday, January 7, 2015
မလေးရှားနိုင်ငံ ပီနန်းပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ မြန်မာဆိုသူ ၁၁ဦးထဲက ခြောက်ဦးကို လူသတ်မှုနဲ့ တရားစွဲဆိုလိုက်ပြီလို့ မလေးရှားသတင်းဌာနတစ်ခု ဖြစ်တဲ့ The Star Online သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ကျန်ငါးဦးကိုလည်း သက်သေ အထောက်အထားများကို ရှာဖွေပြီး လူသတ်မှုနဲ့ တရားစွဲဆိုနိုင်ဖို့ မျှော်လင့်တယ်ဆိုပြီး ပီနန်းပြည်နယ် ရဲချုပ် Datuk Abdul Rahim Hanafi က မလေးရှားမီဒီယာတွေကို ဇန်နဝါရီလ ၆ရက်နေ့မှာ ပြောဆိုလိုက်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်က ပီနန်းပြည်နယ်မှာ အနည်းဆုံး မြန်မာ ၁၈ဦး သတ်ဖြတ်ခံခဲ့ရပြီး အဲဒီလူသတ်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးမှုများစွာကို ပြုလုပ်ခဲ့တယ်လို့ The Star Online သတင်းမှာ ဖော်ပြပါတယ်။
The Voice Weekly
No comments:
Post a Comment