Tuesday, January 20, 2015

မန်းရွှေစက်တော် ဘုရားပွဲကာလ အခမဲ့ဖြတ်နိုင်သည့် လှေတင်တံတား ၂စင်းထား မည်

Tuesday, January 20, 2015

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲကာလ အတွင်း အခမဲ့ ဖြတ်သန်းနိုင်ရေး အတွက် ယာယီတံတားနှစ်စင်းတည်ဆောက်ပေး ထားကြောင်း ဇန်နဝါရီလမှ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ရွှေစက်တော်ဘုရားဂေါ ပကအဖွဲ့မှ သိရှိရသည်။


ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှ ဧပြီလ ၂၀ ရက်နေ့ထိ ၈၄ ရက်ကြာ ကျင်းပမည့် ဘုရားပွဲတော်ကာလအတွင်း ၃ မိုင်လမ်း အဆုံးဖြစ်သည့် မန်းချောင်းကိုဖြတ်သန်း သည့်နေရာတွင် အသွား/အပြန် တံတား ၂ စင်း(ယာယီ)ကို တည်ဆောက်ပေး ထားခြင်းဖြစ်သည်။

“ဒီနှစ်ကစပြီး ကားတွေကို ဖြတ်သန်းခ မကောက်ခံတော့ဘဲ အခမဲ့ပါ။ ဘုရားကြီးကငွေနဲ့ အကုန်အကျခံပြီး လှေတင်တံတားကို အသွား၊ အပြန် တံတား ၂ စင်းတည်ဆောက်ပေးထားပါတယ်။ ဒီနှစ်တွေမှာ မော်တော် ယာဉ် တွေက ပေါများလာတော့သွားလာမှုအဆင်ပြေစေဖို့ပါ။” ဟု မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး၊ရွှေစက်တော် ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးခင်မောင်မြင့်က ပြောသည်။

ဘုရားပွဲကာလအတွင်း ယခင်နှစ်များ၌ လေလံအောင်မြင်သည့် လုပ်ငန်းရှင်မှ တည်ဆောက်ရသော်လည်း ယခု အခါ ဘုရားဂေါပကအဖွဲ့မှ မန်းချောင်းကို ဖြတ်သန်းသည့် အရှည် ပေ ၃၀ အကျယ် ၁၅ ပေရှိ ယာယီ တံတား ၂ စင်းကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ရွှေစက်တော်ဘုရားပွဲကာလမှာ မော်တော်ယာဉ်လိုင်းပြေးဆွဲ တာနှစ်ကြာ ပါ ပြီ။ တံတား ၁ စင်းပဲ ရှိခဲ့တော့ တစ်ဖက်နဲ့ တစ်ဖက်စောင့်ပြီး ကားတွေပိတ်ဆို့ခဲ့ တယ်။ ယခင်နှစ်က ဘုရားတစ်ခေါက်ကို လမ်းကြေး၊ တံတားကြေးအသွားအပြန် ၇၀၀၀ လောက်ကျတယ်။ ဒီနှစ်မှာ လှေတင်တံတားကြေး အခမဲ့ဖြတ်သန်းခွင့်ပြု တာ ဘုရားဖူးလာတဲ့ မော်တော်ယာဉ်တွေ အဆင်ပြေတာပေါ့ဗျာ။”ဟု ယာဉ်မောင်း ကိုပြည့်စုံက ပြောသည်။

အဆိုပါ လှေတင်တံတားဂိတ်တွင် တံတားဖြတ်သန်းခမှာ မော်တော်ယာဉ်လိုင်းမှ ကားတစ်စီးလျှင် ၂၀၀၀ မှ ၃၀၀၀ ကျပ်အထိ ပေးဆောင်ရလေ့ရှိပြီး နယ်မှလာသည့် ဘုရားဖူးကားများဆိုပါက ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် အထိ ပေးဆောင်ရလေ့ရှိကာ စနေ၊တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် တစ်ရက်လျှင် ယာဉ်စီးရေ ၅၀၀ ကျော် ဖြတ်သန်းလေ့ရှိကာ သာမန်ရက်များတွင်မူ အစီး ၁၀၀ ခန့် ဖြတ်သန်းလေ့ရှိသဖြင့် တံတားဖြတ်သန်း နေစဉ် ယာဉ်ကြောများ ပိတ်ဆို့လေ့ရှိခဲ့ကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments: