Thursday, January 08, 2015

သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုနေ့အပစ်ရပ်ရေး လက်မှတ်ထိုးရန်ကမ်းလှမ်းမှု ရိုး သားဖို့လိုဟု KIA တိုက်တွန်း

Thursday, January 8, 2015

နိုင်ငံတော်သမ္မတဦးသိန်းစိန် ၏ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးရန် ကမ်းလှမ်းမှုအား ရိုးသားဖို့လို ကြောင်း ကချင်လွတ်မြောက်ရေးတပ်မ တော်(KIA)၏ နည်းပညာအထောက် အကူပြုအဖွဲ့မှ ဦးဒေါင်းခါးက ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ဇန်နဝါရီ ၇ရက်က ပြောသည်။


ထို့ပြင် ယင်းသို့သောကမ်းလှမ်း မှုများပြုလုပ်ရာတွင် စစ်ရေး၊ စစ်ဗျူ ဟာများကိုအသုံးပြုပြီး မတည်ဆောက် ဘဲ အစိုးရအဖွဲ့အနေဖြင့် ရိုးရိုးသား သားတည်ဆောက်ရန် လိုအပ်သည်ဟု ၄င်းက ဆိုသည်။

''သမ္မတကြီးအနေနဲ့ ပြည်ထောင် စုနေ့မှာ တစ်နိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ရေးထိုးနိုင်ရန် အားလုံးပါဝင် ဖို့တိုက်တွန်းချက်ဟာ ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည် ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုရင် စစ်ရေး၊ စစ်ဗျူဟာတွေကို အသုံးပြုပြီး မတည်ဆောက်သင့်ဘူး။ တိုင်းရင်းသား တွေအပေါ်မှာ ရိုးရိုးသားသားဆက် ဆံပြီးတော့ပဲ တည်ဆောက်သင့်တယ် လို့ မြင်ပါတယ်'' ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် အစိုးရတပ်မတော်တို့အကြား တိုက် ပွဲများဖြစ်ပွားနေခြင်းကြောင့် တိုင်းရင်း သားလက်နက်ကိုင် ၁၂ဖွဲ့ဖြင့်တွေ့ဆုံ စဉ် နှစ်ပေါင်း ၆ဝကျော် ပစ်ခတ်တိုက် ခိုက်မှုများကို ရပ်ဆိုင်းပစ်ရန် လိုအပ် ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ ပြု လုပ်နေသော်လည်း ပစ်ခတ်တိုက်ခိုက် မှုများကို ထိန်းသိမ်းမထားနိုင်လျှင် ဆွေး နွေးပွဲများကို နောက်ပြန်ဆွဲသလိုဖြစ်နိုင် ကြောင်း၊ ထို့ကြောင့် ပစ်ခတ်တိုက်ခိုက် မှုများ အမြန်ဆုံးရပ်စဲရန်နှင့် ပစ်ခတ် တိုက်ခိုက်မှုများ မဖြစ်ပွားစေရန် အ တွက် စောင့်ကြပ်ထိန်းသိမ်းသွားမည့် အဖွဲ့များကို အမြန်ဆုံးဖွဲ့စည်းဆောင် ရွက်သွားရန် လိုအပ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်အောင်မြင် မြင်ကျင်းပနိုင်ရန် ဝိုင်းဝန်းကြိုးစားသွား ရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက် ကိုင် ၁၂ ဖွဲ့ဖြင့် ဇန်နဝါရီ ၅ရက်က နေ ပြည်တော်၌တွေ့ဆုံစဉ် တိုက်တွန်းပြော ကြားခဲ့ကြောင်း သိရသည်။

''ပြည်ထောင်စုနေ့မှာ သမ္မတကြီး မျှော်လင့်ထားတဲ့အတိုင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ရန် ကျွန်တော်တို့ဘက်က အ တတ်နိုင်ဆုံး ကြိုးစားသွားမယ်။ စစ် မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ ပြင်းပြင်းထန်ထန် လုပ်ရမယ်။ လက် မှတ်ရေးထိုးတဲ့နေရာမှာလဲ ဟိုလူကျန်၊ ဒီလူကျန်ဖြစ်လို့မရဘူး။ အားလုံးပါဝင် လာအောင် တိုက်တွန်းသွားမယ်''ဟု အစိုးရနှင့် အပစ်ရပ်ရေးလက်မှတ်ရေး ထိုးထားသော ပအိုဝ့်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (PNLO)ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။

ဇန်နဝါရီ ၅ရက်က နေပြည်တော် တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မှာ KNU, UWSA(0)၊ NDAA(မိုင်း လား)၊ KNU (ဌေးအောင်)အဖွဲ့၊ KNU (စောလားဘွယ်)အဖွဲ့၊ NMSP (မွန်)၊ ABSDF, SSA (ဝမ်းဟိုင်)၊ှဗ (ရွက် ဆစ်)အဖွဲ့၊ ALP, PNLO, NSCN (K) စသည့် အဖွဲ့အစည်းများပါဝင်ခဲ့ ကြောင်း သိရသည်။

TheYangonTimes

Yangon Media Group

No comments: