Thursday, January 8, 2015
အခု UNFC အဖွဲ့ရဲ့ အတွင်းရေးမှုးဆိုတဲ့ ရာထူးကြီးယူပြီး မိန့်မိန့်ကြီးလုပ်နေတဲ့ ခွန်ဥက္ကာကိုသတင်းတွေထဲမှာမြင်တော့ စစ်အစိုးရ လက်ထက်တုန်းက တစ်နိုင်ငံလုံး ရှိသမျှလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ကြတော့ ငြိမ်းချမ်းရေးမလိုချင် ဘူး ဘာညာနဲ့ PNLO ကနေထွက်ပြေး၊ စားစရာမရှိ သောက်စရာမရှိလို့ ကရင်ပြည်နယ်၊ မာနယ်ပလောနယ်ထဲ က KNU စခန်းမှာ ခိုလှုံပါရစေ ဆိုပြီး မျက်စေ့သူငယ် နားသူ ငယ်နဲ့ ဖြစ်နေရှာတဲ့ ခွန်ဥက္ကာပုံကို ပြန်မြင်ယောင်မိတယ်။
အဲဒီတုန်း က မ ခုတ် တတ်တဲ့ကြောင်လို သမားကမားရုပ်ကလေးနဲ့ မာနယ်ပလောထဲရောက်လာတဲ့ မောင်ခွန်ဥက္ကာကို KNU ကလည်း သနားလို့ တဲလေးဆောက်ပေးပြီးကျွေးမွေးထား ရတာပေါ့။ အခုတော့လဲ လူတစ်လုံးသူတစ်လုံးဖြစ်လို့ ဘယ်သူပေးထားမှန်းမသိတဲ့ ဗိုလ်မှုးကြီးဆိုတဲ့ရာထူးနဲ့ UNFC ထဲမှာ ခပ်တည်တည်ကြီး လုပ်နေတာမြင်တော့ ကျုပ် တောင် တော်တော်အံ့သြသွားရတယ်။အခု UNFC အဖွဲ့ရဲ့ အတွင်းရေးမှုးဆိုတဲ့ ရာထူးကြီးယူပြီး မိန့်မိန့်ကြီးလုပ်နေတဲ့ ခွန်ဥက္ကာကိုသတင်းတွေထဲမှာမြင်တော့ စစ်အစိုးရ လက်ထက်တုန်းက တစ်နိုင်ငံလုံး ရှိသမျှလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ကြတော့ ငြိမ်းချမ်းရေးမလိုချင် ဘူး ဘာညာနဲ့ PNLO ကနေထွက်ပြေး၊ စားစရာမရှိ သောက်စရာမရှိလို့ ကရင်ပြည်နယ်၊ မာနယ်ပလောနယ်ထဲ က KNU စခန်းမှာ ခိုလှုံပါရစေ ဆိုပြီး မျက်စေ့သူငယ် နားသူ ငယ်နဲ့ ဖြစ်နေရှာတဲ့ ခွန်ဥက္ကာပုံကို ပြန်မြင်ယောင်မိတယ်။
နှစ် ၆၀လောက် အစိုးရကိုခံချလာတဲ့ KNU လည်းငြိမ်းချမ်းရေးဆိုတာနားလည် သွားပြီ။ ဖထီးမူတူးကိုယ်တိုင် သမ္မတ ရယ်၊ ကာချုပ်ရယ်နဲ့အကြိမ်ကြိမ်တွေ့နေပြီ။ ခွန်ဥက္ကာနဲ့ KNU ရဲ့ပြဿနာက အဲဒီမှာစတယ်ထင်တာပဲ။ UNFC ဆိုတာ အစကတော့ ဟုတ်မ လိုလိုနဲ့နောက်တော့လဲ ပရောဂမှန်ရင်တုန်ဆင်းလာတာပဲလေ။ KIA အင်ဘန်လကြီးက ဥက္ကဌဆိုပြီး UNFC ကိုချုပ်ထားတော့ ငြိမ်းချမ်းမယ့်အရေးမှန်သမျှ UNFC ကအကုန်ဝင်နှောက်နေတော့တာပေါ့။ အစကတည်းက ဘာနိုင်ငံရေးခံယူ ချက် မှမရှိတဲ့ ခွန်ဥက္ကာကို UNFC မှာမြေတောင်မြှောက်ပေးပြီး KIA ကကြိုးဆွဲထား လိုက်တော့ KNU လည်းတော်တော်တင်းသွားတယ်။ UNFC ဟာငြိမ်းချမ်းရေး မယူချင်ဘူးဆိုတာသိသွားတာကတစ်ကြောင်း၊ UNFC ဆိုတာ KIA က အုပ်ထားတဲ့ ယောင်ပြအုပ်စုကြီးဆိုတာ သိသွားတာကတစ်ကြောင်း၊ အဆိုးဆုံးကတော့ KNU က ကျွေးမွေးခဲ့လို့ လူလိုသူလိုဖြစ်လာတဲ့ ခွန်ဥက္ကာကြီးက အတွင်းရေးမှုးဆိုပြီး KIA ပြောခိုင်းသမျှတွေကို စကားကြီး စကားကျယ်တွေ ပြောနေတော့ KNU အနေနဲ့ တော်တော်ကိုခံပြင်းသွားတာပေါ့။ နောက်ဆုံး ငြိမ်းချမ်းရေးလိုလားတဲ့ KNU လဲ UNFC ကနေထွက်သွားတဲ့အထိကို ရုပ်ပျက်ဆင်းပျက်ဖြစ်ရတာပေါ့။ UNFC လည်း နိုင်ငံရေးအရကြည့်ရင် သိက္ခာတော်တော်ကျစရာဆိုပေမယ့် အစကတည်းက KIA တို့၊ ခွန်ဥက္ကာတို့က ငြိမ်းချမ်းရေးမှ မလိုချင်ဘူးဆိုတော့လည်း အရှက်နည်းစွာနဲ့ ခပ်တည်တည်ဆက်နေတာပေါ့ဗျာ။
ခွန်ဥက္ကာကို KIA က ခိုင်းချင်တိုင်းခိုင်းလို့ရသလားလို့မေးရင်လည်းမေးလို့ရတယ်။ ပြောရရင်တော့ ခွန်ဥက္ကာဆိုတာက ဘာနိုင်ငံရေးသမား၊ ဘာစစ်သားမှမဟုတ်ဘူး၊ စီးပွားရေးသမားစစ်စစ်။ ပိုက်ဆံသာရရင် ဘနဖူး သိုက်တူးမယ့်လူ။ ငြိမ်းချမ်းရေးတွေ မငြိမ်းချမ်းရေးတွေ သူနားမလည်ဘူး။ ပအို့ဝ်ကလည်း သူ့ကိုတော်တော်ချဉ်နေတာ။ PNLO ဆိုတဲ့နာမည်ကြီးကို မောင်ပိုင်စီးပြီးလုပ်စားနေတာကိုး။ ဗိုလ်မှုးကြီးဆိုလို့လဲ အထင်မကြီးနဲ့အုံး၊ ခွန်ဥက္ကာနောက်မှာ ရဲဘော်တစ်ယောက်တောင်ရှိတာမဟုတ်။ သူပဲဗိုလ်မှုးကြီး သူပဲရဲဘော်။ UNFC ထဲလုပ်စားလို့ကောင်းအောင် အချင်းချင်းပြန် တင်ထားတဲ့ရာထူး၊ နောက်မှာဘာတပ်မှလဲမရှိ၊ ဘယ်ပအို့ဝ်ကိုမှလည်း ကိုယ်စားပြု တာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် KIA ကမြှောက်ပေးပြီး စင်ပေါ်တင်ဘို့အတွက် တစ်ဖက်လှည့်လုပ်ထားတဲ့ ရာထူးပဲ။ အခုဆို ပအို့ဝ်တွေက နယ်မြေဖွံ့ဖြိုးရေးတွေ အပြင်း အထန်လုပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်လုပ်ဘို့ ကြိုးစားနေကြပြီ။ ခွန်ဥက္ကာကတော့ ဗိုလ်မှုးကြီးဆိုပြီး UNFC ထဲမှာ KIA ပေးတာကျွေးတာ စားပြီးခိုင်း တာလုပ်နေတုန်း။ အရင်ကတည်းက PNLO ငြိမ်းချမ်းရေးယူတော့ ခွန်ဥက္ကာ ထွက်ပြေးသွားတာကို ခုချိန်ထိ ပအို့ဝ်တွေက ကျေနပ်တာမဟုတ်ဘူး။
အဲဒီ တုန်း က မာနယ်ပလောကိုပြေး၊ နောက်တော့ ဟိုချိတ်ဒီချိတ်နဲ့ မဲဆောက် ဘက်ရောက်သွားပြီး၊ ခုံးလေးတစ်လုံးချ ရုံးခန်းလေးတစ်ခန်းဖွင့်ပြီး ရူးသလိုပေါ
သ လိုနေနေရတာ။ နောက်တော့လဲ အခြေနေမကောင်းတော့ ထိုင်းနိုင်ငံသား ခံယူသွားရတာ။ အခု ဗိုလ်မှုးကြီးခွန်ဥက္ကာဆိုပြီး ဘုမသိဘမသိ အထင်ကြီးနေကြတဲ့ လူတွေလဲ မှတ်ထား ခွန်ဥက္ကာ ဆိုတာ မြန်မာနိုင်ငံသားမဟုတ်ဘူး၊ ထိုင်းနိုင်ငံသား စစ်စစ်ကြီး။ နောက်တစ်ခုက KIA ကပေးတာယူလိုက်၊ တရုတ်က ပေးတာယူလိုက်၊ အမေရိကန်ပေးတာယူလိုက်နဲ့ ဒီစကားဟိုပို့ ဟိုစကားဒီပို့လုပ်နေရတာကလဲ အကြောင်းရှိတယ်။
တခြားတော့မဟုတ်ဘူး သူ့မှာလည်း နှစ်ဆောင်ပြိုင်မီးတစ်ခါတည်း ညှိထားရတာ ကိုး။ မိန်းမက နှစ်ယောက်ယူထား ရတာ။ နှစ်ယောက်စာလဲရှာရသေး။ မယားနှစ်ယောက် ကြားလဲ ဗျာများရသေးတာကိုး။ ကျွတ်ကျွတ်…..တရုတ်ကို လည်း ခဏခဏညာရ၊ အမေရိကန်လာရင်လဲ သွားဖြီးပြရ၊ အစိုးရနဲ့တွေ့ရင်လည်း လူမိုက်လုပ်ရ၊ KIA ရှေ့ရောက်ရင်လည်း သနားကမားလုပ်ရ၊ သူ့ခမျာလည်း ပိုက်ဆံရလို့သာလုပ်နေရတာ ငွေရွှင်တာကလွဲရင် အခြေအနေ က ကောင်းလှတယ် မဟုတ်ဘူး၊ မယားကနှစ်ယောက်၊ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရ၊ အစိုးရရှေ့ ရောက်ရင်လည်း လူတတ်ကြီးပုံစံဖမ်းရ၊ ပအို့ဝ်ကလည်းမကြည်၊ ဗိုလ်မှုးကြီးဆိုပြီး ဘာတပ်မှလည်းမရှိနဲ့ တော်တော်ပင်ပန်းလှပြီ။ အသက်ကလည်းကြီးပြီ၊ စုမိဆောင်းမိလဲရှိပြီ လောကစည်းစိမ်တွေလည်းခံစားပြီးပြီဆိုတော့၊ မောင်ခွန်ဥက္ကာ တစ် ယောက်ကို အနားပေးသင့်ပါပြီ။
ပင်ပန်းနေပြီဖြစ်တဲ့သူ့ကိုဒီအတိုင်းမထားပါနဲ့တော့ လားပင်စင်သာ ပေးလိုက်ပါတော့ လို့ ဂရုဏာဒေါသောနဲ့ ပြောလိုက်ရပါတယ်ဗျာ။
စောသာဒိုး
No comments:
Post a Comment